Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စဉ့်ကူးမှ ဒုက္ခများ . . . (အင်တာဗျူး)

သုတကျော် (NSS) - ဩဂုတ် ၁ 

စဉ့်ကူးမြို့နယ်အတွင်းနှင့် မြို့ကို ဇွန်လဆန်းပိုင်းမှစတင်ကာ MDY-PDF က စတင် တိုက် ခိုက်ရာမှ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူအများအပြားမှာ စစ်ဘေးကို ရုတ်တရက်တွေ့ကြုံပြီး စစ်ဘေးရှောင်ဘဝကို ရောက်ရှိသွားကြသည့်အပြင် စစ်ဘေးမရှောင်ရသော ပြည်သူများမှာလည်း ကျီးလန့်စာစားဘဝဖြင့် နေထိုင်နေကြရသည်။ ခေါင်းပေါ်ဝဲလာမည့်ကျည်ကိုရှောင်ရင်းရှားရင်ပင် ကုန်ဈေးနှုန်းတက်လာခြင်းကို ကြုံနေရပြီး စီးပွားရေးလုပ်ရန်အတွက်လည်း အခက်အခဲများစွာ ဖြစ်နေကြ ရပါသည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ စဉ့်ကူးမြို့နယ်မှ ဒေသခံတစ်ဦးထံ The Statesman ဂျာနယ်က ဆက်သွယ်မေးမြန်းထားသည်များကို NSS က ကောက်နုတ်ဖော်ပြအပ်ပါသည်။ 

မေး - စဉ့်ကူးမြို့မှာ တိုက်ပွဲ မဖြစ်ခင်က PDF တပ်ဖွဲ့တွေရဲ့ နေရာယူထားပုံအခြေအနေကို အရင်ဆုံး ပြောပြပေးပါခင်ဗျာ။ 

ဖြေ - ပြောရမယ်ဆိုရင် ဒီလို။ PDF ပေါ့နော်။ PDF အဖွဲ့တွေက စဉ့်ကူးမြို့နဲ့ဝေးတဲ့ ဧရာဝတီ မြစ် ကြောတစ်လျှောက်၊ ဧရာဝတီအနောက်ဘက်က ဝက် လက်နယ်နဲ့ဆက်တဲ့ ရွာတွေဘက်မှာ ရှိနေကြတယ်၊ နေထိုင်နေကြတယ်ဆိုတာကတော့ လွန်ခဲ့တဲ့ သုံး လေးလတည်းက ကြားနေရတာပါ။ ပြီးတော့ မြို့နဲ့ ၁၅မိုင်လောက်ဝေးတဲ့ နွယ်ရုံရွာဘက်တွေမှာ၊ အ နောက်ဘက်တွေမှာ ရောက်နေကြတယ်ဆိုတာကို သုံးလေးငါးလတည်းက ကြားနေရတာပါ။ 

မေး- စဉ့်ကူးဘက်ကို လာမယ်လို့ကြိုတင်ပြီး သတင်း ကြားရတာကောရှိပါသလား ခင်ဗျာ။ 

ဖြေ- ရှိတယ်။ ဒီလိုဖြစ်စဉ်မဖြစ်ခင် နှစ်ရက်လောက်တည်းက ဘယ်နေ့တော့ဝင်တော့မယ်ဆိုတာကို အမှန်တကယ်ဖြစ်တဲ့ ဖြစ်စဉ်မတိုင်ခင် နှစ်ကြိမ်လောက် မှာ ကြားခဲ့ရဖူးတယ်။ ပထမတစ်ကြိမ်က ဒီဖြစ်စဉ် မ တိုင်ခင်က တစ်လကျော်၊ တစ်လခွဲလောက်ပေါ့။ ဒုတိယက ဒီဖြစ်စဉ်မတိုင်ခင်ရဲ့ ရက်နှစ်ဆယ်လောက် မှာ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ ဝင်မယ်ဆိုတာကို ကြား ခဲ့ရဖူးပါတယ်။ 

မေး- ဖြစ်စဉ် စဖြစ်တုန်းက အခြေအနေကို သိသလောက် ပြန်ပြောပြပေးပါခင်ဗျာ။ 

ဖြေ- စဉ့်ကူးမြို့ကို Drop bomb တွေ စချတာ။ စချတော့ ပြည်သူကတော့ အင်မတန်ထိတ်လန့် သွား တယ်။ မန္တလေးဘက်ကိုထွက်တဲ့ လက်ပံလှကနေ ငါးမိုင်လောက်ဝေးတဲ့နေရာမှာ သစ်ပင်တွေခုတ်လှဲပြီး ပိတ်သွားတယ်။ စစ်ဘေးရှောင်လို့ မရတော့ဘူး။ အဲဒီ အချိန်မှာတော့ လက်ပံလှကနေ စဉ့်ကူးမြို့ထဲကိုဝင်ပြီး တော့မှ ကျောက်မြောင်း၊ ရတနာသင်္ခ တံတားကို ဖြတ် သွားမယ်ဆိုရင်တော့ တံတားက ဖြတ်ရနေသေးတယ်။ ငွေကြေး ချမ်းသာသူကစထွက်နေပြီ။ ကိုယ်ပိုင်ကား ရှိသူတွေပေါ့။ (၃၀)ရက်လောက်မှာ ထွက်လို့ ရနေ သေးတယ်။ ကားခဈေးနှုန်းကလည်း အဆမတန် မြင့်သွားတာရှိတယ်။ ကားခတွေကလည်း ရွှေ ဘိုဘက်ကထွက်ရလို့ တစ်သောင်းခွဲလောက်၊ နှစ် သောင်း၊ သုံးသောင်းကနေ ရှစ်သောင်း၊ တစ်သိန်း အထိဖြစ်ကုန်တယ်။ ဇူလိုင်(၅)ရက်ကျတော့ ကြား တာတော့ စဉ့်ကူးမြို့ကို င်တဲ့ ကြို့ပင်ရွာတို့ ဘက်မှာ PDF တွေက လမ်းကိုစိုးမိုးပြီး ထွက်ခွင့်မပေးဘူးဆိုပြီး လမ်းပိတ်သွားသေးတယ်။ အဲဒီရက်တွေမှာဖြစ်ခဲ့တာ ပေါ့။ နောက်ပိုင်းတော့ မြို့မှာနေလို့ အဆင်မပြေ က တော့ စဉ့်ကူးမြို့ကလူတွေဟာ နီးစပ်ရာ စဉ့်ကူးမ ဟုတ်တဲ့ ဘေးပတ်ဝန်းကျင်ရွာတွေကို ခိုလှုံနေကြ တယ်လို့ သိရတယ်။ 

မေး- တိုက်ပွဲမဖြစ်ခင်က စဉ့်ကူးမြို့ အခြေအနေကို သိပါရစေခင်ဗျာ။ 

ဖြေ - ပုံမှန်လေးပဲ အေးအေးချမ်းချမ်း လည်ပတ်နေ တာပါပဲ။ သိပ်ခက်ခဲကြမ်းတမ်းတာလည်းမရှိ၊ လူ လတ်တန်းစား များပါတယ်။ ပုံမှန်လေး ရောင်းဝယ် ဖောက်ကားပြီး နေကြတာပါပဲ။ စစ်ဖြစ်သွားတော့ အကုန်ပျက်စီးပြီး မြို့ကိုပြန်လည် ထူထောင်ဖို့ တောင် မှ အတော်မလွယ်သလို ဖြစ်သွားပါပြီ။ စစ်ကို ခေါ်ခဲ့ ကြတဲ့ဟာတွေ ရှိတော့ စစ်ရောက်လာတာပေါ့ဗျာ။ စစ် ရောက်လာတော့ အားလုံးအတွက် အကျိုးမရှိဘဲ စစ် ကိုလာခဲ့ပါလာခဲ့ပါ ခေါ်တဲ့သူတွေလည်း ပြေး၊ မလာပါ စေနဲ့ဆိုသူတွေလည်း ပြေးပေါ့။ နောက်ဆုံးတော့ ပြည်သူပဲ ရှုံးတာပါပဲ။ 

မေး - ကြားဖြတ်ထပ်မေးတာပါ ခင်ဗျာ။ စဉ့်ကူးဟာ အရင်တုန်းကကော မြို့သိမ်းတိုက်ပွဲ ကြီးကြီးမားမား ကြုံဖူးလား။ မြို့ခံတွေကကော ဘယ်လောက်အထိ စိုးရိမ်ထိတ်လန့်မှုတွေ ရှိသွားပါသလဲ။ 

ဖြေ- ကျွန်တော့် အသက် ၅၅ နှစ် ပတ်ချာလည်မှာ တစ်ခါမှမကြုံဖူးဘူး။ ကိုယ့်ဘာသာကိုယ်တွေးကြည့် ရင် ဒုတိယကမ္ဘာစစ်ဖြစ်တုန်းကတောင် ဒီလောက်အ ထိ ကြုံမှာမဟုတ်ပါဘူး။ ဒီလိုတွေဖြစ်လာတော့ လက်ပံလှဆိုရင်လည်း ရောင်းဝယ်ဖောက်ကားပြီး အရမ်းကို အဆင်ပြေခဲ့တဲ့နေရာပါ။ မိုးကုတ်၊ မတ္တရာ လမ်းမကြီးရဲ့ အရောင်းအဝယ်တွေ ဖောက်ကားတာပါ။ ပိုတောင်မှ စဉ့်ကူးထက် စီးပွားရေးဖွံ့ဖြိုးပါသေးတယ်။ ဒါပေမဲ့ အခုဆိုရင် ကျီးလန့်စာစားနဲ့ ဘယ်အချိန် ဘာ ဖြစ်မလဲ ဆိုတာ စိုးရိမ်နေရတဲ့ အခြေအနေပါပဲ။ 

မေး- စစ်ရှောင်တဲ့ အခါ ငွေကြေးချမ်းသာသူနဲ့ ချို့ တဲ့သူ ဘယ်လိုတွေ ကွဲခြားတာမြင်ရပါသလဲ။ 

ဖြေ- ငွေကြေး ချမ်းသာသူတွေကတော့ စစ်ငွေ့သမ်း ပြီဆိုတာနဲ့ ကိုယ့်ကိုယ်ပိုင်ကားပေါ် ပိုင်ဆိုင်မှု၊ အ တွင်းပစ္စည်းတို့ တင်ပြီးတော့မှလွတ်မယ် ထင်တဲ့ နေ ရာကို သွားလာနိုင်တာပေါ့ဗျာ။ ငွေကြေး မချမ်းသာတဲ့ သူတွေကတော့ ကံအကြောင်းတရားဆိုပြီး ကိုယ့်ဒေ သမှာ ဘုန်းကြီးကျောင်းတို့၊ ကိုယ့်ဆွေမျိုး နီးစပ် လွတ်မယ်ထင်တဲ့နေရာမှာ နေခဲ့ကြရတာပါ။

 မေး- စဉ့်ကူးမြို့မှာကော လူရှိပါသေးလား။ 

ဖြေ- ကျွန်တော်ထင်တယ် ဒီဘက်ကို ပြေးလာသူ တွေနဲ့ သိရသလောက်တော့ မြို့ပေါ်မှာ လူမရှိသ လောက်ပေါ့။ နည်းနည်းတော့ ရှိပါလိမ့်မယ်။ အဲဒီမှာ လည်း သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က အပြည့်အဝ မထိန်းချုပ်နိုင်သလို PDF အဖွဲ့တွေကတော့ အများစုထိန်းချုပ်ထားတဲ့ သဘောပါပဲ။ (၂၁) ရက် အထိ ကြားသိနေရတဲ့ အခြေအနေပေါ့။ 

မေး- တိုက်ပွဲတွေကြောင့် စဉ့်ကူးဒေသဘက်မှာ ဒေသခံတွေရဲ့ လူမှုရေး စီးပွားရေးက ဘယ်လိုဖြစ်နေပါသလဲ။ 

ဖြေ- စီးပွားရေးကတော့ ဆက်စပ်နေတာဆိုတော့ အကုန်ပျက်တာပေါ့။ လူမှုရေးအရ ပြောမယ်ဆိုရင်  အကုန်ဒုက္ခရောက်တာပေါ့ဗျာ။ ပြည်သူတွေရော အကုန်လုံး။ မြို့တင် ဒုက္ခရောက်တာ မဟုတ် ပါဘူး။ တစ်မြို့နယ်လုံး ရွာတွေမှာလည်း ဒုက္ခတွေပါပဲ။ စဉ့်ကူးဆိုတာက မြန်မာနိုင်ငံရဲ့ဗဟိုချက်မလို့ ပြော လို့ရတာပေါ့ဗျာ။ ဧရာဝတီမြစ်ကမ်းဘေးပေါ့။ ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့ကို တစ်ခါမှလည်း မတွေးဖူးပါဘူး။ ရှမ်းမြောက်မှာဖြစ်တယ်၊ နမ့်ခမ်းမှာ ဖြစ်တယ်၊ မူဆယ်မှာ ဖြစ်တယ်ဆိုတော့ ဒီလောက်ကြီး အထိကွာ ဒီလူတွေ မရောက်လာနိုင်ပါဘူးပေါ့။ ထိုးဖောက်ဝင်ရောက်ပြီး မြို့သိမ်းတာဖြစ်ဖို့ အင်မတန် ခဲယဉ်းတယ်လို့ ထင်ခဲ့တာပါ။ သို့သော် မူလက ပြောခဲ့သလိုမျိုး ဒီလိုအင်အားတွေ မြို့နဲ့ မနီးမဝေးမှာ ရောက်တယ်ဆိုတာ လွန်ခဲ့တဲ့ သုံးလေးလတည်းက ကြားနေတာပေါ့။ 

မေး- စဉ့်ကူးမြို့က ကြားသလောက်ဆို ဘယ်လောက် အထိ ပျက်စီးသွားပါသလဲ။ 

ဖြေ- မြို့ကတော့ မီးလောင်တာတွေလည်း ရှိတယ်။ ကြားရတာပေါ့။ မြို့ကတော့ ပြောရမယ်ဆိုရင် ငါး ဆယ်ရာခိုင်နှုန်းအထက် ပျက်စီးသွားတဲ့ သဘောပါပဲ။ ပြန်လည်ထူထောင်ဖို့တောင် တော်တော်လေး ရုန်း ကန်ယူရမှာပါ။ ငါးဆယ်ရာခိုင်နှုန်း အထက်မှာပဲ ရှိ တာပါ။ ဘုံသာချောင်းရဲ့ အနောက်ဘက်မှာ ရှမ်းတော ရပ်ဆိုတာ ရှိတယ်ဗျ။ သူတို့က လူလတ်တန်းစားတွေ များပါတယ်။ အဲဒီဟာတွေအကုန် မီးလောင်သွား တယ်။ ရွှေမုဌောဘုရားရဲ့ မြစ်ကမ်းတစ်လျှောက်၊ ဧရာ ဝတီမြစ်ကြောင်းတစ်လျှောက် တောင်ဘက်ကိုသွားရင် တော့ အခြေခံလူတန်းစား နည်းနည်းများတယ်။ အဲဒီ ဘက်တွေလည်း မီးလောင်ကုန်တယ် ကြားတယ်။ စဉ့် ကူးမြို့လယ် လမ်းလေးခွလေးရှိတယ်။ မြို့လယ်ဆို တာ များသောအားဖြင့် ပိုက်ဆံရှိတဲ့သူတွေနေကြတာ ပေါ့။ အဲဒီဘက်တစ်ကြောလည်း မီးလောင်သွားတယ် ကြားတယ်။ စဉ့်ကူးမြို့က သေးပါတယ်။ မြို့က ရုံး စိုက်တယ်။ စဉ့်ကူးမြို့ရဲ့အကျယ်အဝန်းနဲ့ လောင် သွားတာ၊ မျက်စိနဲကြည့်ရင် ငါးဆယ် ရာခိုင်နှုန်း အထက်တော့ ပျက်စီးသွားပါပြီ။ ဒါတွေကို ပြန်လည် ထူထောင်ဖို့ဆိုရင် ခုနကပြောတဲ့ လူလတ်တန်းစားနဲ့ အခြေခံ လူတန်းစားများပြီး ရုံးစိုက်လို့သာ ဖွံ့ဖြိုးနေတဲ့ မြို့လေးမှာ မလွယ်ပါဘူး။ အိမ်တစ်လုံး ဖြစ်ဖို့ကိုက ပြောရမယ်ဆိုရင် ဆယ်နှစ်၊ ဆယ့်ငါးနှစ်ဖြစ်အောင် တည်ဆောက်ခဲ့ကြရတာဗျာ။ 

မေး- စဉ့်ကူးမြို့နယ် အခြေအနေပေါ့။ အခု တိုက်ပွဲ တွေကြောင့် ထိခိုက်မှုတွေနဲ့ ဒေသခံတွေဟာ ဘယ် လို အခြေအနေကို ဆိုက်ရောက်နေပါသလဲ။  

ဖြေ- ဘယ်တည်ငြိမ်မလဲ။ အခုဆိုရင် လက်ပံလှ နားမှာ တစ်ခါတလေ လက်နက်ကြီးကျတာတွေ ဘာ တွေရှိတယ်။ ရှိတော့ အားလုံးက ထိတ်လန့်နေကြ တာပေါ့။ အရင်လို ပုံမှန်ရောင်းဝယ်၊ ဖောက်ကား စား သောက်နေတဲ့ ပုံစံမဖြစ်တော့ဘဲနဲ့ နောက်ဆုံးစားဝတ် နေရေးအတွက် လူတွေလုပ်ငန်း မလုပ်နိုင်ကြတော့ ဘူး။ ကိုယ့်လုပ်ငန်းခွင်ကို ပုံမှန် မဝင်နိုင်ကြတော့ဘူး။ ပြောရမယ်ဆိုရင် စက်သုံးဆီတို့ စားရေးပြဿနာအ ထိပေါ့။ မိုးကုတ်ဘက်ကလည်း ကျွန်တော်တို့ဆီ ကုန် စည်စီးဆင်းမှု မရှိတော့ဘူး။ ရွှေဘိုဘက်ကလည်း ပိတ်သွားပြီ။ မန္တလေးဘက်ကလည်း ပိတ်သွားတဲ့ ကာ လမှာ စဉ့်ကူးမြို့နယ်ဟာ ကုန်စည်စီးဆင်းမှု ပြတ် တောက်တယ်။ စက်သုံးဆီ ပြတ်တောက်တယ်။ အခု ဆိုရင် ဓာတ်ဆီတစ်လီတာကို တစ်သောင်းကျော် မြင့်သွားပြီ။ ကုန်စည်က ဝယ်လို့ရသေးရင်ကိုကျေးဇူးတင် နေရတယ်။ ဈေးနှုန်းကတော့ ပြောလို့မရတော့ဘူး။ 

မေး- စဉ့်ကူး၊ ကျောက်မဲ၊ မတ္တရာကဘက်က ပြည် သူတွေ အနေနဲ့ ပုံမှန်နေထိုင်မှုမှာ စားဝတ်နေရေးက လွဲရင် ဘယ်လိုအခက်အခဲကို ကြုံတွေ့နေရပါသလဲ။ ကြားရသမျှပေါ့။ 

ဖြေ- ကြားရသလောက်ကတော့ နေရ၊ ထိုင်ရ က တော့ ဘယ်လိုမှကို အဆင်မပြေဘူး။ ဥပဒေ စိုးမိုးမှု ဆိုတာ မရှိတော့ဘူး။ ဥပဒေ စိုးမိုးမှု မရှိတော့ ဘယ် PDF ကများ ဥပမာ TNLA / PDF ကများ ငါ့ ကို ဒလန်အဖြစ်နဲ့ စစ်တပ်သတင်းပေးဆိုပြီး လာ ခေါ်ပြီးသတ်မလားပေါ့။ ဘာကြောင့်လဲဆိုတော့ အဲ ဒီလိုမျိုး စိုးရိမ်တာက တပ်နဲ့ရဲနဲ့က မရှိတော့ဘူး။ တပ်နဲ့ရဲနဲ့ကတော့ မသတ်နိုင်တာ သေချာတယ်လေ။ ရှိ တာက ဒီအဖွဲ့တွေ ရှိနေတာ ဆိုတော့ ဥပဒေဆိုတာ မရှိဘူးပေါ့။ ဘာမှ ပြဋ္ဌာန်းချက်မရှိဘူး။ ဒီကောင် ဒလန် ဖမ်းချုပ်တယ်ဆိုရင် လိုက်သွားရမှာ။ လိုက်သွားလို့ သတ်လိုက်တယ်ဆိုတာက ဥပဒေ စိုးမိုးတယ် ဆိုရင် တရားရုံးတွေ ဘာတွေမှာ ချေပခွင့် ရှိပြီးတော့မှ ပြောလို့ ရမှာလေ။ အခုဟာက ချေပခွင့်လည်း မရှိ ဘူး။ သူတို့အမြင်မှာ ဒီကောင်ဒလန်ပဲဆိုပြီး ဖမ်း သွားမယ်၊ ချုပ်ထားမယ်၊ စစ်ကြောရေးလုပ်ရင် ခံရမှာ ပဲလေ။ အရာရာဟာ ကျီးလန့်စာစားပါပဲဗျာ။ ပြည်သူတွေအနေနဲ့ နေရထိုင်ရတာ တော်တော်လေး ချောက်ချားရပါတယ်။ ဒီကိစ္စကြီးကိုလည်း ပြီးသွားစေချင်ပါပြီ။ 

မေး- လက်ရှိ အခုလိုတိုက်ပွဲဖြစ်ပြီး လူမှုစီးပွား ဘဝ တွေ ထိခိုက်မိသွားတဲ့အခါမှာ ထိခိုက်တာတွေ ပုံမှန် ပြန်ဖြစ်ဖို့ ဘယ်လောက်ကြာမယ်ထင်ပါသလဲ။ စီးပွား ရေး လုပ်ငန်းရှင်တွေကကော ဘယ်လိုတောင့်ခံနေ ကြပါသလဲ။ 

ဖြေ- ပုံမှန်ဆိုတာကတော့ တည်ငြိမ်တဲ့ အခြေအနေ ဖြစ်ဖို့ နောက်နှစ်အထိမလွယ်ပါဘူး။ အကုန်လုံး ပျက် ကြတာပါပဲ။ ကြီးတဲ့ကောင်ကတော့ နည်းနည်း တောင့်ခံနိုင်မယ်။ ကျွန်တော်တို့လို လူလတ်တန်းစား၊ သာမန်တွေက ပိုပျက်မယ်။ ရှိတဲ့သူတွေက ထွက်ပြေး သွားပြီလေ။ မန္တလေးတို့ ရန်ကုန်တို့ သွားကြပြီလေ။ မပြေးတဲ့သူတွေကတော့ ဒီဒေသမှာပဲပေါ့ဗျာ။ ဒီနယ် မြေမှာပဲ ကံတရားကိုပဲ ဘုရားတရားနဲ့ နေကြမှာပေါ့။ လက်ရှိတော့ အရောင်းအဝယ်တွေက မလွယ်တော့ ဘူးလေ။ လျှပ်စစ်မီးကလည်းမရတာ တစ်လနီးပါး ဖြစ်သွားပြီ။ လုံးလုံးမရတော့တာ။ လွန်ခဲ့တဲ့ နှစ်လ သုံးလလောက်ရခဲ့တုန်းကလည်း ည ဆယ်နာရီ လောက်လာ၊ မနက် ၄ နာရီလောက် ပျက်သွား ဆို တာမျိုးဆိုတော့ အဲဒီအချိန်မှာလည်း စီးပွားရေး ကောင်းကောင်း မလုပ်နိုင်ခဲ့ကြပါဘူး။ စိုက်ပျိုးရေး လေးနဲ့ တခြား ဘာညာနဲ့ပဲ လုပ်ခဲ့ကြတဲ့ နေရာလေးပါ။ အခုအနေအထားကတော့ နောက်ထပ်တစ်နှစ် လောက်အထိ ဒါတောင်မှဘာမှန်းမသိသေးဘူး။ တိုက်ပွဲတွေ ဆယ်နှစ်လောက်အထိ ဖြစ်နေရင် ဆယ် နှစ်လောက် ဖြစ်မှာပဲ။ တိုက်ပွဲတွေ ဖြစ်နေရင် ကိုယ့် အသက်မသေကံကောင်းလို့ ထားရတော့မှာပါပဲ။ စီးပွား ရေးဆိုတာတောင် ခေါင်းထဲ မထည့်နိုင်တော့ပါဘူး။ နံပါတ်တစ် ကိုယ်နဲ့ ကိုယ့် မိသားစု အသက်ရှင်သန်ရေး ဆိုတာကိုပဲ ခေါင်းထဲထည့်နေရတဲ့ ပြည်သူတွေ ဖြစ် နေပါပြီ။ 

မေး- ကျွန်တော်တို့ ဂျာနယ်ကနေတစ်ဆင့် နိုင်ငံတော် တာဝန်ရှိသူတွေကို သတင်းစကား ဘယ်လို ပါးချင်ပါ သလဲ ခင်ဗျာ။ 

ဖြေ- ပြောရမယ်ဆိုရင်တော့ဗျာ။ (အစိုးရအနေနဲ့) မမဆောင်း မလုပ်ပါနဲ့လို့နော်။ မမဆောင်းမလုပ်ပါနဲ့။ 

ကျေးဇူးတင်ပါတယ် ခင်ဗျာ။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ ပြိုင်ဘက်အသစ်ဖြစ်လာနိုင်တဲ့ ‘‘ကာမာ လာဟာရစ်”ဆိုတာ ဘယ်လိုလူစားမျိုးလဲ (ဘာသာပြန်ဆောင်းပါး)

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved