မြန်မာတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများအဆုံးသတ်ကြရန် မလေးရှားဝန်ကြီးချုပ်တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - ဇွန် ၁၁
မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသည့် တိုက်ခိုက်မှုများနှင့် နိုင်ငံရေးပစ်ပယ်ခြင်းများကို အဆုံးသတ်ရန် မလေးရှားဝန်ကြီးချုပ်က တိုက်တွန်းတောင်းဆိုလိုက်ကြောင်းသိရသည်။ မလေးရှားဝန်ကြီးချုပ် ဒါတွတ်ဆာရီ အန်ဝါအီဘရာဟင်သည် အာဆီယံထိပ်သီးအစည်း အဝေးမတိုင်ခင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မလေးရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံရေး အငြင်းပွားမှုများတွင်ပါဝင်နေသည့်အဖွဲ့အစည်းအားလုံးနှင့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုများ၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးခြင်းများထိရောက် စွာကူညီဆောင်ရွက်ခြင်း၊ ငြိမ်းချမ်းရေးရရှိရန် ဩဇာလွှမ်းမိုးမှုရှိသောမိတ်ဖက်နိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မလေးရှား ဝန်ကြီး ချုပ်က ပြောသည်။ ၎င်းက ‘‘မြန်မာနိုင်ငံမှာ သေဆုံးမှုတွေ၊ တိုက်ပွဲတွေနဲ့ နေရပ်စွန့်ခွာနေရသူတွေ ပိုမိုများပြားလာနေတယ်။ မြန်မာ့အရေးဟာ အာဆီယံအဖွဲ့အတွက်တော့ ခက်ခဲတဲ့စိန်ခေါ်မှုဖြစ်လာဖွယ်ရှိနေပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အားလုံးစည်းလုံးညီညွတ်စွာနဲ့ အသံတွေထွက်ရမယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဟာ အာဆီယံကြေညာစာတမ်းကို ကိုင်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ချိုးဖောက်နေတာတွေကို ထောက်ပြပြောဆိုဖို့ ပျက်ကွက်နေမယ်ဆိုရင် ကျွန်တော်တို့ အားလုံးဟာ ကိုယ်ကျင့်တရားပျက်ယွင်းတာလိုမျိုးဖြစ်လာနိုင်တယ်”ဟုပြောသည်။
မလေးရှားဝန်ကြီးချုပ်က အာဆီယံအဖွဲ့သည် နည်းလမ်းမျိုးစုံသုံးပြီး မြန်မာနိုင်ငံရှိလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်ရန် စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိအဖွဲ့အစည်းအသီးသီးက အကူအညီများကို လက်ခံရန်အဆင့်သင့်ဖြစ်နေချိန်တွင် လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးနိုင်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်းပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၉)နှစ်အတွင်း ကျပ်ဘီလျံ (၃ဝဝ)ခန့်တန်ကြေးရှိ မူးယစ်ဆေးဝါးများကို AA အဖွဲ့ဝင်များထံမှ သိမ်းဆည်းရမိထား
RELATED POSTS
06 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
06 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
31 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ