အမေရိကန်ရွေးကောက်ပွဲတွင် ကြားနေအဖြစ်သာနေလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် ခရစ္စပတ်
Pika (NSS) - နိုဝင်ဘာ ၆
ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာဟားရစ် နှင့် ရီပတ်ဘလစ်ကန်သမ္မတလောင်းဒေါ်နယ်ထရမ့်တို့၏ ရွေးကောက်ပွဲတွင် မည်သူ့ကိုမှဘက်လိုက်ခြင်းမျိုးမရှိဘဲ ကြားနေအဖြစ်သာ နေလိုကြောင်း Guardians Of The Galaxy ဇာတ်ကား၏ နာမည်ကျော်သရုပ်ဆောင် ခရစ္စပရတ်က ထုတ်ဖော်ပြောဆိုခဲ့သည်။
အဆိုပါထုတ်ဖော်ပြောဆိုချက်များကြောင့် ခရစ္စပရတ်သည် လူအများအပြား၏ ဝေဖန်မှုများကို ခံနေရကြောင်းလည်း သိရသည်။ အသက်(၄၅)နှစ်အရွယ် ခရစ္စပရတ်က "ဒီရွေး ကောက်ပွဲကို အနိုင်ရရှိတဲ့လူက ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးက အမေရိကန်ရဲ့ နိုင်ငံသားတွေဖြစ်တယ်ဆိုတာကို ပြည်သူတွေကို သတိပေးချင်ပါတယ်။ ဒါပေမဲ့ ဒီရွေး ကောက်ပွဲမှာ ဘယ်သူ့ကိုအနိုင်ရရှိစေချင်တယ်၊ ဘယ်သူ့ကို ရှုံးနိမ့်စေချင်တယ်ဆိုပြီး လိုက်တွေးတာမျိုးဟာ ကျွန်တော်တို့က ဒီနိုင်ငံသားဖြစ်တယ်ဆိုတဲ့အချက်ကို မျက်ကွယ်ပြုနေတာမျိုးပဲဖြစ်ပါတယ်"ဟု ပြောဆိုခဲ့သည်။
Reddit ဝက်ဘ်ဆိုက်ပေါ်ရှိ အသုံးပြုသူအများအပြားသည် ခရစ္စပရတ်၏ ပြောဆိုချက်များကို ပြစ်တင်ရှုတ်ချခဲ့ကြပြီး ၎င်း၏အပြုသဘောဆောင်သောနိုင်ငံရေးပြောဆိုချက်များမှာ တန်ဖိုးမဲ့သောပြောဆိုချက်များသာဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့ကြသည်။Reddit အသုံးပြုသူတစ်ဦးက"တော်လိုက်စမ်းပါ ခရစ္စပတ်၊၊ဘယ်သူကမှ ဒီလိုအသုံးမကျတဲ့ သဘောထားတွေကို မလိုအပ်ဘူး။"ဟုရေးသားဖော်ပြခဲ့သည်။
အခြားအသုံးပြုသူတစ်ဦးက "ဟုတ်ပြီ ခရစ္စပတ်။ မဲပေးဖို့အတွက် ထိုက်တန်တဲ့ ဒေါ်နယ်ထရမ့်ပါတီဘက်က အကြောင်းတစ်ခုကိုပဲ ပြောပြပါ ဒါမှမဟုတ် မဲပေးဖို့အတွက်ထိုက်တန်တဲ့ နှစ်ဘက်စလုံးက အကြောင်းအရာတစ်ခုကိုပဲပြောပြပါ"ဟု ဝေဖန်ပြောဆိုခဲ့သည်။ ထို့ပြင် အခြားဝေဖန်သူများကလည်း အမေရိကန်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ခရစ္စပတ်၏ကြားနေမှုအတွက် စိတ်မကောင်းဖြစ်မိကြောင်း ဝေဖန်ပြောဆိုခဲ့ကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
RELATED POSTS
06 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
06 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
31 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ