Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်တွင်း၊ ပြည်ပ အလုပ်သမားရေးရာအတွက် ဝန်ကြီးဌာန ဘာလုပ်ပေးနေသလဲ(အပိုင်း-၁) (အင်တာဗျူး)

ယွန်း (NSS) - ဇူလိုင် ၂၅

မြန်မာနိုင်ငံသည် ပြည်ပသို့သွားရောက်လုပ်ကိုင်သော အလုပ်သမား များပြားရာနိုင်ငံတစ်ခုဖြစ် သည့်အပြင် ပြည်တွင်း၌ ၂၀၂၁ နိုင်ငံရေးအခင်းအကျင်း စတင်ဖြစ်ပွားပြီး‌နောက်ပိုင်းကာလများတွင် စီးပွားရေး အဆင်မပြေမှုများ၊ လုပ်ခလစာနည်းပါးမှုများနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ သွားရောက် လုပ်ကိုင်သည့်ပမာဏပိုမိုများပြားလာခဲ့သည်။ ထိုသို့သွားရောက်ရာတွင် တရားမဝင်သွား ရောက်မှုများကြောင့် ဖမ်းဆီးခံရမှုများလည်းရှိနေသည်။ ထို့ပြင် ပြည်ပရောက်မြန်မာလုပ်သားများ အပါ အဝင် ပြည်တွင်း၌လည်း လုပ်ငန်းရပိုင်ခွင့်ဆုံးရှုံးမှုများရှိနေကြောင်း သိရသည်။ အဆိုပါကိစ္စများနှင့် ပတ် သက်၍ အလုပ်သမားဝန်ကြီးဌာနက ဆောင်ရွက်နေသည့် အခြေအနေ၊ ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ The Statesman  ဂျာနယ်က ဝန်ကြီးဌာနထံ စာပို့ဆက်သွယ်မေးမြန်းထားသည်များကို NSS က မူရင်းအတိုင်း ဖော်ပြအပ်ပါသည်။

မေး - တရားဝင်လိုင်စင်နဲ့ လုပ်ကိုင်နေတဲ့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအရေအတွက် ဘယ်လောက်ရှိပါသလဲ။

ဖြေ - (က) ၁၉-၆-၂၀၂၄ ရက်နေ့အထိ ဌာနမှ ခွင့်ပြုထုတ်ပေးထားသည့် ပြည်ပအလုပ်အကိုင် အကျိုး ဆောင် လိုင်စင်ရအေဂျင်စီ ၅၆၈ ခုရှိပြီး ယာယီပိတ်ထားသည့်အေဂျင်စီ ၇ ခု ရှိသဖြင့် လက်ရှိ လုပ်ငန်း ဆောင်ရွက်နေသည့် အေဂျင်စီ ၅၆၁ ခုရှိပါသည်။

(ခ) ပြည်ပ အလုပ်အကိုင်အကျိုးဆောင် (ထိုင်း) လိုင်စင်ရ အေဂျင်စီ ၁၆၈ ခုရှိပြီး ယာယီပိတ်ထားသည့် အေဂျင်စီ ၅ ခုရှိသဖြင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေသည့်အေဂျင်စီ ၁၆၃ ခုရှိပါသည်။

မေး လက်ရှိအချိန်အထိ ပြည်ပကိုထွက်ခွာ ပြီးတော့ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ လုပ်သား အရေအတွက်ဘယ်လောက်ရှိပြီလဲ။ ပျမ်းမျှအားဖြင့် ဘယ်လောက်ထွက်ခွာနေလဲ။

ဖြေ ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ် မေလအထိ အေဂျင်စီအစီအစဉ်ဖြင့်ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့် ဖြစ်စေ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို OWIC ထုတ်ပေးမှု အရေအတွက်မှာ နိုင်ငံ ပေါင်း ၉၉ နိုင်ငံသို့ ၁,၈၂၅,၃၈၁ ဦးရှိပါတယ်။ နှစ်အလိုက်စာရင်းအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ၇၅၁၇၉ ဦး၊ ၂၀၂၁ ခုနှစ်တွင် ၃၄၅၂ ဦး၊ ၂၀၂၂ ခုနှစ် တွင် ၁၈၇၄၆၆ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၂၁၀၆၈၈ ဦး၊ ၂၀၂၄ ခုနှစ် မေလအထိ ၁၀၂၈၆၁ ဦး ရှိပါသည်။

မေး ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်နေတဲ့သူတွေထဲမှာ တရားမဝင်သွားရောက်မှုတွေလည်းရှိ နေပြီး ပြီးခဲ့တဲ့နှစ်က တရားမဝင်သွားရောက်မှုကြောင့် ဖမ်းဆီးခံရသူ ဘယ်လောက်ရှိခဲ့ပါသလဲ။ သူတို့ အတွက် ဝန်ကြီးဌာနအနေနဲ့ ဘာတွေဆက်လက် ဆောင်ရွက်ပေးနေပါသလဲ။ဖြေ တရားမဝင်သွားရောက်မှုကြောင့် ဖမ်းဆီး ခံရသူများကို ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ရနောင်း-ကော့သောင်း လမ်းကြောင်းဖြင့်လည်းကောင်း၊ မဲဆောက်-မြဝတီလမ်းကြောင်းဖြင့်လည်းကောင်း၊ မယ်ဆိုင်-တာချီလိတ် လမ်းကြောင်းဖြင့် လည်း ကောင်း၊ မြန်မာ-ထိုင်းနှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်း၍ လွှဲပြောင်းလက်ခံပြီး သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် ပူးပေါင်း၍ ၎င်းတို့၏ နေရပ်သို့ ပြန်လည်ပို့ဆောင် ပေးလျက်ရှိပါသည်။

မေး လုပ်သားအများစုဟာ ထိုင်းနိုင်ငံကိုပဲ သွားရောက်မှုများနေပြီးတော့ ထိုင်းနိုင်ငံဆိုရင် တခြား နိုင်ငံတွေထက် မြန်မာလုပ်သားပိုမိုများပြားနေတာကိုလည်း တွေ့ရပါတယ်။ လုပ်ခလစာမှာလည်း တခြားနိုင်ငံနဲ့ယှဉ်ရင် နည်းတာတွေ့ရတယ်။ ထိုင်းမှာ ရှိတဲ့ ကျွမ်းကျင်လုပ်သားတွေကို ပြန်ခေါ်ပြီးတော့ တခြားနိုင်ငံတွေကို ပို့တာမျိုးတွေ စသည်ဖြင့် လုပ်ပေးနေတာမျိုးတွေရှိလား။

ဖြေ ထိုင်းနိုင်ငံတွင် MOU စနစ်ဖြင့် အလုပ်သမားများကို အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှု ဆိုင်ရာသဘောတူစာချုပ်ကို နှစ် နှစ်သက်တမ်းဖြင့်ချုပ်ဆို၍ စေလွှတ်လျက်ရှိပါသည်။ အလုပ်သမား များမှ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်သက်တမ်း နှစ်နှစ် ပြည့်မြောက်ပါက ထိုင်းအလုပ်ရှင်မှ အလုပ် သမားကို နှစ်သက်သဘောကျပါက နောက်ထပ် နှစ်နှစ် ထပ်မံသက်တိုး၍ ဆက်လက်အလုပ်လုပ်ကိုင်ခွင့် ရရှိပါသည်။ အလုပ်သမားသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်သည့် သက်တမ်း ၄ နှစ်ပြည့်ပြီးပါက မြန်မာနိုင်ငံသို့ ပြန်လာရမည်ဖြစ်ပါသည်။ အဆိုပါ ၄ နှစ်ပြည့်မြောက်ပြီးသည့် အလုပ်သမားများကို အလုပ်ရှင်မှ ၎င်းတို့၏ ကျွမ်းကျင်မှုများကို သဘောကျပါက MOU U-turn စနစ်ဖြင့် ပြန်လည်ခေါ်ယူနိုင် ပါသည်။ ဆိုလိုသည်မှာ ထိုင်းနိုင်ငံသို့ အခြေခံ အလုပ်သမားအနေဖြင့်သွားရောက်ပြီး အလုပ်လုပ်ကိုင်ခဲ့ သည့်အလျောက် ကျွမ်းကျင်လုပ်သားဖြစ်လာပါက ၎င်းအလုပ်သမားသည် အနည်းဆုံး လုပ်ခလစာထက် ပိုမိုများသည့် လုပ်ခလစာကိုရရှိပါသည်။ ထိုင်းအလုပ်ရှင်မှလည်း ၎င်းအလုပ်သမားကို ပြန်လည်စေလွှတ် လိုခြင်းမရှိဘဲ ၎င်း၏လုပ်ငန်းခွင်တွင်သာ ဆက်လက်လုပ်ကိုင်စေလိုကြပါသည်။ ဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံထက် ပိုမို၍ လုပ်ခ လစာကောင်းမွန်သည့် ဂျပန်နိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ အလုပ်သမားများကို စေလွှတ်ဆောင်ရွက်လျက်ရှိသော်လည်း အလုပ်သမား တစ်ဦးသည် ထိုင်းနိုင်ငံမှပြန်လာပြီး အခြားနိုင်ငံသို့ သွားရောက်လိုခြင်းသည် အလုပ်သမား၏ သဘောဆန္ဒအရသာ ဆောင်ရွက်ခြင်းဖြစ်ပါသည်။

မေး ပြည်ပသို့ သွားရောက်လုပ်ကိုင်သူတွေအနေနဲ့ ငွေကြေးအလိမ်ခံရတာတွေ၊ လုပ်ငန်းခွင် ရပိုင်ခွင့် ဆုံးရှုံးမှုတွေ၊ လုပ်ခလစာမရရှိမှုတွေနဲ့ ရင်ဆိုင်မှုတွေရှိနေတယ်လို့ သိရပါတယ်။ ၂၀၂၁ နိုင်ငံရေး အခင်း အကျင်း နောက်ပိုင်းကနေစပြီး ဝန်ကြီးဌာနအနေနဲ့ ရင်ဆိုင်ဖြေရှင်းပေးခဲ့တဲ့အမှု ပေါင်းဘယ်လောက် ရှိလဲ။ ဒီဖြစ်စဉ်တွေအပေါ်မှာ ဘယ်လိုကြပ်မတ်ဆောင်ရွက်ပေးနေပါသလဲ။

ဖြေ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး ဝန်ကြီး ဌာနအနေဖြင့် ရင်ဆိုင်ဖြေရှင်းပေးခဲ့တဲ့ အမှုပေါင်း ၁၃၇၀ မှု ရှိပါကြောင်း၊ ပြည်ပမထွက်ခွာမီ ငွေကြေးလိမ်လည်ခံရမှုများနှင့်ပတ်သက်၍ တိုင်ကြားလာပါက ဝန်ကြီး ဌာနအနေဖြင့် စစ်ဆေးရေးအဖွဲ့များဖွဲ့စည်း၍ ဖြေရှင်းပေးခြင်း၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း ချိုး ဖောက်သည့် အေဂျင်စီများကို လိုအပ်သလို အရေးယူ ဆောင်ရွက်ခြင်း၊ ပွဲစားများကို ၁၉၉၉ ခုနှစ် ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေအရ ဦးစီးဌာနမှအမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံ များတွင် သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမား ဥပဒေပါ အခွင့်အရေးများချိုးဖောက်ခံရ၍ တိုင်ကြား ပါက အလုပ်သမားသံအရာရှိများမှလည်းကောင်း၊ အလုပ်သမားသံအရာရှိ ထားရှိခြင်းမရှိသည့် နိုင်ငံများ အတွက် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါ ကြောင်းနှင့် အလုပ်သမားသံအရာရှိများမှာ ထိုင်းနိုင်ငံတွင် ၆ ဦး၊ မလေးရှားနိုင်ငံတွင် ၂ ဦး၊ ကိုရီးယား နိုင်ငံတွင် ၁ ဦး၊ စုစုပေါင်း အလုပ်သမားသံအရာရှိ ၉ ဦး ခန့်အပ်ထားရှိပါသည်။

မေး ပြီးခဲ့တဲ့နှစ်(၂၀၂၃)မှာ တရားမဝင် အေဂျင်စီတွေ၊ ပွဲစားတွေနဲ့ပတ်သက်ပြီး တိုင်ကြားမှု ဘယ်လောက်ရှိခဲ့ပါသလဲ။ ဘယ်လိုအရေးယူမှုမျိုးတွေ ဆောင်ရွက်ခဲ့ပါသလဲ။

ဖြေ။ ။ ၂၀၂၃ ခုနှစ်တွင် တရားမဝင်အေဂျင်စီတွေ၊ ပွဲစားတွေနဲ့ပတ်သက်ပြီး တိုင်ကြားမှုပေါင်း ၁၁၇ မှုရှိပါသည်။ အေဂျင်စီတွေကို ဥပဒေစည်းမျဉ်းစည်းကမ်းများ ချိုးဖောက်ရင်တော့ လိုင်စင်ရုပ်သိမ်းခြင်း၊ ယာယီပိတ်သိမ်းခြင်း၊ လိုအပ်ပါကတရားစွဲဆိုခြင်းများ ဆောင်ရွက်နေပြီး ပွဲစားများကိုတော့ စစ်ဆေးရေး အဖွဲ့များ၏ စစ်ဆေးတွေ့ရှိချက်အပေါ်မူတည်၍ ဦးစီးဌာနမှ တရားလိုပြုလုပ်၍ တရားစွဲဆိုအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

မေး ၂၀၂၁ နိုင်ငံရေးအခင်းအကျင်းမတိုင်မီ ပြည်ပထွက်ခွာသူအရေအတွက်နှင့် နိုင်ငံရေး အခင်း အကျင်းဖြစ်ပြီးတဲ့အချိန် ထွက်ခွာတဲ့အရေအတွက် နှိုင်းယှဉ်ကြည့်တဲ့အခါ အဓိကတွေ့ရတဲ့ အချက်က ဘာလဲ။ ဘာကြောင့်မြန်မာနိုင်ငံသားတွေက ထွက်ခွာသွားကြတာလဲ။ဖြေ ပြည်ပသို့ တရားဝင် သွားရောက်လုပ်ကိုင်နေခြင်းမှာ နိုင်ငံရေးအခင်းအကျင်းနှင့် သက်ဆိုင်ခြင်း မရှိပါကြောင်း၊ ပြည်ပနိုင်ငံများ၏ လုပ်သားဈေးကွက် အခြေအနေအရ လုပ်သားလိုအပ်ချက် အလုပ် ခေါ်စာ ပေါ်မူတည်၍ သွားရောက်အလုပ်လုပ်ကိုင်နေကြ ခြင်းသာဖြစ်ကြောင်း၊ ပြည်ပမှ အလုပ်ခေါ်စာ မရရှိပါက မည်သည့်အလုပ်သမားများမှ သွားရောက်လုပ်ကိုင်နိုင်မည်မဟုတ်ပါကြောင်း ဖြေကြားလို ပါသည်။

မေး စစ်မှုထမ်းဥပဒေထွက်ပြီးတဲ့နောက်မှာ ပြည်ပထွက်ခွာသူ ပိုမိုများပြားလာတာကို တွေ့ရပါတယ်။ ဘယ်လောက်ထိရှိခဲ့ပါသလဲ။ ဒီအပေါ်မှာ ထိန်းကျောင်းဆောင်ရွက်မှုတွေ ရှိပါသလား။ ဘယ်လို ဆောင် ရွက်ပေးနေလဲ။ဖြေ ပြည်ပသို့ တရားဝင်သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားများအနေဖြင့် ပြည်ပနိုင်ငံများ၏ အလုပ်ခေါ်စာပေါ်မူတည်၍ ပြည်ပနိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်နေခြင်းသာဖြစ်ပါကြောင်း။

မေး ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ဝင်ငွေ ခွန်ထမ်းဆောင်ဖို့နဲ့ အခြေခံလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်စနစ်များမှတစ်ဆင့် ပြန်လည်လွှဲပို့နိုင်ရေး ဆောင်ရွက်မှု ဘယ်လိုအခြေအနေရှိလဲ။ အလုပ်သမားတွေဘက်က ကန့်ကွက်တာတွေ၊ အသံထွက်လာတာတွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ဝန်ကြီး ဌာန အနေနဲ့ဘယ်လိုရှင်းလင်းထားတာရှိလဲ။

ဖြေ ဦးစီးဌာနအနေဖြင့် ၁-၉-၂၀၂၃ ရက်နေ့ မှစ၍ ပြည်ပရောက်မြန်မာနိုင်ငံသားများမှ ၎င်းတို့၏ မိသားစု လွှဲပို့ငွေများ တရားဝင်လွှဲပြောင်းပေးပို့စေရေး၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရရှိသူ အေဂျင်စီနှင့် အလုပ်သမားအကြား ချုပ်ဆိုရမည့် စာချုပ်တွင် အလုပ်သမားသည် ပြည်ပနိုင်ငံတွင် မိမိရရှိ သည့် လုပ်ခလစာ၏ အနည်းဆုံး ၂၅ % ကို မိသားစုဝင်များထံသို့ တရားဝင်ဘဏ်စနစ်ဖြင့်ဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများမှဖြစ်စေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပေး ထားသည့် RBL လိုင်စင်ရကုမ္ပဏီများမှဖြစ်စေ တစ်လ လျှင်တစ်ကြိမ် လုပ်ခလစာ၏ ၂၅ % သို့မဟုတ် အများဆုံး ၃ လလျှင်တစ်ကြိမ် ၃ လစာစုစုပေါင်း အနည်းဆုံး ၂၅ % ကို မိသားစုဝင်များထံသို့ လွှဲပြောင်း ပေးပို့ရမည်ဖြစ်ကြောင်း ထည့်သွင်းချုပ်ဆိုခဲ့ပြီး မိမိအစီအစဉ်ဖြင့် ပြည်ပသို့သွားမည့်သူများကိုလည်း အဆိုပါအချက်ကို သိရှိကြောင်း၊ လိုက်နာမည်ဖြစ်ကြောင်း ခံဝန်ကတိ လက်မှတ်ရေးထိုးစေ၍ OWIC

ခွင့်ပြုထုတ်ပေးလျက်ရှိပါတယ်။ တရားမဝင် ငွေလွှဲ ခြင်းဖြင့် ငွေကြေးလိမ်လည်ခံရမှုများ၊ တရားမဝင် စနစ်ဖြင့် ငွေလွှဲခြင်းကြောင့် မိမိလုပ်အားဖြင့်ရရှိသော ဝင်ငွေများကို တရားမဝင်ဖြစ်နေခြင်းမျိုးကြောင့် နစ်နာမှုများမဖြစ်ပွားစေရေး တရားဝင်ငွေလွှဲပေးပို့သည့် လမ်းကြောင်းကိုသာ အသုံးပြုရေး ဝန်ကြီးဌာနမှ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

မေး မြန်မာနိုင်ငံသားတွေ ပြည်ပအလုပ်ထွက်လုပ်ဖို့ နိုင်ငံသစ်တွေရှာပေးနေတယ်လို့ သိရတယ်။ (ဥပမာ- ရုရှားလိုနိုင်ငံမျိုးတွေမှာ အလုပ်အကိုင် ရှာပေးနေတာတွေရှိတယ်)။ ပြည်ပနိုင်ငံ ဘယ်နှစ်ခု လောက်မှာ အလုပ်အကိုင်အသစ်တွေရှာပေးနေတာလဲ။

ဖြေ မြန်မာနိုင်ငံသားတွေ ပြည်ပအလုပ်ထွက်လုပ်ဖို့ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ အစီအစဉ်ဖြင့် နိုင်ငံသစ်တွေအနေဖြင့် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံအပါအဝင် အာရှနှင့် ဥရောပ နိုင်ငံအချို့သို့ အလုပ်သမားဈေးကွက်အသစ်များ ရှာဖွေ ချိတ်ဆက်ပေးလျက်ရှိပါတယ်။

မေး ရာသီချိန်လုပ်သား (Seasonal Worker)  စေလွှတ်မှုတွေကို နိုင်ငံတွင်းမှာ မကြာခဏ အကောင် အထည်ဖော်ပေးနိုင်ဖို့ အခြေအနေရှိလား။ မြန်မာနိုင်ငံက ရာသီချိန်လုပ်သားတွေကို ဘယ်နိုင်ငံက ပိုပြီး ကြိုက်နှစ်သက်မှုရှိနေလဲ။

ဖြေ။ ။ ရာသီချိန်လုပ်သား (Seasonal Worker)  စေလွှတ်ရေးအတွက် ကိုရီးယားနိုင်ငံနှင့် ညှိနှိုင်း ဆောင် ရွက်လျက်ရှိပါသည်။ နှစ်နိုင်ငံဒေသအစိုးရ အချင်းချင်း MOU လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက် လျက်ရှိပြီး MOU လက်မှတ်ရေးထိုးပြီးပါက စေလွှတ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး ပြည်ပရောက်မြန်မာလုပ်သားတွေဆီကနေ အကြမ်းဖက်အားပေးလှုံ့ဆော်သူတွေက အုပ်စုဖွဲ့ အနိုင်ကျင့်ပြီးတော့ ငွေကြေးကောက်ခံမှုတွေ လုပ်နေတယ်လို့သိရတယ်။ အထူးသဖြင့် ထိုင်းမှာဆို အများဆုံးလုပ်နေတယ်လို့ သိရတယ်။ ဒီဖြစ်စဉ်မျိုးတွေကို မြန်မာအစိုးရက ဘယ်လိုအကာအကွယ် ပေးမှာလဲ။

ဖြေ ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် တရားဝင်အလုပ်သမားများအပြင် တရားမဝင် အလုပ်သမား များကို ကူညီကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် ထိုင်းနိုင်ငံတွင် အလုပ်သမား သံအရာရှိ (သံမှူးကြီး အပါအဝင်) ၆ ဦးအထိ ခန့်အပ်ထားပြီး Call Center  လည်းဖွင့်လှစ်ထားရှိပါသည်။ အလုပ် သမားများအနေဖြင့် အလုပ်သမားသံအရာရှိများထံသို့လည်းကောင်း၊ Call Center သို့လည်းကောင်း ဖုန်းဖြင့် အကူအညီတောင်းခံနိုင်သလို Facebook Page မှလည်း အကူအညီတောင်းခံနိုင်ပါသည်။ ထို့ ပြင် ထိုင်းနိုင်ငံ၏ မြို့ကြီး (၁၀) မြို့တွင်ဖွင့်လှစ်ထားသည့် အလုပ်သမား ကူညီစောင့်ရှောက်ရေးစင်တာ များနှင့် ချိတ်ဆက်ပြီး အလုပ်သမားများ၏ အခက်အခဲများကို ကူညီစောင့်ရှောက်ပေးလျက်ရှိပါသည်။

မေး။ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတော်တော်များက တရားဝင်လမ်းကြောင်းပေါ်ကနေ မဟုတ်ဘဲနဲ့ တရားမဝင်လမ်းကြောင်းကို ပုံစံမျိုးစုံနဲ့ သွားတာ တွေ့ရပါတယ်။ တစ်ဖက်နိုင်ငံရောက်တဲ့ အချိန်မှာ ပန်းရောင်ကတ် အပါအဝင် စီအိုင်လုပ်ရပြီး ထိုင်းရဲတွေရဲ့ ငွေညှစ်တာခံရသူတွေရှိပါတယ်။ ဒီလို နစ်နာ ဆုံးရှုံးမှုတွေအပေါ် မြန်မာအစိုးရက ဘာနဲ့ ကာကွယ်ပေးမှာလဲ။

ဖြေ ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်သည့်အလုပ်သမားများကို ထိုင်းနိုင်ငံက အလုပ်လုပ်ကိုင် ခွင့် လက်မှတ်သာ ထုတ်ပေးခြင်းဖြစ်ပြီး အဆိုပါ အလုပ်သမားများ တရားဝင်နေထိုင်နိုင်ရေး၊ အလုပ် သမားအခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ ထိုင်းနိုင်ငံအတွင်း လှည့်လည်သွားလာလုပ်နိုင်ရေးနှင့် ဥပဒေအရ ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များကို ပြည့်အဝရရှိစေရေးအတွက် မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-Cl)  ဆောင်ရွက်ပေးခြင်းဖြင့် တရားဝင် အလုပ် သမား ဖြစ်စေရေး မြန်မာ-ထိုင်း နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးပြီး ထုတ်ပေးလျက်ရှိပါသည်။ သို့သော်လည်း CI ထုတ်ပေးမှုမှာ အချိန်ကာလ အကန့်အသတ်ရှိ၍ တရားဝင် MOU စနစ်ဖြင့် သွားရောက် လုပ်ကိုင်ခြင်း သည် အသင့်တော်ဆုံးဖြစ်ပါသည်။

မေး မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေသန်း(၅၀)မှာ အလုပ်လုပ်နိုင်တဲ့ အရွယ်အစားဘယ်လောက်ရှိလဲ။

ဖြေ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့သည့် ၂၀၂၀-၂၀၂၃ ခုနှစ်၊ လုပ်သား အင်အား ခန့်မှန်းစာရင်းအင်းများအစီရင် ခံစာအရ အသက် ၁၅ နှစ်နှင့်အထက် အလုပ်လုပ် ကိုင်နိုင်သော အသက်အပိုင်းအခြားရှိသူဦးရေမှာ ၂၀၂၃ ခုနှစ်တွင် ၃၉.၂၁ သန်း ရှိကြောင်း တွေ့ရှိပါသည်။

မေး အသက်အရွယ်အပိုင်းအခြားအလိုက် အလုပ်လုပ်နိုင်တဲ့သူတွေကို ကာယလုပ်သားနဲ့ ဉာဏ လုပ်သားခွဲခြားပြီး စစ်တမ်းကောက်ထားတာမျိုးရှိလား။

ဖြေ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် လုပ်သားအင်အားစစ်တမ်းများကို ၂၀၁၅ ခုနှစ် မှ စ၍ နမူနာအိမ်ထောင်စုများရှိ အလုပ်လုပ်ကိုင်သူအားလုံး၏ လုပ်သားဆိုင်ရာ အခြေအနေများကို ကောက်ယူထားပါသည်။ ကာယလုပ်သား၊ ဉာဏလုပ်သားဟူ၍ သီးခြားခွဲ၍ ကောက်ယူထားခြင်းမရှိပါ။

မေး ။ တကယ်အလုပ်လုပ်နေတဲ့ လုပ်သားအရေအတွက်နဲ့ အလုပ်မလုပ်ဘဲ အလေအလွင့်ဖြစ်သွားတဲ့ လုပ်သားအင်အား ပျှမ်းမျှအားဖြင့် ဦးရေဘယ်လောက်ရှိလဲ။ စာရင်းကောက်ထားတာရှိလား။

ဖြေ ။ ကောက်ယူပြီးစီးခဲ့သည့် လုပ်သားအင်အား စစ်တမ်းများမှ အချက်အလက်များကို အခြေခံ၍ ခန့်မှန်းတွက်ချက်ထားသည့် ၂၀၂၀-၂၀၂၃ လုပ်သား အင်အား ခန့်မှန်းစာရင်းအင်းများအရ ၂၀၂၃ ခုနှစ် တွင် အလုပ်လက်ရှိဦးရေ ၂၃.ဝ၉ သန်းရှိပြီး၊ အလုပ် လက်မဲ့ဦးရေ ဝ.၈၈ သန်းရှိကြောင်း တွေ့ရှိပါသည်။                                                     

အပိုင်း(၂)ကို ဆက်လက်ဖော်ပြပါမည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မိုးကုတ် အကျိုးယုတ်ပြီလား ၊ KNU ခေါင်းဆောင်ဟောင်း နော်စီဖိုးရာစိန် ကွယ်လွန်၊ လောက်ကိုင်ကို (၃)ကြိမ်မြောက် လေကြောင်းက ပစ်ပြီးနောက် အတည်ပြုရခက်ခဲသော Asia World ထွန်းမြင့်နိုင်ရဲ့စာတစ်စောင်ထွက်လာ (၂၄-၇-၂ဝ၂၄)

RECENT POSTS
ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော
16 Oct 2024
ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား စစ်တပ်မှာအမှုထမ်းဖို့ လူငယ်(၁)သန်းကျော် စာရင်းပေးခဲ့ဟုဆို
16 Oct 2024
လူမှုကွန်ရက် TikTok ကို အများဆုံးအသုံးပြု၍ မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံးပေးကာ တရုတ်မယားအဖြစ်ရောင်းစားရန် ဖြားယောင်း သွေးဆောင်သူ ပွဲစားများ ပေါ်ပေါက်နေ
16 Oct 2024
အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်
16 Oct 2024
စက်သုံးဆီကို စမတ်ကတ်ဖြင့်ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်
16 Oct 2024
သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းကလေးငယ်တွေအတွက် ဝမ်သန်း(၁၀ဝ) လှူဒါန်းခဲ့တဲ့ ကင်ယိုဂျန်
16 Oct 2024
ခေတ်ကာလနှင့် သတင်းသမားများ ဘဝ
16 Oct 2024
Emoji ဒရုန်းပြပွဲ ဖန်တီးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့သည့် ကင်ဆာရောဂါသည် ဗြိတိန်အမျိုးသား
16 Oct 2024
NUG ကိုဖယ်ထုတ်ပြီး လက်နက်ကိုင်များ တပ်ပေါင်းစု စုဖွဲ့ကြရန်ဆိုသော အမြင်တစ်ခု တော်လှန်ရေးအင်အားစုများအကြား ပေါ်ပေါက်နေ
16 Oct 2024
ရန်ကုန်-ဒလတံတားစီမံကိန်း သတ်မှတ်ကာလအတွင်း မပြီးစီးရခြင်းမှာ တောင်ကိုရီးယားနှင့် တရုတ်ကုမ္ပဏီတို့ကြောင့် ဖြစ်နေ
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမှုကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရသတင်းထုတ်ပြန်
16 Oct 2024
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန်တွေမြင့်တက်လာတာနဲ့ပတ်သက်ပြီး ဂျပန်အစိုးရသတိပေး
16 Oct 2024
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီး(၂)ဦးပွဲချင်းပြီး သေဆုံး
16 Oct 2024
“ ဝ ” ဒေသသည် အစိုးရ၏ ကွပ်ကဲမှုအောက်တွင် လွတ်မြောက်နေလျက်ရှိပြီး ပြည်ထောင်စု စိတ်ဓာတ်ရှိရန် တိုက်တွန်းမှုများရှိနေ
16 Oct 2024
အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ မိတ်ဖက်နိုင်ငံများအတွက် သတိ ပေးချက်တစ်ခုကို အီရန်ထုတ်ပြန်
16 Oct 2024
လင်မယားစကားများရန်ဖြစ်ရာမှ ဖခင်က ဇနီးနှင့် သမီးဖြစ်သူကို ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား
16 Oct 2024
‘‘ ပြည်ပြေးဒေါင်း ဒုက္ခသည်အဖြစ် လွတ်လပ်စွာ သွားလာခွင့်ရနေသလား ’’
07 Oct 2024
မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှ အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားပြီဟု မိုးဇလထုတ်ပြန်
07 Oct 2024
ကျောက်ဖြူမြို့နယ်ရှိ ဝက်အင်းနဂါးရွှံ့မီးတောင်မှာ (၉)နှစ်တာကာလအတွင်း (၆)ကြိမ်မြောက် ပေါက်ကွဲမှုဖြစ်ပွား
07 Oct 2024
တောင်ပေါ်မြေက ရေဘေးပြန်လည်ထူထောင်ရေးနဲ့ ပရဟိတသမားဘဝ (အင်တာဗျူး)
07 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved