Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တနင်္သာရီ၌ ဆီအုန်းစိုက်ဧက (၄) သိန်း နီးပါးရှိသော်လည်း လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ခြင်းမရှိ

ယွန်း (NSS) - ဇွန် ၁၁

တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ဆီအုန်း စိုက်ဧက (၄)သိန်းနီးပါး စိုက်ပျိုးထားနိုင်သော်လည်း လျာထားချက်အတိုင်း ပြည့်မီစေရန် စိုက်ပျိုးနိုင်ခြင်းမရှိသေးကြောင်း တနင်္သာရီတိုင်းရှိ ဆီအုန်းစိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။


ဆီအုန်းကို မြန်မာနိုင်ငံအနှံ့အပြားတွင် စမ်းသပ်စိုက်ပျိုးခဲ့သော်လည်း အီကွေတာနှင့်နီးစပ်သည့် တနင်္သာရီတိုင်းတွင်သာ ဆီအုန်းစိုက်ပျိုးမှုဖြစ်ထွန်းကာ စီးပွားဖြစ်စိုက်ပျိုးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

“ တနင်္သာရီတိုင်းမှာပဲ အဓိကစိုက်ကြတယ်။ တနင်္သာရီတိုင်းဆိုတာတောင် မြိတ် အောက်ပိုင်း မှာပဲ စီးပွားဖြစ်စိုက်နေကြတာ။ မြန်မာတစ်နိုင်ငံလုံးမှာတော့ စမ်းသပ်ပြီး စိုက်ပျိုးခဲ့ကြပါတယ်။ မြိတ်၊ ငပလီ၊ သံတွဲမှာလည်း စိုက်တယ်။ ဒါပေမဲ့ စီးပွားဖြစ်စိုက်နိုင်တာက မြိတ် အောက်ပိုင်းက အီကွေတာနဲ့ ပိုနီးတော့ စိုက်လို့ပိုကောင်းတယ် ” ဟု တနင်္သာရီတိုင်းတွင် ဆီအုန်းစိုက်ပျိုးရေးလုပ်ကိုင်နေသူတစ်ဦးက NSS ကိုပြောသည်။

နိုင်ငံတော်အနေဖြင့် တနင်္သာရီတိုင်းအတွင်း ဆီအုန်းဧက (၅)သိန်းအထိ စိုက်ပျိုးရန်လျာထား သော်လည်း လက်ရှိအချိန်အထိ ဧက (၄)သိန်း ဝန်းကျင်သာ စိုက်ပျိုးမှုရှိနေကာ ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနေကြောင်း သိရသည်။ “ အရင်က လျာထား တာတော့ ဧက (၅)သိန်းဆိုပြီး လျာထားပေမယ့် (၄)သိန်း ဝန်းကျင်လောက်ပဲ ဖြစ်ထွန်းတယ်။ ကော့သောင်းမြို့နယ်နဲ့ ဘုတ်ပြင်းမြို့နယ်မှာ စိုက်တာများတယ်။ ပြည်တွင်း စားအုန်းဆီလိုအပ်ချက်အရ အားလုံးမဟုတ်ရင်တောင်မှ တစ်ဖက်တစ်လမ်းကတော့ ဖြည့်ဆည်းပေးနေပါတယ်။ လက်ရှိမှာ ဆီအုန်းကထွက်တဲ့ ဆီတွေကို ပြည်တွင်းမှာလည်း စားသုံးမှုရှိနေပါတယ်။ ရန်ကုန်မှာဆိုရင် ဆီသန့် စက်ရုံ ရှိတယ်လေ အဲဒီကထွက်တဲ့ဟာတွေနဲ့ စားသုံးနေကြပါတယ်။ ကျွန်တော်တို့ ဝယ်စားနေရတာက တစ်ပိဿာကို ၄၀ဝ၀ ကျော် ၅၀ဝ၀ နဲ့ဝယ်စားနေရပါတယ်”ဟု ၎င်းကပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်း စိုက်ပျိုးမှုကို ၁၉၉၀ ပြည့်နှစ်ဝန်းကျင်မှစတင်စိုက်ပျိုး ခဲ့ပြီး အများစုမှာ ဆီသီးခိုင်ခူး၍ ကော့သောင်းခရိုင်အတွင်းရှိ ဆီကြမ်းစက်ရုံနှစ်ရုံသို့ တင်ပို့ ရောင်းချနေ ကြောင်း သိရသည်။ လက်ရှိတွင် ဆီသီးခိုင် တစ်တန်လျှင် ငွေကျပ်(၃) သိန်းကျော် ပေါက်ဈေးရှိနေပြီး နှစ်စဉ် တစ်ဧကလျှင် ငွေကျပ် (၁၈)သိန်းနီးပါးအထိ ရရှိကြောင်း သိရသည်။

ဆီအုန်းစိုက်ခင်း တစ်ဧကလျှင် ပျမ်းမျှဆီသီးခိုင် (၃)တန်ခန့်ထွက်ရှိပြီး ဆီကြမ်းအနေဖြင့် (ဝ.၆၆) တန်ထွက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ နှစ်စဉ် စားသုံးဆီသုံးစွဲမှု တန်ချိန် ၁၂ သိန်းခန့်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုမှာ တန်ချိန်သုံးသိန်းခန့်သာ ရှိသဖြင့် နှစ်စဉ် ပြည်ပမှတန်ချိန် ကိုးသိန်းခန့် တင်သွင်းနေရကြောင်း သိရသည်။             

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံတော်၏ ဘယ်လက်ရုံးများ (ဆောင်းပါး)

RECENT POSTS
အမေရိကန်မှ ယူကရိန်းထံ ပေးပို့လိုက်သော အတွဲလိုက်ဗုံးများကို ဂျာမန်ပိုင်နက်မှတစ်ဆင့် ရွှေ့ပြောင်းခြင်းများလုပ်ဆောင်နေကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြ
27 Jul 2024
ဘားအံမြို့တွင် ရေကြီးရေကြီးရေလျှံမှုများ‌ကြောင့် ဒေသခံများစွာကို ရေဘေးရှောင်စခန်း(၆)ခုသို့ ပြောင်းရွှေ့ထားရ
27 Jul 2024
ရုရှားကာကွယ်ရေး ဒုဝန်ကြီးဟောင်း အကျင့်ပျက်ခြစားမှု နဲ့ ဖမ်းဆီးခံရကာ တရားစွဲဆိုခံရ
27 Jul 2024
ကုမ္ပဏီပေါင်း (၂ဝဝဝ) ကို ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်
27 Jul 2024
သြဂုတ်လမှစ၍ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေးများ ခံစားခွင့်ပြုမည်
26 Jul 2024
ပြည်သူများ၏လိုအပ်ချက်ပေါ်မူတည်၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချသည့် ဆေးအရောင်းပြခန်းများ ထပ်မံဖွင့်လှစ်မည်
26 Jul 2024
ဘင်းမ်စတက် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့ ဗိုလ်ချုပ်မှူးကြီး၊ လားရှိုးနဲ့မိုးကုတ်အခြေအနေကို သိချင်သလား၊ ရိုးမအုပ်စုခေါင်းဆောင် ဦးသိန်းဝေ ရာထူးမှအနားယူ၊ ထိုင်ဝမ်ကမ်းလွန်မှာ သင်္ဘောနစ်မြုပ်မှု မြန်မာ(၉)ဦးပါဝင်
26 Jul 2024
မြဝတီ-ဘားအံလမ်းပေါ်ရှိ နောင်ခွီးတံတား ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးမှုဖြစ်ပေါ်နေသည့်အတွက် ယာဉ်သွားလာမှုခက်ခဲနေ
25 Jul 2024
အကြမ်းဖက်မှုလုပ်ငန်းများ ချုပ်ငြိမ်းစေရန် နိုင်ငံရေးနည်းလမ်းဖြင့်သာ ကြိုးပမ်းမည်ဟု နိုင်ငံရေးပါတီ(၂၇)ပါတီ ထုတ်ပြန်
25 Jul 2024
သမ္မတရွေးကောက်ပွဲက နုတ်ထွက်ခဲ့ရတဲ့အကြောင်းအရင်းကို ဂျိုးဘိုင်ဒန်ထုတ်ဖော်ပြောဆို
25 Jul 2024
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် နိုင်ငံခြားရေးဝန်ကြီးကတရုတ်ခရီးစဥ်တွင်ဖိတ်ခေါ်
25 Jul 2024
အာဆီယံအဖွဲ့မှာ ပုံမှန်အဆင့်တန်းမျိုးပြန်လည်ရရှိဖို့ မြန်မာအစိုးရမျှော်လင့်နေဟုဆို
25 Jul 2024
ဇီလန်စကီးမှာ တရားဝင်မှုမရှိတော့ကြောင်း ကရင်မလင်ပြော
25 Jul 2024
ရေတပ်ဗိုလ်လောင်းတစ်ဦးကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုဖြင့် မလေးရှားကျောင်းသားဟောင်း (၆)ဦး သေဒဏ်ချမှတ်ခံရ
25 Jul 2024
အစ္စရေးဝန်ကြီးချုပ် မိန့်ခွန်းပြောဆိုခါနီး အမေရိကန်လွှတ်တော်အပြင်ဘက်မှာ ပြည်သူများဆန္ဒပြ
25 Jul 2024
လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ပူးပေါင်းအဖွဲ့ချုပ်က ထိန်းချုပ်နိုင်သည်ဆိုသော သတင်းမှာ မဟုတ်မှန်
25 Jul 2024
ရှေးခေတ်ရောမလူမျိုးတွေ စတင်တည်ထောင်ခဲ့တဲ့ ဗြိတိန်တို့ရဲ့ မြို့တော် “လန်ဒန်” အကြောင်း (ဗဟုသုတဆောင်းပါး)
25 Jul 2024
ရုပ်ရှင်နဲ့ ရုပ်ရှင်လောကသားတွေ ပြည်သူ့အတွက် ဖြစ်ခဲ့သလား . . . အပိုင်း(၁) (အင်တာဗျူး)
25 Jul 2024
ချေးငွေသက်တမ်း(၃)နှစ်ကျော်လွန်ပြီးသည့် ကိုဗစ်(၁၉)ရန်ပုံငွေချေးငွေများကို ချေးငွေသက်တမ်းတိုးမြှင့်ပေးရန် အစီအစဥ်မရှိဟုဆို
25 Jul 2024
မှော်ဘီမြို့နယ်တွင် ယာဥ်(၂)စီး တိုက်မိရာမှ လူ(၂)ဦးပွဲချင်းပြီး သေဆုံးကာ (၆)ဦး ဒဏ်ရာရ
25 Jul 2024
FOLLOW US

Copyright © News Services Station | All Right Reserved