Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
PJ မှ PV နိုင်ငံကူးလက်မှတ် ပြောင်းလဲလျှောက်ထားမှုများကို ယာယီပိတ်သိမ်း

ယွန်း (NSS) - ဇွန် ၁၁

ပြည်ပထွက်ခွာအလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ် PJ (Passport for Job) မှ အလည်အပတ် နိုင်ငံကူးလက်မှတ် PV (Passport for Visit) ပြောင်းလဲလျှောက်ထားမှုကို ယာယီပိတ်သိမ်း ထားကြောင်း သိရသည်။


အဆိုပါ ပြောင်းလဲလျှောက်ထားမှုကို ဇွန်လ(၆)ရက်နေ့မှစ၍ ပိတ်သိမ်းလိုက်ခြင်းဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မည့်ရက်ကို မသိရသေးကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “သက်တမ်းရှိ PJ တွေကို PV ပြောင်းလဲတာကို ပိတ်ထားပါတယ်။ ဘာကြောင့်ဆိုတာတော့ မပါဘူး။ အပေါ်က ညွှန်ကြားချက်အတိုင်း ဆောင်ရွက်နေတာပါ။ ၆ ရက်နေ့ကနေစပြီး ပိတ်လိုက်တာပါ။ ဘယ်တော့ပြန်ဖွင့်မယ်ဆိုတာတော့ မသိရသေးပါဘူး။ အရင်လုပ်ထားတဲ့သူတွေကတော့ ရပါတယ်။ အခုကတော့ သက်တမ်းရှိပြီးတော့ PV လာချိန်းတဲ့ သူတွေကို ပိတ်တာပေါ့။ အဲဒီလိုလုပ်တဲ့သူတွေက အရမ်းတော့မများဘူး။ နည်းသွားပါပြီ” ဟု အထက်ပါတာဝန်ရှိသူက NSS ကို ပြောသည်။ 

ပြည်တွင်း၌ ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် ပြည်တွင်းရှိ လုပ်သားများအနေဖြင့် နိုင်ငံခြားထွက်ခွာမှု ပိုမိုများပြားလာခဲ့ရာ PJ (Passport for Job) နိုင်ငံကူးလက်မှတ် လျှောက်ထားမှုပိုမိုများပြားလာခဲ့သည့်အပြင် တရားမဝင်သွားရောက်မှုများလည်း ရှိလာခဲ့သည်။ သို့သော် နစက၏ အလုပ်သမားဝန်ကြီး ဌာနမှ ပြီးခဲ့သည့် မေလ ၁ ရက်မှစ၍ ပြည်ပနိုင်ငံများ၏ မြန်မာအမျိုးသားအလုပ်ခေါ်စာများကို ယာယီဆိုင်းငံ့ထားခဲ့သည်။ ထို့နောက် မေ ၇ ရက်နေ့တွင် အသက် (၂၃)နှစ်မှ (၃၁)ကြားရှိ အမျိုးသားများမှလွဲ၍ ကျန်အမျိုးသားများအနေဖြင့် ပြည်ပထွက်ခွာ၍ အလုပ်လုပ်ကိုင်ခွင့်ရရှိပြီဖြစ်ကြောင်း ထပ်မံအသိပေးခဲ့သည်။

အဆိုပါ အသိပေးချက်ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ပြည်ပထွက်ခွာအလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ် (PJ)  အစား အလည်အပတ်နိုင်ငံကူး လက်မှတ် (PV) လျှောက်ထားမှု များပြားလာခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံသည် မြန်မာအမျိုးသား အလုပ်သမားခေါ်ယူမှု အများဆုံးနိုင်ငံဖြစ်ပြီး စင်ကာပူနိုင်ငံ၊ ဂျပန်နိုင်ငံတို့မှလည်း မြန်မာအမျိုးသား အလုပ်သမားအများအပြားခေါ်ယူလျက်ရှိကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများအဆုံးသတ်ကြရန် မလေးရှားဝန်ကြီးချုပ်တိုက်တွန်းတောင်းဆို

RELATED POSTS
RECENT POSTS
ဖိလစ်ပိုင်အစိုးရရဲ့လုပ်ရပ်တွေကို တရုတ်အစိုးရ သတိပေး
27 Jul 2024
ရုရှားထံကသိမ်းယူထားတဲ့ငွေကြေးများအနက်မှ ဒေါ်လာ (၁ ဒသမ ၆)ဘီလျံအား ယူကရိန်းကို ကူညီထောက်ပံ့ပေးခဲ့ဟု ဥရောပသမဂ္ဂပြော
27 Jul 2024
ရန်ကုန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘုန်းကြီးကျောင်းရှိ အုတ်တံတိုင်းပြိုကျ၍ ကား(၆)စီးပိမိမှုဖြစ်ပွား
27 Jul 2024
နေတိုးထောက်လှမ်းရေးလေယာဉ်သည် ပင်လယ်နက်အတွင်း ကြားဖြတ်ပျံသန်းမှုများပြုလုပ်ခဲ့
27 Jul 2024
အမေရိကန်မှ ယူကရိန်းထံ ပေးပို့လိုက်သော အတွဲလိုက်ဗုံးများကို ဂျာမန်ပိုင်နက်မှတစ်ဆင့် ရွှေ့ပြောင်းခြင်းများလုပ်ဆောင်နေကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြ
27 Jul 2024
ဘားအံမြို့တွင် ရေကြီးရေကြီးရေလျှံမှုများ‌ကြောင့် ဒေသခံများစွာကို ရေဘေးရှောင်စခန်း(၆)ခုသို့ ပြောင်းရွှေ့ထားရ
27 Jul 2024
ရုရှားကာကွယ်ရေး ဒုဝန်ကြီးဟောင်း အကျင့်ပျက်ခြစားမှု နဲ့ ဖမ်းဆီးခံရကာ တရားစွဲဆိုခံရ
27 Jul 2024
ကုမ္ပဏီပေါင်း (၂ဝဝဝ) ကို ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်
27 Jul 2024
သြဂုတ်လမှစ၍ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေးများ ခံစားခွင့်ပြုမည်
26 Jul 2024
ပြည်သူများ၏လိုအပ်ချက်ပေါ်မူတည်၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချသည့် ဆေးအရောင်းပြခန်းများ ထပ်မံဖွင့်လှစ်မည်
26 Jul 2024
ဘင်းမ်စတက် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့ ဗိုလ်ချုပ်မှူးကြီး၊ လားရှိုးနဲ့မိုးကုတ်အခြေအနေကို သိချင်သလား၊ ရိုးမအုပ်စုခေါင်းဆောင် ဦးသိန်းဝေ ရာထူးမှအနားယူ၊ ထိုင်ဝမ်ကမ်းလွန်မှာ သင်္ဘောနစ်မြုပ်မှု မြန်မာ(၉)ဦးပါဝင်
26 Jul 2024
မြဝတီ-ဘားအံလမ်းပေါ်ရှိ နောင်ခွီးတံတား ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးမှုဖြစ်ပေါ်နေသည့်အတွက် ယာဉ်သွားလာမှုခက်ခဲနေ
25 Jul 2024
အကြမ်းဖက်မှုလုပ်ငန်းများ ချုပ်ငြိမ်းစေရန် နိုင်ငံရေးနည်းလမ်းဖြင့်သာ ကြိုးပမ်းမည်ဟု နိုင်ငံရေးပါတီ(၂၇)ပါတီ ထုတ်ပြန်
25 Jul 2024
သမ္မတရွေးကောက်ပွဲက နုတ်ထွက်ခဲ့ရတဲ့အကြောင်းအရင်းကို ဂျိုးဘိုင်ဒန်ထုတ်ဖော်ပြောဆို
25 Jul 2024
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် နိုင်ငံခြားရေးဝန်ကြီးကတရုတ်ခရီးစဥ်တွင်ဖိတ်ခေါ်
25 Jul 2024
အာဆီယံအဖွဲ့မှာ ပုံမှန်အဆင့်တန်းမျိုးပြန်လည်ရရှိဖို့ မြန်မာအစိုးရမျှော်လင့်နေဟုဆို
25 Jul 2024
ဇီလန်စကီးမှာ တရားဝင်မှုမရှိတော့ကြောင်း ကရင်မလင်ပြော
25 Jul 2024
ရေတပ်ဗိုလ်လောင်းတစ်ဦးကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုဖြင့် မလေးရှားကျောင်းသားဟောင်း (၆)ဦး သေဒဏ်ချမှတ်ခံရ
25 Jul 2024
အစ္စရေးဝန်ကြီးချုပ် မိန့်ခွန်းပြောဆိုခါနီး အမေရိကန်လွှတ်တော်အပြင်ဘက်မှာ ပြည်သူများဆန္ဒပြ
25 Jul 2024
လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ပူးပေါင်းအဖွဲ့ချုပ်က ထိန်းချုပ်နိုင်သည်ဆိုသော သတင်းမှာ မဟုတ်မှန်
25 Jul 2024
FOLLOW US

Copyright © News Services Station | All Right Reserved