Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ ပြိုင်ဘက်အသစ်ဖြစ်လာနိုင်တဲ့ ‘‘ကာမာ လာဟာရစ်”ဆိုတာ ဘယ်လိုလူစားမျိုးလဲ (ဘာသာပြန်ဆောင်းပါး)

ဂျန်ဇက် (NSS) - ဩဂုတ် ၁

  အမေရိကန်နိုင်ငံမှာ နိုဝင်ဘာလအတွင်း ကျင်းပမယ့် သမ္မတရွေးကောက်ပွဲနီးကပ်လာချိန်မှာ သမ္မတလောင်း တွေနဲ့ပတ်သက်ပြီး အလှုပ်အခတ်များစွာ ဖြစ်လာနေပါတယ်။ အထူးသဖြင့် အာဏာရ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတ လောင်း ရွေးချယ်မှုတွေနဲ့ပတ်သက်ပြီး သက်ရောက်မှုများစွာဖြစ်နေရာ အမေရိကန်သမ္မတဖြစ်သလို ဒီမိုကရက်တစ်ပါတီရဲ့သမ္မတ လောင်းအဖြစ် ရွေးချယ်ခံရတဲ့ ဂျိုးဘိုင်ဒန်ကို သမ္မတ လောင်းစာရင်းကဖယ်ရှားဖို့ တောင်းဆိုမှုတွေမြင့် တက်ခဲ့ပါတယ်။ 


ဇွန်လအတွင်းကျင်းပခဲ့တဲ့ ဒီမိုက ရက်တစ်ပါတီရဲ့ သမ္မတလောင်း ဂျိုးဘိုင်ဒန်နဲ့ ပြိုင်ဘက်ပါတီဖြစ်တဲ့ ရီပတ်ဘလီကန် ပါတီရဲ့သမ္မတ လောင်းဒေါ်နယ်ထရမ့်တို့ စကားစစ်ထိုးပွဲလုပ်ဆောင်ခဲ့ရာ ဂျိုးဘိုင်ဒန်ရဲ့ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေဟာ မေးခွန်းထုတ်စရာ၊ ဝေဖန်စရာများစွာ ဖြစ်လာခဲ့ပြီး သမ္မတလောင်းစာရင်းက ဖယ်ရှားဖို့ ဒီမိုကရက်တစ်ပါတီအားပေးသူတွေ၊ အမတ်တွေနဲ့   ပါတီကိုငွေကြေးထောက်ခံသူတွေ ဝိုင်းဝန်းတောင်းဆိုခဲ့ပါတယ်။ အဲဒီတောင်းဆိုဝေဖန်သံတွေမြင့်တက် နေချိန်မှာပဲအသက် ၈၁နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိုးဘိုင် ဒန်ဟာ နိုဝင်ဘာ ၅ ရက်နေ့မှာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း စာရင်းက နုတ်ထွက်သွားခဲ့ပြီးသူနေရာမှာအစားထိုးဖို့ ဒုတိယသမ္မတဖြစ်သူ ကာမာလာဟာရစ်ကို ထောက်ခံပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ဒုတိယသမ္မတဖြစ်သူ ကာမာလာဟာရစ်ဟာ လက်ရှိအချိန်မှာအမေရိကန် သမ္မတရွေး ကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ ဒီမိုကရက်တစ်ပါတီရဲ့သမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖို့ အလားအလာကောင်းနေ တယ်လို့ဆိုပါတယ်။ ကာမာလာဟာရစ်ဟာ ဒီမိုကရက်တစ်ပါတီရဲ့သမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖို့ ပါတီအတွင်းရှိ တခြားကိုယ်စားလှယ်တွေနဲ့ ထပ်မံယှဉ်ပြိုင်ရဖွယ်ရှိနေပေမယ့် အနိုင်ရဖို့များတယ်လို့ ထင်ကြေး ပေးမှုတွေလည်း ရှိနေပါတယ်။ ကာမာလာဟာရစ်ဟာ အိန္ဒိယသွေးနှော သူတစ်ဦးဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ပထမဆုံး အမျိုးသမီးရှေ့နေ ချုပ်ဖြစ်ခဲ့သလို အမေရိကန်အထက်လွှတ်တော်မှာကိုယ်စားလှယ်အဖြစ် တာဝန်ယူခွင့်ရတဲ့အိန္ဒိယသွေးပါတဲ့ အမတ်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့ပြင် ကာမာလာဟာရစ်ဟာ အမေရိကန်နိုင်ငံသမိုင်းမှာ ဒုတိယသမ္မတအဖြစ် တာဝန်ယူခွင့်ရတဲ့ ပထမဆုံးအမျိုးသမီးဖြစ်ခဲ့သလို အမေရိကန် ဒုတိယသမ္မတအဖြစ် တာဝန်ယူခွင့်ရတဲ့ ပထမဆုံး လူမည်းအမျိုးသမီးလည်းဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာ တော့အမေရိကန်နိုင်ငံသမိုင်းမှာ ပထမဆုံးအမျိုးသမီး သမ္မတအဖြစ် ရွေးကောက်ခံရဖို့ အလားအလာကောင်းတွေ ရှိတယ်လို့လည်း ဆိုနေကြပါတယ်။

ကာမာလာ ဟာရစ်ကို ၁၉၆၄ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် Oakland အရပ်ဒေသမှာမွေးဖွားခဲ့ပြီး မိခင်ဖြစ်သူဟာ အိန္ဒိယတောင်ပိုင်းမှာနေထိုင်တဲ့ အိန္ဒိယအမျိုးသမီး တစ်ဦးဖြစ်ကာ ၁၉၅၀ ပြည့်နှစ်မှာ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ဖခင်ဖြစ်သူက တော့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ စီးပွားရေးပညာရပ် တွေကိုလေ့လာဆည်းပူးဖို့ ဂျမေကာနိုင်ငံကနေ အမေရိကန် နိုင်ငံကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ဟာရစ်ဟာ ၁၉၈၂ခုနှစ်မှာ ဟိုဝက်ဒ် တက္ကသိုလ်ကို တက်ရောက်ခဲ့ပြီး နိုင်ငံရေး သိပ်ပ္ပံ၊ စီးပွားရေးဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပြီးနောက် ကယ်လီဖိုးနီးယား ပြည်နယ်တက္ကသိုလ်မှာ ဥပဒေဘာသာရပ်ကို ထပ်မံသင်ယူခဲ့ပါတယ်။ ဟာရစ်ဟာ ဥပဒေဘွဲ့ရရှိခဲ့ပြီး နောက်ကယ်လီဖိုးနီးယားပြည်နယ်ရှေ့နေချုပ်ရုံးမှာရှေနေ့အဖြစ် အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး အစိုးရရှေ့နေအဖြစ် နှစ်ပေါင်း ၃၀ ကျော်ကြာ တာဝန်ယူလုပ်ကိုင်ခဲ့ကာ ကယ်လီဖိုးနီး ယားပြည်နယ် ရှေ့နေချုပ်အပြင် ဆန်ဖရန်စစ္စကို ပြည်နယ်ရှေ့နေ ချုပ်တာဝန်တွေကို ထမ်းဆောင် ခွင့်ရရှိခဲ့သူဖြစ်ပါတယ်။ ၎င်းဟာ ၂၀၁၁ ခုနှစ်မှာ ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ရှေ့နေချုပ်အဖြစ် ရွေးချယ်ခံရပြီး ပြည်နယ်သမိုင်း တစ်လျှောက်မှာ ပထမဆုံး အာရှ-အမေရိကန်ဖွား လူမည်းအမျိုးသမီးအဖြစ် ရွေးကောက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ ကာမာလာ ဟာရစ်ဟာ ရှေ့နေချုပ်အဖြစ်တာဝန်ယူပြီးနောက် ၂၀၁၅ခုနှစ်မှာ အမေရိကန်နိုင်ငံရေးလောကကို ထပ်မံ ဝင်ရောက်လာခဲ့ပြီး အမေရိကန်အထက်လွှတ် တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းခဲ့ရာ ဒီမိုကရက် တစ်ပါတီရဲ့သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ ဘားရက်အိုဘားမားနဲ့ ဂျိုးဘိုင်ဒန်တို့က မဲဆွယ်ပေးခဲ့ပါတယ်။

ဟာရစ်ဟာ ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့အထက်လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ယှဉ်ပြိုင်ခဲ့ရာမှာ အနိုင်ရခဲ့ပြီးနောက် ပြည် နယ်အတွင်း ပထမဆုံးလူမည်းအမျိုးသမီး အမတ်တစ်ဦးအဖြစ် ပထဆုံးရွေးချယ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။ ကာမာလာဟာရစ် အထက်လွှတ်တော် အမတ်အဖြစ်ရွေးချယ်ခံရပြီးနောက် ဒီမိုကရက်တစ် ပါတီနဲ့အတူ အမေရိကန် နိုင်ငံရေးလောကမှာ ထဲထဲဝင်ဝင် ကျင်လည်လှုပ်ရှားခဲ့ရာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၀ရက်နေ့မှာအမေရိကန်နိုင်ငံရဲ့ ဒုတိယသမ္မတ အဖြစ် ထပ်မံရွေးချယ်ခံခဲ့ရပါတယ်။ ကာမာလာ ဟာရစ် ကို ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုပြီး သမ္မတ ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ဖို့ သမ္မတဂျိုးဘိုင်ဒန်ရဲ့အား ပေးထောက်ခံမှုတွေကို အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်အပြင် ဇနီးဖြစ်သူ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်တို့လည်း အားပေးထောက်ခံ့ထားပါတယ်။ ကာမာလာဟာရစ်ဟာ နိုဝင်ဘာလအတွင်းကျင်းပမယ့် အမေရိကန်သမ္မ တရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရမယ်ဆိုရင် အမေရိ ကန်နိုင်ငံသမိုင်းမှာ အာရှ-အမေရိကန်ဖွား ပထမဆုံး သမ္မတဖြစ်လာမှာဖြစ်တဲ့အပြင် အမေရိကန်နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးသမ္မတ ဖြစ်လာဖွယ်ရှိနေပါတယ်။ 

ကာမာလာဟာရစ်အနေနဲ့ လက်ရှိအချိန်မှာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းဖြစ်လာဖို့အ လားအလာ အကောင်းဆုံးဖြစ်ပေမယ့် ရီပတ်ဘလီ ကန်ပါတီရဲ့သမ္မတလောင်းအဖြစ် ရွေးချယ်ခံထား ရသလို သမ္မတဟောင်း တစ်ဦးဖြစ်တဲ့ ဒေါ်နယ်ထရမ့်ကို အနိုင်ယူနိုင်စွမ်းရှိမှာလားဆိုတဲ့အချက်ကလည်း စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒေါ်နယ်ထရမ့်နဲ့ ကာမာလာဟာရစ်ကြား နှိုင်းယှဉ်မယ်ဆိုရင် အတွေ့ကြုံ၊ ရင်ကျင့်မှုပိုင်းတွေနဲ့ လုပ်နိုင်စွမ်းအပိုင်းတွေမှာ ဒေါ်နယ်ထရမ့်က ကာမာ လာဟာရစ်ထက် သာလွန်နေတယ်လို့ဆိုနိုင်ပါတယ်။ ကာမာလာ ဟာရစ်ဟာ ဒေါ်နယ်ထရမ့်ကိုအနိုင်ရပြီး အမေရိကန်နိုင်ငံသမိုင်းမှာ ပထမဆုံးအမျိုးသမီး  တစ်ဦးအဖြစ်ရွေးချယ်ခံရ မယ်ဆိုရင်လည်း ယူကရိန်း စစ်ပွဲ၊ အမေရိကန်နိုင်ငံစီးပွားရေးတိုးတက်ဖို့၊ ကိုယ် ဝန်ဖျက်ချမှုနဲ့ ရွှေ့ပြောင်းသွားလာသူ များပြဿနာ တွေကိုအောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ စိန်ခေါ် မှုတွေကိုထပ်မံရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ 

၎င်းဟာ ရှေ့နေဘဝမှာအောင်မြင်မှုတွေရယူနိုင်ခဲ့ပေမယ့် အမေရိကန်သမ္မတအဖြစ် တာဝန်ယူရချိန်မှာ စိန်ခေါ်မှုတွေ ဘယ်လို ပုံစံမျိုး ရင်ဆိုင်မလဲဆိုတဲ့ အချက်နဲ့ အဓိက အားနည်းချက်ဟာ ပြည်သူတွေရဲ့ရှင်သန် နေထိုင်မှုဘဝတွေကိုလက်ရှိထက် ပိုမိုကောင်းမွန်အောင် ဘယ်လိုမျိုးလုပ်ဆောင်ပေးမလဲဆိုတဲ့ ကတိစကားတွေကို ခိုင်မာပြတ်သားစွာပြောဆို နိုင်ခြင်းမရှိ သေးဘူးလို့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် သမ္မတလောင်း အဖြစ်က နုတ်ထွက်သွား ခဲ့ပြီးနောက် ၂၄နာရီအတွင်းမှာပဲ ဒုတိယ သမ္မတကာမာလာဟာရစ်ကို အမေရိကန်သမ္မတ လောင်းအဖြစ်ပါဝင် ယှဉ်ပြိုင်ဖို့ တောင်းဆိုထောက်ခံမှုတွေ မြင့်တက်လာခဲ့ပြီး မဲဆွယ်စည်းရုံးရေးအတွက် ကုန်ကျမယ့် ရန်ပုံငွေထည့်ဝင်မှု ပိုင်းမှာလည်း တစ်ရက်အတွင်း ပေါင် ၆၂ သန်းကျော် မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံအတွင်းရှိ ဒီမိုကရက် တစ်ပါတီ အားပေးထောက်ခံသူတွေဟာ ကာမာလာ ဟာရစ်အပေါ် အပြည့်အဝထောက်ခံကြောင်း ပြသခဲ့ ပါတယ်။ ဂျိုးဘိုင်ဒန် သမ္မတလောင်းအဖြစ်က နုတ်ထွက်ခဲ့ပြီးနောက် ကမ္ဘာကျော်အေပီသတင်းဌာန ဟာ ဒီမိုကရက်တစ်ပါတီအတွင်း ကာမာလာဟာရစ်ကို ထောက်ခံမှု ရှိမရှိ စစ်တမ်းကောက်ယူခဲ့ရာ အမေရိကန်နိုင်ငံရှိ ပြည်နယ်ပေါင်း ၅၀မှ အမတ်အများစုက ကာမာလာဟာရစ်ကို ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတ လောင်းအဖြစ် ရွေးချယ်မယ့် အစီအစဉ်ကို အားပေး ထောက်ခံကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံအတွင်းရှိ ပြည်သူတွေနဲ့ ဒီမိုကရက်တစ် ပါတီအမတ်တွေကြားမှာ ရေပန်းစား နေတဲ့ ကာမာလာဟာရစ်ဟာ ဒီမိုရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် တရားဝင်ရွေးချယ်ခံရပြီး နိုဝင်ဘာလအတွင်း ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့သမ္မတအဖြစ် ဆက်လက် တာဝန်ယူခွင့်ရအောင် စွမ်းဆောင်နိုင်မလား ဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရဖွယ်ရှိနေပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်အနိုင်ရပါက မြန်မာ့အရေးတွင် အမေရိကန်ဖိအား လျော့ကျနိုင်ဖွယ်ရှိကြောင်း မျှော်လင့်

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved