Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံတော်၏ ဘယ်လက်ရုံးများ (ဆောင်းပါး)

ဖြိုးဝေလင်း (ပုသိမ်) (NSS) - ဇွန် ၁၂

“ လက်ရုံး ” ဟူသော ဝေါဟာရကို မြန်မာ အဘိဓာန်တွင် “ အားကိုးအားထားပြုလောက်သူ ” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ မိမိ၏ကိုယ်ပွားတမျှ အားကိုးအားထားရသူများကို ဘယ်လက်ရုံး၊ ညာလက်ရုံး ဟူ၍တင်စားခေါ်ဝေါ်ကြသည်။ နိုင်ငံတစ်ခုအနေဖြင့်ကြည့်သော် ပြည်တွင်း အင်အားသည် တိုင်းပြည်၏ ညာလက်ရုံးဖြစ်ပြီး ပြည် ပရောက်သွေးချင်းများကို ဘယ်လက်ရုံးဟု သတ်မှတ်နိုင်သည်။ 

ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပြည်ပရောက် နိုင်ငံသားများသည် ၎င်းတို့၏ အမိနိုင်ငံအား ကဏ္ဍပေါင်း စုံမှ ပံ့ပိုးကူညီလျက်ရှိသည်။ သိသာထင်ရှားသော ပံ့ပိုးကူညီမှုများမှာ ငွေလွှဲပေးပို့ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း ကဲ့သို့သော စီးပွားရေးဆိုင်ရာပံ့ပိုးကူညီမှု၊ သိပ္ပံနှင့် နည်းပညာ၊ ကျွမ်းကျင်မှု ကဲ့သို့သော ပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု၊ သက်ဆိုင်ရာနိုင်ငံများတွင် ဇာတိမြေ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာစကား တို့ကိုဖြန့် ဝေခြင်းကဲ့သို့သော လူမှုရေးဆိုင်ရာပံ့ပိုးကူညီမှု၊ တွန်းအားပေးခြင်း၊ စည်းရုံးခြင်း၊ ကိုယ်စားပြုခြင်း ကဲ့သို့သော နိုင်ငံရေးဆိုင်ရာပံ့ပိုးကူညီမှုတို့ဖြစ်သည်။ 

ကုလသမဂ္ဂလက်အောက်ရှိ International Organization for Migration (IOM) \ World Migration Report, 2024  အရ အိန္ဒိယ နိုင်ငံသည် ရွှေ့ပြောင်းနေထိုင်သူ ဦးရေ ၁၈ သန်းခန့်ဖြင့် ကမ္ဘာပေါ်တွင် ပြည်ပရောက်နိုင်ငံသားအများဆုံး နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ ထို့နောက်တွင် ရွှေ့ပြောင်းနေထိုင်သူဦးရေ ၁၂ သန်းခန့်ဖြင့် မက္ကဆီကိုနိုင်ငံမှ ဒုတိယလိုက်သည်။ တတိယနေရာတွင် ရုရှားနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူဦးရေ ၁၁ သန်းခန့် ဖြင့် ရပ်တည်လျက်ရှိသည်။ တရုတ်နိုင်ငံသည် ၁၀ သန်းခန့်ဖြင့် စတုတ္ထ နေရာတွင်ရပ်တည်လျက်ရှိသည်။ ၂၀၁၉ ကြားဖြတ် သန်းခေါင်စာရင်းများအရ မြန်မာနိုင်ငံသား ၁.၆ သန်းခန့်သည် ပြည်ပတွင် ရောက်ရှိနေကြောင်း တွေ့ ရသည်။ လက်ရှိအချိန်တွင် ၃ သန်း ခန့်ရှိသည်ဟု UN စာရင်းများတွင်ဖော်ပြထားသည်။ ၎င်းတို့အထဲ တွင် နိုင်ငံသားမဟုတ်သူ ဘင်္ဂါလီများပါဝင်သည်ကို သတိချပ်ရမည်။ ပြည်ပရောက်နိုင်ငံသားများ၏ ၆၇ % သည် ထိုင်းနိုင်ငံ၊ ၁၄ % သည် မလေးရှားနိုင်ငံ၊ ၆.၇ % သည် တရုတ်နိုင်ငံ၊ ၄.၅ % သည် စင်ကာပူ နိုင်ငံ၊ ၂% သည် အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံအချို့တွင် ၅.၈% ခန့်ရှိကြောင်း ၂၀၁၉ ကြားဖြတ် သန်းခေါင်းစာရင်းတွင် ဖော်ပြထားသည်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့တွင် ထုတ်ပြန်သည့် အလုပ်သမားညွှန်ကြားရေး ဦးစီး ဌာန၏ စာရင်းဇယားများအရ ပြည်ပရောက် နိုင်ငံသားများမှ ပြည်တွင်းသို့  ၂၀၂၃ ခုနှစ် (၈)လတာ ကာလအတွင်း လွှဲပို့ငွေ အမေရိကန်ဒေါ်လာ (၁ ဒသမ ၅)ဘီလျံကျော် ရှိကြောင်းသိရသည်။ ထို့အတူ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၇၁၃ သန်းကျော် ရှိခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ပြည်ပရောက်နိုင်ငံသားများထံမှ လွှဲပို့ငွေ ၁ နှစ်လျှင် ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၂ ဘီလျံခန့် ရှိမည်ဟု ခန့်မှန်းရသည်။ 

နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာသော ပြည်ပရောက် မြန်မာနိုင်ငံသားပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားအင်အားပမာဏကို တိကျစွာမသိရသော်လည်း လွန်စွာနည်းပါးမည်ဟု သုံးသပ် ရပါသည်။ ပြည်ပရောက် မြန်မာနိုင်ငံသားတို့သည် အမိမြေအပေါ် နိုင်ငံရေး ဆိုင်ရာပံ့ပိုးကူညီမှုများလည်း ရှိသလို တားဆီးပိတ်ပင်မှုများလည်းရှိသည်ကို တွေ့ရပါသည်။ ခြုံငုံသုံးသပ်ရလျှင် မိမိတို့နိုင်ငံ၏ ဘယ်လက်ရုံး ဖြစ်သော ပြည်ပ ရောက်နိုင်ငံသားများထံမှ ပံ့ပိုးကူညီမှုများသည် ရသင့်သလောက် မရနိုင်သေးသည်ကို တွေ့ရသည်။ 

နိုင်ငံတော်၏ ဘယ်လက်ရုံးပမာ အားထားရမည့် အဝေးရောက်သားချင်းများထံမှ ပံ့ပိုးကူညီမှုများ ပိုမိုရရှိနိုင်ရန်အတွက် ၎င်းတို့ နှင့် အမိမြေအကြား စိတ်ပိုင်းဆိုင်ရာဆက်သွယ်မှုကိုပြုစုပျိုးထောင်ရန်နှင့် ပိုမိုခိုင်မာစေရန်အတွက် နည်းလမ်းပေါင်းစုံ ကြိုးပမ်းရမည်။ ထိုသို့ ဆောင်ရွက်ရာတွင် အကြမ်းဖျင်းအား ဖြင့် နည်းလမ်း ၄ ခု ဖြင့်ဆောင်ရွက်သင့်သည်။

၁။ အုပ်ချုပ်ရေးဆိုင်ရာပံ့ပိုးကူညီမှု

၂။ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များနှင့်တွေ့ဆုံမှုများ

၃။ လူမှုအသိုင်းအဝိုင်း

၄။ အသိအမှတ်ပြုခြင်းနှင့် ပါဝင်မှု 

၁။ အုပ်ချုပ်ရေးဆိုင်ရာပံ့ပိုးကူညီမှု

နိုင်ငံအချို့သည် မိမိတို့၏ ပြည်ပရောက် နိုင်ငံသားရေးရာကိစ္စများကိုဆောင်ရွက်ရာတွင် ဝန် ကြီးဌာနအဆင့်၊ ဝန်ကြီးဌာနခွဲအဆင့်၊ အမျိုးသား အဆင့်အဖွဲ့အစည်းအဆင့် စသဖြင့်ထားရှိပြီး စီမံ ဆောင်ရွက်ကြသည်။ ဥပမာအားဖြင့် အစ္စရေးနိုင်ငံ၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ဝန်ကြီး ဌာနထားရှိ၍ လည်းကောင်း၊ အိန္ဒိယနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ ဂရိနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့တွင် ဝန်ကြီး ဌာနခွဲများထားရှိ၍ လည်းကောင်း၊ တရုတ်နိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ အဇာဘိုင်ဂျန်နိုင်ငံတို့တွင် အမျိုးသားအဆင့်အဖွဲ့အစည်းများထားရှိ၍ လည်းကောင်း စီမံဆောင်ရွက်လျက်ရှိသည်။ 

ထို ဝန်ကြီးဌာန၊ ဝန်ကြီးဌာနခွဲနှင့် အမျိုးသားအဆင့်အဖွဲ့အစည်းတို့သည် မိမိတို့၏ ပြည်ပ ရောက်နိုင်ငံသားများ၏ အချက်အလက်များကို နှစ်စဉ်ရယူပြီး သုံးသပ်ချက်များနှင့် မူဝါဒဆိုင်ရာ အကြံ ပြုချက်များကို ရေးသား၍ သက်ဆိုင်ရာအစိုးရထံ တင်ပြကြသည်။ ထိုကဲ့သို့ ဆောင်ရွက်နိုင်ခြင်းမရှိသည့် နိုင်ငံများအနေဖြင့် သံရုံးများမှ စီမံဆောင်ရွက်ကြသည်။ 

အစီရင်ခံတင်ပြရာတွင် အကြမ်းဖျင်းအားဖြင့် 

(က) လူဦးရေဆိုင်ရာအချက်အလက်များ (အသက်၊ ကျား၊မ၊ ပညာရေးအဆင့်၊ အလုပ်အကိုင်၊ ဖြန့်ခွဲနေ ထိုင်မှု စသဖြင့်)

(ခ) စီးပွားရေးဆိုင်ရာအချက်အလက်များ (စီးပွားရေးအခြေအနေ၊ ငွေလွှဲပို့မှု၊ ဇာတိမြေတွင် ရင်းနှီးမြှုပ် နှံမှု၊ ရင်းနှီးမြှုပ်နှံသူဖြစ်လာနိုင်သောအနေအထား စသဖြင့်)

(ဂ) လူမှုရေးဆိုင်ရာအချက်အလက်များ (အသင်းအဖွဲ့ ဖွဲ့စည်းမှု၊ ဇာတိမြေအကျိုးသယ်ပိုးမှု စသဖြင့်)

(ဃ) နိုင်ငံရေးဆိုင်ရာအချက်အလက်များ (ဒေသန္တရအစိုးရအပေါ်လွှမ်းမိုးမှုအနေအထား၊ သက်ဆိုင်ရာနိုင်ငံတွင်အစိုးရတာဝန်ထမ်းဆောင်မှု၊ တည်ဆဲ အစိုးရအပေါ်သဘောထား စသဖြင့်) တို့ပါဝင်သည်။ 

ထို့ပြင် အခြားသော အုပ်ချုပ်ရေးဆိုင်ရာပံ့ပိုးကူညီမှုများအဖြစ် ပြည်ပရောက် နိုင်ငံသားများတွင် တွေ့ကြုံနိုင်သော စီးပွားရေး/ လူမှုရေး/ ဥပဒေရေး ပြဿနာများအတွက် လိုအပ်သည့် consultancy များတည်ထောင်ပေးခြင်း၊ နိုင်ငံတော် အစိုးရမှ ကမကထပြု၍ စီးပွားရေး၊ လူမှုရေး အသင်း အဖွဲ့များ တည်ထောင်ပေးခြင်း (ဥပမာ-စင်ကာပူရောက်မြန်မာလုပ်ငန်းရှင်များအသင်း၊ ထိုင်းနိုင်ငံရောက် ကုန်သည်ကြီးများအသင်းတို့အတွက် ရုံး အဆောက်အအုံနေရာ တာဝန်ခံငှားရမ်းပေးခြင်း)၊ အခြား နိုင်ငံသားအဖြစ်ခံယူပြီးသူများ သို့မဟုတ် ၎င်းတို့နွယ်ဖွား များမှ မူရင်းနိုင်ငံသားအဖြစ် ပြန်လည် ခံယူနိုင်ရန် လွယ်ကူသောလုပ်ငန်းစဉ်ထားရှိခြင်း(ဥပမာ - အခြား နိုင်ငံသားကဒ်ကိုင်ဆောင်ထားသူကို မိမိနိုင်ငံသားလျှောက်ထားဆဲကဒ် ကိုင်ဆောင်ခွင့်ပြု ခြင်း)၊ အဝေးရောက်နိုင်ငံသားများ၏ ဇာတိမြေ ရင်းနှီးမြှုပ်နှံမှုအပေါ်  အခွင့်အလမ်းများနှင့် ဖြေလျှော့မှုများထားရှိခြင်း (ဥပမာ-အိန္ဒိယ၊ အစ္စရေး၊ နိုင်ဂျီးရီး ယားနိုင်ငံများတွင် ပြည်ပရောက်နိုင်ငံသားများတွက် Diaspora Bonds ရောင်းချရာတွင် အောင်မြင်မှု များရှိသည်ကို လေ့လာနိုင်သည်။လူ့သဘောသဘာဝအရ လူတို့သည် မိမိ တို့အသိုက်အမြုံအိမ်ကို သံဃောဇဉ်ရှိတတ်သည် ဖြစ်ရာ ပြည်တွင်း၌ ပြည်ပရောက်နိုင်ငံသားများအတွက် သီးသန့်ဖော်ဆောင် ထားသော မြို့ပြစီမံကိန်း များ(ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ကဲ့သို့) ဆောင်ရွက်နိုင်သည်။) ပြည်ပရောက် နိုင်ငံသားများ၏ ကျွမ်းကျင်မှု နှင့် ပညာရည်မြှင့်တင်ပေးခြင်း (ဥပမာ-မိခင်နိုင်ငံ အတွင်းရှိ တက္ကသိုလ် များတွင် Online စနစ်ဖြင့် ဘွဲ့ ရရှိသည်အထိတက်ရောက်၍ လက်တွေ့လုပ်ငန်းခွင်အတွက် အထောက် အကူပြု ဘွဲ့များ၊ အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ခြင်း)တို့ဆောင်ရွက်နိုင်ပါသည်။ 

၂။ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များနှင့်တွေ့ဆုံမှုများ

နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များသည် ပြည်ပ နိုင်ငံများသို့ ရောက်ရှိသည့်အခါ ထိုနိုင်ငံများရှိ ပြည်ပ ရောက်နိုင်ငံသားများ နှင့် လုပ်ငန်းသဘော သို့မဟုတ် အလွတ်သဘောတွေ့ဆုံခြင်းသည် နိုင်ငံတော် အစိုးရ နှင့် ပြည်ပရောက်နိုင်ငံသားများအကြား နွေးထွေးသောရင်းနှီးမှုကိုရရှိစေပြီး ရလဒ်ကောင်းများ ဖော်ဆောင်လာနိုင်မည်ဖြစ်သည်။ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ သည် ပြည်ပရောက်နိုင်ငံသားများ နှင့် တွေ့ဆုံမှု အများဆုံးနိုင်ငံ့ခေါင်းဆောင် ၁ ဦးဖြစ်သည်။ 

၃။ လူမှုအသိုင်းအဝိုင်း 

ပြည်ပရောက်နိုင်ငံသားများ စုဝေးရာ (Community Center) များဖန်တီး၍ စုပေါင်းပရဟိတ ဆောင်ရွက်ခြင်း၊ ဘာသာရေး နှင့် ယဉ်ကျေးမှု ဆိုင်ရာ ပွဲလမ်းသဘင်များ၊ နေ့ထူးနေ့မြတ်များကျင်းပခြင်း တို့သည် ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် မျိုးချစ်စိတ်ကိုထိန်းသိမ်းရာ ရောက်ပါသည်။ သက်ဆိုင်ရာသံရုံးမှ မိခင်ဘာ သာစကားသင်ကြားပေးခြင်း၊ ရိုးရာ အစားအစာချက်ပြုတ်မှု သင်ကြားပေးသည့်အစီအစဉ်များ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခက်အခဲဖြစ်နေသော ပြည်ပရောက်နိုင်ငံသားများအား ပံ့ပိုးကူညီခြင်း တို့သည် ပြည်ပ နှင့် ပြည်တွင်းနိုင်ငံသားများအကြား နွေးထွေးသောရပ်ဝန်းတစ်ခုကို တည်ဆောက်ပေး ခြင်းဖြစ်သည်။ 

သံရုံးများသည် ပြည်ပရောက်နိုင်ငံသားများကို ပံ့ပိုးကူညီရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ပြည်ပနိုင်ငံတစ်ခုရှိ မိမိနိုင်ငံသား လူမှုအသိုင်းအဝိုင်းအားကောင်းခြင်း၊ အားနည်းခြင်း သည် ထိုနိုင်ငံရှိ သံရုံး၏ လုပ်ကိုင်နိုင်စွမ်းပေါ် မူတည်သည်။ 

၄။ အသိအမှတ်ပြုခြင်းနှင့် ပါဝင်မှု

ပြည်ပရောက်နိုင်ငံသားများ၏ ကြိုးစားအားထုတ်မှုများနှင့် ပတ်သက်၍ အသိအမှတ်ပြုခြင်း၊ ဂုဏ်ပြုချီးမြှောက်ခြင်း ပြုလုပ်၍ နိုင်ငံ့ရေးရာကိစ္စရပ် များတွင် ပိုမိုပါဝင်လာအောင် ဆောင်ရွက်ပေးရ မည်။ (ဥပမာအားဖြင့် အစ္စရေး-ပါလက်စတိုင်းစစ်ပွဲတွင် အစ္စရေးအပေါ်အရေးယူမှုဆောင်ရွက်ရန် ပြည်ပ ရောက် ပါလက်စတိုင်းနိုင်ငံသားများမှ ကြိုးပမ်းခြင်း)။ ဥပဒေပြုရေးအခန်းကဏ္ဍတွင်လည်း ပြည်ပ ရောက် နိုင်ငံသားများ အရေးအလေးပေးဆောင်ရွက်နိုင်ရန် လွှတ်တော်တွင် ပြည်ပရောက်နိုင်ငံသားများ ဆိုင်ရာကော်မတီဖွဲ့စည်းခြင်း၊ လွှတ်တော်အတွင်း၌ ပြည်ပရောက်နိုင်ငံသား ကိုယ်စားလှယ်နေရာထားရှိ ခြင်း တို့ဆောင်ရွက်နိုင်သည်။ 

အီတလီနိုင်ငံ၏ အောက်လွှတ်တော် (Chamber of Deputies) တွင် ၈ နေရာ၊ အထက် လွှတ်တော် (Senate of the Republic)တွင် ၄ နေ ရာ ထားရှိပေးပါသည်။  ထို့ပြင် ရွေးကောက်ပွဲကာလ များ၌ ပြည်ပရောက်နိုင်ငံသားများ၏ ဆန္ဒမဲများကို ပိုမိုပွင့်လင်းမြင်သာစွာရေတွက်နိုင်ရန်အတွက် ပြည်ပ နိုင်ငံများသို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့များ စေလွှတ်၍ ပြည်တွင်းရှိ ရွေးကောက်ပွဲနှင့် အချိန်ကိုက် ကျင်းပကာ ၎င်းတို့၏ရှေ့မှောက်တွင် ရေတွက်စေခြင်းမျိုးဆောင်ရွက်နိုင်သည်။ 

နိုင်ငံတော်၏ ဘယ်လက်ရုံးဖြစ်သော ပြည်ပရောက် နိုင်ငံသားများ၏ စီးပွားရေးပံ့ပိုးမှု၊ ယဉ်ကျေး မှု ပေါင်းကူးခြင်း၊ အသိပညာလွှဲပြောင်းမှု၊ ကမ္ဘာလုံးဆိုင်ရာကွန်ရက်ချိတ်ဆက်နိုင်မှုများသည်  နိုင်ငံ       တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အထောက်အပံ့ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရမှလည်း အဆိုပါ ပံ့ပိုးမှုများကို အသိအမှတ်ပြုပြီး ပြည်ပရောက် နိုင်ငံသားများကို ပံ့ပိုးကူညီပေးသည့် မူဝါဒများ ချမှတ် ကာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် အပြန်အလှန်အကျိုးရှိသောဆက်ဆံရေးကို စဉ် ဆက်မပြတ်တည်ဆောက်ထားရမည်။ လက်ရှိကာလတွင် အဝေးရောက်သားချင်းအချို့တွင် နိုင်ငံတော် အပေါ်မတူညီသောအမြင်တချို့ ရှိသော်လည်း Chameleons effect ကိုအသုံးပြုကာ ဘယ်လက်ရုံး များ၏ တန်ဖိုးများကို အသုံးချခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးကြံ့ကြံ့ခိုင်မှု၊ သွေးစည်းညီညွတ်မှု နှင့် ကမ္ဘာ့အလယ်ရပ်တည်မှု တို့ကို မြှင့်တင်ရမည်ဖြစ်ကြောင်း အကြံပြုရေးသားအပ်ပါသည်။ 

(စကားချပ်။ Chameleons effect  ဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ခုတွင် မူလအခြေအနေ မှမပြောင်းလဲလိုသူ ၂၀ % ၊ အခြေအနေအသစ်သို့ ပြောင်းလဲလိုသူ ၂၀% နှင့် Chameleons (ပုတ်သင် ညို) ကဲ့သို့ လိုက်လျောညီထွေနေတတ်သူများ ၆၀ %  ရှိတတ်ပါသည်။ မပြောင်းလဲသူ နှင့် ပြောင်းလဲလို သူတို့က ပုတ်သင်ညိုကဲ့သို့ လူများ မိမိဘက်သို့ ပြောင်းလဲလာစေရန် ဆောင်ရွက်ခြင်းကိုခေါ်သည်။)         

            


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို အီရန်ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်

RECENT POSTS
ရုရှားသို့ အလုပ်သမားစေလွှတ်ရေးဆိုင်ရာ MOU ၌ ရုရှားဘာသာစကားကျွမ်းကျင်မှု စစ်ဆေးသည့် စာစစ်ဌာနထားရှိရေးကိုပါ ထည့်သွင်းသင့်
19 Mar 2025
ရွေးကောက်ပွဲ အထမြောက်အောင်မြင်ရန်အတွက် လက်နက်ကိုင်များပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပသင့်ကြောင်း အကြံပြု
19 Mar 2025
ဘီလာရုစ်နိုင်ငံ ဝန်ကြီးချုပ်အသစ်အကြောင်း တစေ့တစောင်း
19 Mar 2025
ရုရှားတွေရင်းနှီးမြှုပ်နှံမယ့် ထားဝယ် SEZ အနာဂတ်ကို ဆွေးနွေးခြင်း
19 Mar 2025
တစ်ခေါ်မှ တစ်မျှော်ဖြစ်သွားသည့် ကျောက်ပန်းတောင်း - မြင်းခြံ ခရီး
19 Mar 2025
ဥရောပအသင်းကြီးတွေရဲ့ ၂၀၂၄-၂၀၂၅ နေးရှင်းလိဂ် ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်များ
19 Mar 2025
အိမ်မှုကိစ္စများကို လုပ်ဆောင်နိုင်သည့် AI စွမ်းအင်သုံး လူသားပုံစံစက်ရုပ်ကို နော်ဝေးစက်ရုပ်ကုမ္ပဏီတစ်ခု ထုတ်ပြန်ပြသ
19 Mar 2025
စင်ကာပူနိုင်ငံ၊ Lim Chu Kang လမ်းမပေါ် မှာ မိကျောင်း တစ်ကောင် ရောက်ရှိနေ
19 Mar 2025
တောင်ကိုရီးယား မင်းသမီး လီဆီယောင်း အိမ်ထောင်သက် (၈)နှစ်အကြာမှာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်စဲ
19 Mar 2025
မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကြီးတွင် နိုင်ငံကျော်အနုပညာရှင်များက အငြိမ့်သဘင်၊ တေးဂီတများဖြင့် ဖျော်ဖြေ
19 Mar 2025
အမေရိကန်မှာ ပြင်းထန်ရာသီဥတုကြောင့် သေဆုံးသူ(၃၆)ဦးအထိ တိုးလာ
18 Mar 2025
ဖူဂျီတောင်တက်ခရီးစဉ် ဝင်ကြေးယန်း (၄၀၀၀)ထိ မြင့်တက်
18 Mar 2025
မြိုင်မြို့နယ်မှ ပြည်သူ့ စစ်ရွာနှင့် ဒေသခံပြောစကား
18 Mar 2025
သမ္မတထရမ့်၏ကျင့်သုံးမြဲ ကုန်သွယ်စစ်ပွဲ စီးပွားရေးဖိအားများက ဒုတိယသက်တမ်းမှာကော အလုပ်ဖြစ်ပါ့မလား
18 Mar 2025
ထားဝယ်၌ ဒေသခံများနှင့် PDF များအကြား မကျေနပ်သည့်အဆင့်မှ တင်းမာမှုအထိဖြစ်လာနေ
18 Mar 2025
တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှုမှ ဒဏ်ကြေးငွေကျပ်(၄)ဘီလျံနီးပါးရရှိခဲ့ရာ စက်မှုလုပ်ငန်းများက အများဆုံးဖြစ်
18 Mar 2025
ဆေးဝါးများကို တင်သွင်းခွင့်ပိတ်ထားခြင်းမျိုးမရှိဟုဆို
18 Mar 2025
အသီးအရွက်များဖြင့်ဖန်တီးထားသော ဂီတတူရိယာများဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာ့ပထမဆုံး သံစုံတီးဝိုင်း
18 Mar 2025
VOA/RFA နဲ့ USAGM ကို ရိုက်ခတ်လာတဲ့ ထရမ့်ရဲ့ အမိန့်တစ်ချက်၊ AA နဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူ လွှဲပြောင်းဆက်ဆံမှု၊ တောင်ကြီး ရွှေဘုန်းပွင့် တောမီး၊ ရွှေစာရံ ဘုရားဖူးရင်း အသက်ဆုံးရှုံးခဲ့ရသူများ (၁၆-၃-၂ဝ၂၅)
18 Mar 2025
အရပ်ဖက်နေရာကို ဗုံးမှားကြဲမိသည့် တောင်ကိုရီးယား လေယာဉ်မှူး နှစ်ဦးကို တရားစွဲ
14 Mar 2025
FOLLOW US

Copyright © News Services Station | All Right Reserved