Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အီးယူက ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ဆက်လက်ထားရှိလို

ALynn (NSS) - ဇွန် ၁၁

ယခုနှစ်ကုန်တွင် ရုရှားနိုင်ငံ၏ Gazprom ကုမ္ပဏီနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည့် အတွက် ယူကရိန်း၏ သဘာဝဓာတ်ငွေ့သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံကို ဆက်လက်အသုံးပြုနိုင်ရန် ဥရောပသမဂ္ဂတာဝန်ရှိသူများက ညှိနှိုင်းရန် ကြိုးစားနေကြောင်း Bloomberg က တနင်္လာနေ့ (ဇွန်လ ၁၀ ရက်) တွင် ဖော်ပြခဲ့သည်။ 


ကိယက်ဗ်နှင့် မော်စကိုကြား ပဋိပက္ခမည်သို့ပင်ရှိစေကာမူ Gazprom သည် ယူကရိန်းနိုင်ငံမှ Naftogaz ကုမ္ပဏီနှင့်အတူ ၎င်း၏သယ်ယူပို့ဆောင်ရေးစာချုပ်ပါ စည်းကမ်းချက်များကို လိုက်နာပြီး သြစတြီးယားနှင့် စလိုဗက်ကီးယားသို့ တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၅ ဘီလီယံခန့် ပေးပို့လျက်ရှိသည်။ Bloomberg ၏အဆိုအရ ဆွေးနွေးပွဲများသည် “အစောပိုင်းအဆင့်” တွင်ရှိနေဆဲဖြစ်ပြီး အသေးစိတ်အချက်များစွာကို ခွဲခြမ်းစိတ်ဖြာရန် လိုအပ်နေသေးကြောင်း သိရသည်။ အီးယူသည် ရုရှားအစား အဇာဘိုင်ဂျန်မှ သဘာဝဓာတ်ငွေ့ကို ဝယ်ယူလိုပြီး ယူကရိန်း၏ အခြေခံအဆောက်အအုံများမှတစ်ဆင့် ပို့ဆောင်ရန် လိုလားသည်။ 

"ယူကရိန်းဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးစနစ်သည် ကြီးမားပြီး ၎င်းဆက်လက်လည်ပတ်ဖို့ဆိုလျှင် ဖောက်သည်ရှိမှဖြစ်မည်၊ သို့မဟုတ်လျှင် အဆုံးအရှုံးများနိုင်သည်" ဟု Naftogaz ၏ CEO Alexey Chernyshov က Bloomberg သို့ပြောကြားခဲ့သည်။ ယူကရိန်းသည် ၂၀၂၁ ခုနှစ်တွင် ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးမှ ဒေါ်လာတစ်ဘီလျံ အကျိုးအမြတ်ရရှိပြီး ၎င်း၀င်ငွေကို ထိန်းထားလိုသည်။ Naftogaz ၏ CEO Chernyshov သည် ရုရှားနှင့် လက်ရှိအစီအစဉ်ကို သက်တမ်းတိုးရန် ငြင်းဆန်ထားသည်။ အီးယူသို့ အဇာဘိုင်ဂျန်သည် ဓာတ်ငွေ့ထောက်ပံ့မှုအပြည့်အဝပေးနိုင်သော်လည်း ၎င်းသည် ယူကရိန်း၏လမ်းကြောင်းသို့ တိုက်ရိုက်ဝင်ရောက်ခွင့်မရှိပါ။ အဇာဘိုင်ဂျန်အစိုးရရော ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ SOCAR ကပါ ကောလဟာလ သဘောတူညီချက်နှင့် ပတ်သက်ပြီး Bloomberg ၏ မေးမြန်းထားမှုအား မှတ်ချက်မပြုခဲ့ပါ။ သြစတြီးယားအာဏာပိုင်များကလည်း အလားတူမှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ ယူကရိန်းလိုလားသော တက်ကြွလှုပ်ရှားသူတစ်ဦး၏ ပစ်သတ်ခြင်းကို မခံရမီက စလိုဗက်ကီးယားဝန်ကြီးချုပ် Robert Fico သည် ယမန်လက အဇာဘိုင်ဂျန်သို့ ခရီးထွက် ပြီးနောက် သဘောတူညီချက်အသစ်တစ်ခုဖြစ်နိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။

ဥရောပကော်မရှင်သည် စွမ်းအင်ချွေတာရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲပစ္စည်းများအသုံးပြုခြင်း ပါ၀င်သည့် အစားထိုးလောင်စာများအပေါ် မှီခိုနေပြီး ရာသီဥတုအစီအစဉ်ကို အကောင် အထည်ဖော်ခြင်းဖြင့် ရုရှားမှဓာတ်ငွေ့တင်ပို့ခြင်းကို အဆုံးသတ်နိုင်မည်ဟု ယုံကြည်ထား သည်။ သို့သော် ဆွေးနွေးပွဲများနှင့် နီးစပ်သူများက ဥရောပဆောင်းရာသီ နီးကပ်လာသည်နှင့်အမျှ လက်ရှိ သဘောတူညီချက်သည် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သောကြောင့် ယခုနှစ်ကုန်တွင် သဘော တူညီချက်သစ်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များချမှတ်နိုင်ဖွယ်ရှိကြောင်း Bloomberg သို့ ပြောကြားခဲ့သည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ချောင်းနှစ်ခွ (၅၁)ရက်တိုက်ပွဲ သို့မဟုတ် သက်ရှိစည်းရိုးတို့ရဲ့ စိတ်ဓာတ်ရေးရာအောင်ပွဲ (အပိုင်း - ၂)

RELATED POSTS
RECENT POSTS
အမေရိကန်မှ ယူကရိန်းထံ ပေးပို့လိုက်သော အတွဲလိုက်ဗုံးများကို ဂျာမန်ပိုင်နက်မှတစ်ဆင့် ရွှေ့ပြောင်းခြင်းများလုပ်ဆောင်နေကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြ
27 Jul 2024
ဘားအံမြို့တွင် ရေကြီးရေကြီးရေလျှံမှုများ‌ကြောင့် ဒေသခံများစွာကို ရေဘေးရှောင်စခန်း(၆)ခုသို့ ပြောင်းရွှေ့ထားရ
27 Jul 2024
ရုရှားကာကွယ်ရေး ဒုဝန်ကြီးဟောင်း အကျင့်ပျက်ခြစားမှု နဲ့ ဖမ်းဆီးခံရကာ တရားစွဲဆိုခံရ
27 Jul 2024
ကုမ္ပဏီပေါင်း (၂ဝဝဝ) ကို ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်
27 Jul 2024
သြဂုတ်လမှစ၍ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေးများ ခံစားခွင့်ပြုမည်
26 Jul 2024
ပြည်သူများ၏လိုအပ်ချက်ပေါ်မူတည်၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချသည့် ဆေးအရောင်းပြခန်းများ ထပ်မံဖွင့်လှစ်မည်
26 Jul 2024
ဘင်းမ်စတက် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့ ဗိုလ်ချုပ်မှူးကြီး၊ လားရှိုးနဲ့မိုးကုတ်အခြေအနေကို သိချင်သလား၊ ရိုးမအုပ်စုခေါင်းဆောင် ဦးသိန်းဝေ ရာထူးမှအနားယူ၊ ထိုင်ဝမ်ကမ်းလွန်မှာ သင်္ဘောနစ်မြုပ်မှု မြန်မာ(၉)ဦးပါဝင်
26 Jul 2024
မြဝတီ-ဘားအံလမ်းပေါ်ရှိ နောင်ခွီးတံတား ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးမှုဖြစ်ပေါ်နေသည့်အတွက် ယာဉ်သွားလာမှုခက်ခဲနေ
25 Jul 2024
အကြမ်းဖက်မှုလုပ်ငန်းများ ချုပ်ငြိမ်းစေရန် နိုင်ငံရေးနည်းလမ်းဖြင့်သာ ကြိုးပမ်းမည်ဟု နိုင်ငံရေးပါတီ(၂၇)ပါတီ ထုတ်ပြန်
25 Jul 2024
သမ္မတရွေးကောက်ပွဲက နုတ်ထွက်ခဲ့ရတဲ့အကြောင်းအရင်းကို ဂျိုးဘိုင်ဒန်ထုတ်ဖော်ပြောဆို
25 Jul 2024
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် နိုင်ငံခြားရေးဝန်ကြီးကတရုတ်ခရီးစဥ်တွင်ဖိတ်ခေါ်
25 Jul 2024
အာဆီယံအဖွဲ့မှာ ပုံမှန်အဆင့်တန်းမျိုးပြန်လည်ရရှိဖို့ မြန်မာအစိုးရမျှော်လင့်နေဟုဆို
25 Jul 2024
ဇီလန်စကီးမှာ တရားဝင်မှုမရှိတော့ကြောင်း ကရင်မလင်ပြော
25 Jul 2024
ရေတပ်ဗိုလ်လောင်းတစ်ဦးကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုဖြင့် မလေးရှားကျောင်းသားဟောင်း (၆)ဦး သေဒဏ်ချမှတ်ခံရ
25 Jul 2024
အစ္စရေးဝန်ကြီးချုပ် မိန့်ခွန်းပြောဆိုခါနီး အမေရိကန်လွှတ်တော်အပြင်ဘက်မှာ ပြည်သူများဆန္ဒပြ
25 Jul 2024
လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ပူးပေါင်းအဖွဲ့ချုပ်က ထိန်းချုပ်နိုင်သည်ဆိုသော သတင်းမှာ မဟုတ်မှန်
25 Jul 2024
ရှေးခေတ်ရောမလူမျိုးတွေ စတင်တည်ထောင်ခဲ့တဲ့ ဗြိတိန်တို့ရဲ့ မြို့တော် “လန်ဒန်” အကြောင်း (ဗဟုသုတဆောင်းပါး)
25 Jul 2024
ရုပ်ရှင်နဲ့ ရုပ်ရှင်လောကသားတွေ ပြည်သူ့အတွက် ဖြစ်ခဲ့သလား . . . အပိုင်း(၁) (အင်တာဗျူး)
25 Jul 2024
ချေးငွေသက်တမ်း(၃)နှစ်ကျော်လွန်ပြီးသည့် ကိုဗစ်(၁၉)ရန်ပုံငွေချေးငွေများကို ချေးငွေသက်တမ်းတိုးမြှင့်ပေးရန် အစီအစဥ်မရှိဟုဆို
25 Jul 2024
မှော်ဘီမြို့နယ်တွင် ယာဥ်(၂)စီး တိုက်မိရာမှ လူ(၂)ဦးပွဲချင်းပြီး သေဆုံးကာ (၆)ဦး ဒဏ်ရာရ
25 Jul 2024
FOLLOW US

Copyright © News Services Station | All Right Reserved