Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
(၉)နှစ်အတွင်း ကျပ်ဘီလျံ (၃ဝဝ)ခန့်တန်ကြေးရှိ မူးယစ်ဆေးဝါးများကို AA အဖွဲ့ဝင်များထံမှ သိမ်းဆည်းရမိထား

Pearl (NSS) - ဇွန် ၁၁ 

   AA  လက်နက်ကိုင်အဖွဲ့သည် မူးယစ်ဆေးဝါးဖြင့်ရပ်တည်နေပြီး (၉)နှစ်အတွင်း ငွေကျပ်ဘီလျံ (၃၀ဝ)နီးပါးတန်ဖိုးရှိဆေးဝါးများကို ၎င်းတို့နှင့်ဆက်စပ်၍ ဖမ်းဆီးရမိခဲ့ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။


AA လက်နက်ကိုင်အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း၌ လူမျိုးရေးအစွန်းရောက်လှုံ့ဆော်မှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ မီးရှို့ဖျက်ဆီးမှုများကို ဆောင်ရွက်နေသည့်အပြင် ရခိုင်ပြည်နယ်အတွင်း တစ်မျိုးသားလုံးလူညွန့်တုံးစေရန်အတွက် မူးယစ်ဆေးဝါးများ ရောင်းဝယ်ခြင်း၊ ဖြန့်ဖြူးခြင်းများကိုဆောင်ရွက်နေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက‌ ပြောသည်။

ထို့ပြင် AA လက်နက်ကိုင်အဖွဲ့သည် မူးယစ်ဆေးဖြင့် ရပ်တည်နေသော အဖွဲ့အစည်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ "ရခိုင်လက်နက်ကိုင်အဖွဲ့ AA  က မူးယစ်ဆေးနဲ့  ရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကနေ ဒီမတ်လအတွင်း AA သောင်း ကျန်းသူအဖွဲ့နဲ့ဆက်စပ်နဲ့ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု (၉)ကြိမ်ရှိခဲ့တယ်။ မူးယစ်ဆေးဝါး  ကာလတန်ဖိုး (၂၉၄.၈၂) ဘီလျံကျပ်ဖြစ်ကြောင်းတွေ့ရှိရပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

၂၀၁၆ ခုနှစ်မှစတင်၍ ၂၀၂၄ ခုနှစ် မတ်လအထိ AA လက်နက်ကိုင်အဖွဲ့နှင့် ဆက်စပ်သည့် မူးယစ်ဆေးဖမ်းဆီးရရှိမှု (၉)ခုရှိခဲ့ကာ ကာလတန်ဖိုးအနေဖြင့် (၂၉၄ ဒသမ ၈၂) ဘီလျံကျပ်ဖြစ်ကြောင်းလည်း သိရသည်။ ပြည်သူများအနေဖြင့်လည်း AA လက်နက်ကိုင်အဖွဲ့၏ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းများကို ဝိုင်းဝန်းဆန့်ကျင်ကြရန်လိုကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်တွန်းထားသည်။ "ပြည်သူများအနေနဲ့ သူတို့ရဲ့ အစွန်း ရောက်လုပ်ရပ်တွေ၊ ရခိုင်တစ်မျိုးသားလုံးကို လူညွန့်တုံးစေမယ့် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု လုပ်ငန်းတွေလုပ်ဆောင်နေတဲ့ အကြမ်းဖက်သောင်းကျန်းသူ AA အဖွဲ့နဲ့ပတ် သက်ပြီးတော့ သတိရှိဖို့လိုပါတယ်။ ဒီဟာတွေကို ဆောင်ရွက်နေခြင်းဟာ ရခိုင်ပြည်နယ်၊ ရခိုင်ပြည်သူလူထု၊ ကျွန်တော်တို့ မြန်မာနိုင်ငံသူ/သားတွေအတွက် အကျိုးယုတ်စေမယ့် လုပ်ငန်းတွေပဲဖြစ်လို့ အားလုံးက ဝိုင်းဝန်းဆန့်ကျင်ကြဖို့ သတိပေးပြောကြားလိုပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

ပြီးခဲ့သည့် မတ်လ(၂၁)ရက်က ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ဆိပ်ကမ်းရှိ အမှတ်(၂)တံတား၌ ဆိုက်ကပ်ထားသော ရန်ကုန်-စစ်တွေပြေးဆွဲနေသည့် "အမ်ဗီ-စိန်ပြည့်မင်း" ကုန်တင်သင်္ဘောကို ဝင်ရောက်ရှာဖွေခဲ့ရာ AAလက်နက်ကိုင်အဖွဲ့က သယ်ဆောင်ခိုင်းသော ကတ်ထူဖာ အတွင်းမှ ငွေကျပ် ၁ ဘီလျံတန်ဖိုးရှိ  WY စာတန်းပါ (ပန်းရောင်) စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့ဖူးသည်။ ထို့ပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ တွင်လည်း ရန်ကုန်မြို့၌ AA လက်နက်ကိုင်အဖွဲ့မှ ပါဝင်ပတ်သက်နေသည့် မူးယစ်မှောင်ခိုဂိုဏ်းကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ငွေကျပ်ဘီလျံ (၅၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးများကို စံချိန်တင်သိမ်းဆည်းရရှိခဲ့ဖူးသည်။

အလားတူ ပြီးခဲ့သည့် မေလ (၂၉)ရက်တွင်လည်း ထွန်းထွန်းဝင်းနှင့် တေဇတို့လိုက်ပါလာပြီး ရန်ကုန်မှပြည်မြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးကို စစ်ဆေးစဉ် AA လက်နက်ကိုင် အဖွဲ့ထံသို့ပို့ဆောင်မည့် WY စာတန်းပါဆေးပြား စုစုပေါင်း(၂၉)သိန်း ၊ ကာလတန်ဖိုးငွေ ကျပ်သိန်း(၂)သောင်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

၂၀၂၃- ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲကို အင်းစိန်ဗဟိုအကျဥ်းထောင်မှ ရာနှုန်းပြည့်အောင်မြင်သည့်အပြင် အကျဥ်းသားတစ်ဦးမှာ ဝိဇ္ဇာဘာသာတွဲ၌ တစ်နိုင်ငံလုံး တတိယအမှတ်အများဆုံးရရှိ

RECENT POSTS
ရုရှားကာကွယ်ရေး ဒုဝန်ကြီးဟောင်း အကျင့်ပျက်ခြစားမှု နဲ့ ဖမ်းဆီးခံရကာ တရားစွဲဆိုခံရ
27 Jul 2024
ကုမ္ပဏီပေါင်း (၂ဝဝဝ) ကို ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်
27 Jul 2024
သြဂုတ်လမှစ၍ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေးများ ခံစားခွင့်ပြုမည်
26 Jul 2024
ပြည်သူများ၏လိုအပ်ချက်ပေါ်မူတည်၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချသည့် ဆေးအရောင်းပြခန်းများ ထပ်မံဖွင့်လှစ်မည်
26 Jul 2024
ဘင်းမ်စတက် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့ ဗိုလ်ချုပ်မှူးကြီး၊ လားရှိုးနဲ့မိုးကုတ်အခြေအနေကို သိချင်သလား၊ ရိုးမအုပ်စုခေါင်းဆောင် ဦးသိန်းဝေ ရာထူးမှအနားယူ၊ ထိုင်ဝမ်ကမ်းလွန်မှာ သင်္ဘောနစ်မြုပ်မှု မြန်မာ(၉)ဦးပါဝင်
26 Jul 2024
မြဝတီ-ဘားအံလမ်းပေါ်ရှိ နောင်ခွီးတံတား ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးမှုဖြစ်ပေါ်နေသည့်အတွက် ယာဉ်သွားလာမှုခက်ခဲနေ
25 Jul 2024
အကြမ်းဖက်မှုလုပ်ငန်းများ ချုပ်ငြိမ်းစေရန် နိုင်ငံရေးနည်းလမ်းဖြင့်သာ ကြိုးပမ်းမည်ဟု နိုင်ငံရေးပါတီ(၂၇)ပါတီ ထုတ်ပြန်
25 Jul 2024
သမ္မတရွေးကောက်ပွဲက နုတ်ထွက်ခဲ့ရတဲ့အကြောင်းအရင်းကို ဂျိုးဘိုင်ဒန်ထုတ်ဖော်ပြောဆို
25 Jul 2024
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် နိုင်ငံခြားရေးဝန်ကြီးကတရုတ်ခရီးစဥ်တွင်ဖိတ်ခေါ်
25 Jul 2024
အာဆီယံအဖွဲ့မှာ ပုံမှန်အဆင့်တန်းမျိုးပြန်လည်ရရှိဖို့ မြန်မာအစိုးရမျှော်လင့်နေဟုဆို
25 Jul 2024
ဇီလန်စကီးမှာ တရားဝင်မှုမရှိတော့ကြောင်း ကရင်မလင်ပြော
25 Jul 2024
ရေတပ်ဗိုလ်လောင်းတစ်ဦးကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုဖြင့် မလေးရှားကျောင်းသားဟောင်း (၆)ဦး သေဒဏ်ချမှတ်ခံရ
25 Jul 2024
အစ္စရေးဝန်ကြီးချုပ် မိန့်ခွန်းပြောဆိုခါနီး အမေရိကန်လွှတ်တော်အပြင်ဘက်မှာ ပြည်သူများဆန္ဒပြ
25 Jul 2024
လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ပူးပေါင်းအဖွဲ့ချုပ်က ထိန်းချုပ်နိုင်သည်ဆိုသော သတင်းမှာ မဟုတ်မှန်
25 Jul 2024
ရှေးခေတ်ရောမလူမျိုးတွေ စတင်တည်ထောင်ခဲ့တဲ့ ဗြိတိန်တို့ရဲ့ မြို့တော် “လန်ဒန်” အကြောင်း (ဗဟုသုတဆောင်းပါး)
25 Jul 2024
ရုပ်ရှင်နဲ့ ရုပ်ရှင်လောကသားတွေ ပြည်သူ့အတွက် ဖြစ်ခဲ့သလား . . . အပိုင်း(၁) (အင်တာဗျူး)
25 Jul 2024
ချေးငွေသက်တမ်း(၃)နှစ်ကျော်လွန်ပြီးသည့် ကိုဗစ်(၁၉)ရန်ပုံငွေချေးငွေများကို ချေးငွေသက်တမ်းတိုးမြှင့်ပေးရန် အစီအစဥ်မရှိဟုဆို
25 Jul 2024
မှော်ဘီမြို့နယ်တွင် ယာဥ်(၂)စီး တိုက်မိရာမှ လူ(၂)ဦးပွဲချင်းပြီး သေဆုံးကာ (၆)ဦး ဒဏ်ရာရ
25 Jul 2024
ကမ္ဘာ့အထိုင်ဟောင်းမှသည် ကမ္ဘာ့အထိုင်သစ်ဆီသို့ (ဘာသာပြန်ဆောင်းပါး)
25 Jul 2024
မိုးကုတ် အကျိုးယုတ်ပြီလား ၊ KNU ခေါင်းဆောင်ဟောင်း နော်စီဖိုးရာစိန် ကွယ်လွန်၊ လောက်ကိုင်ကို (၃)ကြိမ်မြောက် လေကြောင်းက ပစ်ပြီးနောက် အတည်ပြုရခက်ခဲသော Asia World ထွန်းမြင့်နိုင်ရဲ့စာတစ်စောင်ထွက်လာ (၂၄-၇-၂ဝ၂၄)
25 Jul 2024
FOLLOW US

Copyright © News Services Station | All Right Reserved