Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရားသူကြီးနှင့်ရှေ့နေများ၏ ဝတ်စားဆင်ယင်မှုကို ပြင်ဆင်သတ်မှတ်ခြင်းသည် တရားစီရင်ရေးကဏ္ဍအတွက် ထူးခြားမှုမရှိဟု တရားလွှတ်တော်ရှေ့နေအချို့ဆို

စော (NSS) - ဇွန် ၁၁

တရားသူကြီးနှင့်ရှေ့နေများ၏ ဝတ်စား ဆင်ယင်မှုကို ပြင်ဆင်သတ်မှတ်ခြင်းသည် တရားစီရင်ရေး ကဏ္ဍအတွက် ထူးခြားမှုမရှိကြောင်း တရားလွှတ်တော်ရှေ့နေအချို့က သုံးသပ်ပြောဆိုထားသည်။ 


မြို့နယ်တရားရုံးအသီးသီး၏ တရားခွင်တွင် တရားသူကြီးများနှင့်‌ ရှေ့နေရှေ့ရပ်များ ဝတ်ဆင်ရန် ဝတ်စားဆင်ယင်မှု ပြင်ဆင်သတ်မှတ်ခြင်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဇွန်လ (၃) ရက်တွင် အသိပေးကြေညာခဲ့သည်။ အဆိုပါကြေညာချက်တွင် တရားရုံးများသည် နိုင်ငံတော်ကိုကိုယ်စားပြုသည့် ဌာနတစ်ခုဖြစ်သည်နှင့်အညီ တရားရုံးအဆင့် ဆင့်၏ ဝတ်စားဆင်ယင်မှုများ တစ်ပြေးညီဖြစ်စေရန်အတွက် မြို့နယ်တရားရုံးများ၏ တရားခွင်တွင် တရားသူကြီးများနှင့်‌ ရှေ့နေရှေ့ရပ်များ ဝတ်ဆင်ရန် ဝတ်စားဆင်ယင် မှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏အစည်းအဝေးတွင် ပြင်ဆင်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တရားစီရင်တာကတော့ ဥပဒေအတိုင်းစီရင် ရတယ်။ ဥပဒေအတိုင်း သုံးသပ်၊ ဆုံးဖြတ်တဲ့အတွက် ဘာမှမထူးဘူး။ သို့သော် အရင်တုန်းကလို ဖြစ်သလို တိုက်ပုံအင်္ကျီဟပြဲကြီးဝတ်၊ အဲဒီလိုလုပ်တာမျိုး မရတော့ဘဲ နဲ့ တင့်တင့်တယ်တယ်၊ ခံ့ခံ့ညားညား လူတွေရဲ့ စိတ်ဓာတ်ကအစ မြှင့်တင်ပေးရာရောက်ပါတယ်။ အရင်တုန်းက မြို့နယ်တရားရုံးကလွဲပြီး ဝတ်ရုံ ဝတ်ရတယ်။ အခုက တရားရုံးအားလုံးမှာ ဝတ်ရုံဝတ်ရမယ်” ဟု တရား လွှတ်တော်ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)က NSS ကိုပြောသည်။

ယခင်က မြို့နယ်တရားရုံးများ၏ တရားခွင်တွင် တရားသူကြီးများနှင့် ရှေ့နေရှေရပ်များသည် အနက် ရောင်တိုက်ပုံဝတ်စုံကိုသာဝတ်ဆင်ရကြောင်းသိရသည်။ “ ဥပဒေနဲ့အညီ တရားရုံးတွေက သုံးသပ်၊ ဆုံးဖြတ် ပေးတာကို ပြည်သူအများလိုလားမျှော်လင့်ကြပါတယ်။ အရင်တုန်းကလို ငွေများတရားနိုင်၊ နောက်တစ်ခေတ် ပြောင်းတော့ ငွေနည်းတရားရှုံး၊ ဒီဘက်မှာကျတော့ ငွေကစကားပြောတဲ့ ဒုတိယ ဘုရားသခင်ဆိုတာမျိုး မဖြစ်စေချင်ဘူးလို့”ဟု ၎င်းက ဆက်လက်ပြောသည်။

တရားသူကြီးများအနေဖြင့်  ဘွဲ့ဝတ်ရုံပုံစံအတိုင်း ချုပ်ထားသည့် အနက်ရောင်ဝတ်ရုံပေါ်တွင် လည်ပင်း ပတ်လည်မှစ၍  ရင်ဘတ်အရှေ့ခြမ်းအနားနှစ်ဖက် နှင့် လက်အဖျားတို့တွင် (၂)လက်မအရွယ် အပြာနုရောင် အနားကွပ်လိုင်းများပါရှိသည့်ဝတ်ရုံကို ဝတ်ဆင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က သတ်မှတ်ထားသည်။ ထို့ပြင် တရားလွှတ်တော်ရှေ့နေများအနေဖြင့်  ဘွဲ့ဝတ်ရုံပုံစံအတိုင်းချုပ်ထားသည့်  အနက်ရောင် ဝတ်ရုံကိုဝတ်ဆင်၍ အဖြူရောင်လည်စည်းအရှည်တပ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အလားတူ အထက်တန်းရှေ့နေများအနေဖြင့်လည်း ဘွဲ့ဝတ်ရုံပုံစံအတိုင်းချုပ်ထားသည့် အစိမ်းရင့်ရောင် ဝတ်ရုံကို ဝတ်ဆင်ရမည်ဖြစ်ပြီး အဖြူရောင်လည်စည်း တပ်ရန် မလိုအပ်ကြောင်း သိရသည်။

“ဒါက ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်တာ တရား စီရင်ရေးနဲ့ဆိုင်ဖို့တော့မရှိဘူး။ အဝတ်အစားက တရားစီရင်ရေးပေါ်မှာ လွှမ်းမိုးလို့မှမရတာ။ တရားစီရင်ရေးဆိုတာ ဥပဒေကိုအခြေခံပြီးသွားတာလေ။ ဒီအဝတ်အစားဝတ်တဲ့ဟာက အရင်တုန်းက အဆင်ပြေသလိုဝတ်နေကြတာ။ အခုလို တစ်ပြေးညီ သတ်မှတ် လိုက်တယ်ဆိုတော့လည်း ကြည့်ကောင်းသွားတာပေါ့”ဟု အခြားသော တရားလွှတ်တော်ရှေ့နေ တစ်ဦးကလည်း NSS ကို သုံးသပ်ပြောကြားသည်။ 

မြို့နယ်တရားရုံးများ၏ တရားခွင်တွင် တရားသူကြီးများနှင့် အမှုလိုက်ပါဆောင်ရွက်ကြသည့် ရှေ့နေ ရှေ့ရပ်များသည် လာမည့် ဩဂုတ်လ ၁ ရက်နေ့မှစ၍ ယခုကဲ့သို့ ပြင်ဆင်သတ်မှတ်လိုက်သော ဝတ်စားဆင်ယင်မှုများနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

AA အနေဖြင့် ပလက်ဝရှိ ချင်းအမျိုးသမီးများကို ဖမ်းဆီးမုဒိမ်းကျင့်ကာ ကိုယ်ဝန်ဖြင့် ပြန်လွှတ်သည့်လုပ်ရပ်များအပါအဝင် ရာဇဝတ်မှုများစွာကိုကျူးလွန်နေဟု GKO ထုတ်ဖော်အသိပေး

RELATED POSTS
RECENT POSTS
ရုရှားကာကွယ်ရေး ဒုဝန်ကြီးဟောင်း အကျင့်ပျက်ခြစားမှု နဲ့ ဖမ်းဆီးခံရကာ တရားစွဲဆိုခံရ
27 Jul 2024
ကုမ္ပဏီပေါင်း (၂ဝဝဝ) ကို ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်
27 Jul 2024
သြဂုတ်လမှစ၍ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေးများ ခံစားခွင့်ပြုမည်
26 Jul 2024
ပြည်သူများ၏လိုအပ်ချက်ပေါ်မူတည်၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချသည့် ဆေးအရောင်းပြခန်းများ ထပ်မံဖွင့်လှစ်မည်
26 Jul 2024
ဘင်းမ်စတက် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့ ဗိုလ်ချုပ်မှူးကြီး၊ လားရှိုးနဲ့မိုးကုတ်အခြေအနေကို သိချင်သလား၊ ရိုးမအုပ်စုခေါင်းဆောင် ဦးသိန်းဝေ ရာထူးမှအနားယူ၊ ထိုင်ဝမ်ကမ်းလွန်မှာ သင်္ဘောနစ်မြုပ်မှု မြန်မာ(၉)ဦးပါဝင်
26 Jul 2024
မြဝတီ-ဘားအံလမ်းပေါ်ရှိ နောင်ခွီးတံတား ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးမှုဖြစ်ပေါ်နေသည့်အတွက် ယာဉ်သွားလာမှုခက်ခဲနေ
25 Jul 2024
အကြမ်းဖက်မှုလုပ်ငန်းများ ချုပ်ငြိမ်းစေရန် နိုင်ငံရေးနည်းလမ်းဖြင့်သာ ကြိုးပမ်းမည်ဟု နိုင်ငံရေးပါတီ(၂၇)ပါတီ ထုတ်ပြန်
25 Jul 2024
သမ္မတရွေးကောက်ပွဲက နုတ်ထွက်ခဲ့ရတဲ့အကြောင်းအရင်းကို ဂျိုးဘိုင်ဒန်ထုတ်ဖော်ပြောဆို
25 Jul 2024
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် နိုင်ငံခြားရေးဝန်ကြီးကတရုတ်ခရီးစဥ်တွင်ဖိတ်ခေါ်
25 Jul 2024
အာဆီယံအဖွဲ့မှာ ပုံမှန်အဆင့်တန်းမျိုးပြန်လည်ရရှိဖို့ မြန်မာအစိုးရမျှော်လင့်နေဟုဆို
25 Jul 2024
ဇီလန်စကီးမှာ တရားဝင်မှုမရှိတော့ကြောင်း ကရင်မလင်ပြော
25 Jul 2024
ရေတပ်ဗိုလ်လောင်းတစ်ဦးကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုဖြင့် မလေးရှားကျောင်းသားဟောင်း (၆)ဦး သေဒဏ်ချမှတ်ခံရ
25 Jul 2024
အစ္စရေးဝန်ကြီးချုပ် မိန့်ခွန်းပြောဆိုခါနီး အမေရိကန်လွှတ်တော်အပြင်ဘက်မှာ ပြည်သူများဆန္ဒပြ
25 Jul 2024
လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ပူးပေါင်းအဖွဲ့ချုပ်က ထိန်းချုပ်နိုင်သည်ဆိုသော သတင်းမှာ မဟုတ်မှန်
25 Jul 2024
ရှေးခေတ်ရောမလူမျိုးတွေ စတင်တည်ထောင်ခဲ့တဲ့ ဗြိတိန်တို့ရဲ့ မြို့တော် “လန်ဒန်” အကြောင်း (ဗဟုသုတဆောင်းပါး)
25 Jul 2024
ရုပ်ရှင်နဲ့ ရုပ်ရှင်လောကသားတွေ ပြည်သူ့အတွက် ဖြစ်ခဲ့သလား . . . အပိုင်း(၁) (အင်တာဗျူး)
25 Jul 2024
ချေးငွေသက်တမ်း(၃)နှစ်ကျော်လွန်ပြီးသည့် ကိုဗစ်(၁၉)ရန်ပုံငွေချေးငွေများကို ချေးငွေသက်တမ်းတိုးမြှင့်ပေးရန် အစီအစဥ်မရှိဟုဆို
25 Jul 2024
မှော်ဘီမြို့နယ်တွင် ယာဥ်(၂)စီး တိုက်မိရာမှ လူ(၂)ဦးပွဲချင်းပြီး သေဆုံးကာ (၆)ဦး ဒဏ်ရာရ
25 Jul 2024
ကမ္ဘာ့အထိုင်ဟောင်းမှသည် ကမ္ဘာ့အထိုင်သစ်ဆီသို့ (ဘာသာပြန်ဆောင်းပါး)
25 Jul 2024
မိုးကုတ် အကျိုးယုတ်ပြီလား ၊ KNU ခေါင်းဆောင်ဟောင်း နော်စီဖိုးရာစိန် ကွယ်လွန်၊ လောက်ကိုင်ကို (၃)ကြိမ်မြောက် လေကြောင်းက ပစ်ပြီးနောက် အတည်ပြုရခက်ခဲသော Asia World ထွန်းမြင့်နိုင်ရဲ့စာတစ်စောင်ထွက်လာ (၂၄-၇-၂ဝ၂၄)
25 Jul 2024
FOLLOW US

Copyright © News Services Station | All Right Reserved