Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
AA ဖော်ဆောင်လိုက်တဲ့ စစ်ပွဲတွေကြားက မောင်တောမြို့ နောက်ဆုံးအခြေအနေ (အင်တာဗျူး)

သန့်ဇင် (NSS) - မတ် ၂၈

ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သောULA-AA သည် ရခိုင်ပြည်နယ်အတွင်း၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ တစ်ကျော့ပြန် တိုက်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့သည်။ ထိုသို့ တိုက်ပွဲဖော်ဆောင်ရာတွင် ရခိုင်ပြည်နယ်အတွင်း၌ မြို့နယ်ပေါင်း (၁၇)မြို့နယ်ရှိသည့်အနက် မြို့နယ်ပေါင်း (၈)မြို့နယ်ထက်မနည်းသော ဒေသများတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ ထို့ပြင် ဘင်္ဂလားဒေ့ချ်နယ်စပ်အနီးရှိ မောင်တောမြို့တွင်လည်း တိုက်ပွဲများဖြစ်ပွားရန် နှစ်ဖက်စစ်ရေး တင်းမာနေလျက်ရှိသည်။ AA ဘက်က ဘူးသီးတောင်နှင့်မောင်တောရှိ တပ်မတော်သားများကို ၂၁ ရက်နေ့ နောက်ဆုံးထား၍ လက်နက်ချရန် သတိပေးစာပေးပို့ထားကြသည်။ လက်ရှိတွင် မောင်တောမြို့ခံများအနေဖြင့် စစ်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်နေလျက်ရှိနေပြီး စစ်ပွဲဖြစ်ပွားပါက ဒေသခံလူထုအနေဖြင့် မည်သည့်အရပ်ဒေသသို့ စစ်ဘေး ရှောင်ရမည်ကို လမ်းပျောက်နေသကဲ့သို့ စားဝတ်နေရပ် အခက်အခဲများဖြင့်လည်း ကြုံနေရလျက်ရှိသည်။ လတ်တလော၌ မောင်တောမြို့ခံများ ကြုံတွေ့ရနေရသည့်အခြေအနေများနှင့်ပတ်သက်၍ NSS က ယုံကြည်စိတ်ချရသည့် မောင်တောမြို့ခံတစ်ဦးအား မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။


မေး - မောင်တောမြို့ရဲ့လက်ရှိအခြေအနေ ဘယ်လို ရှိလဲခင်ဗျ။

ဖြေ - မောင်တောမြို့ကတော့ လက်ရှိမြို့ပေါ်မှာတိုက် ပွဲတော့မဖြစ်ဘူး။ တည်ငြိမ်နေပါတယ်။ မြို့ခံတွေ ကတော့ ဘယ်နေ့ဖြစ်မလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ နေနေရတာပါ။ တခြားမြို့တွေမှာလို စစ်ဘေးရှောင်ဖို့ ခက်တာလည်းပါတယ်။ ဘင်္ဂါလီတွေ ၉၇% ရှိသလို ပြေးစရာလည်း နယ်မြေမရှိသလောက်ပါပဲ။ ဘင်္ဂလားဒေရှ့်ဘက်ပြေးဖို့ကလည်း ARSA ရော ဘင်္ဂါလီတွေရောနဲ့ ဘယ်လိုမှ ရခိုင်လူမျိုးတွေအဖို့ အဆင်မပြေတော့ အားလုံးအကျပ်ဆိုက်နေသလိုပါပဲ။


မေး - မောင်တောမြို့အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေလား။ အရင်ကဖြစ်ခဲ့ဖူးတာတွေရှိတော့ နယ်မြေ အခြေ အနေကောဘယ်လိုရှိပါသလဲ။

ဖြေ - လက်ရှိအချိန်ထိ မြို့ပေါ်တိုက်ပွဲမဖြစ်ဘူး။ သို့သော် ဖေဖော်ဝါရီလကတော့ မြို့နဲ့အနီးက ဗောဓိကုန်းစခန်း တိုက်ပွဲကတော့ ပြင်းထန်ခဲ့ပါတယ်။ တိုက်လေယာဉ်၊ Mi-35 တို့နဲ့လေကြောင်းပစ်ကူပေးခဲ့ရတယ်။ စခန်းကတော့ ဆုတ်ပေးလိုက်ရပါတယ်။ မြို့ပေါ်မှာ အေးဆေးဆိုပေမယ့် လက်ရှိမောင်တော မြောက်ပိုင်းမှာတော့ တောင်ပြိုလက်ဝဲကျသွားအပြီးမှာ ကြိမ်ချောင်းအနီးတစ်ဝိုက်မှာတော့ တိုက်ပွဲတွေဖြစ်နေပြီး နှစ်ဖက်တင်းမာ နေဆဲပါ။ AA ဘက်ကတော့ နယ်ခြားစောင့်စခန်းကြီးနဲ့ စခန်းငယ်တွေကို ဝန်းရံ ပိတ်ဆို့တဲ့ပုံစံ လုပ်နေ တယ်လို့ သိရပါတယ်။ အားနည်းတဲ့စခန်းဆိုဝင်တိုက်မယ်။ နခခ ၇ လို စခန်းကြီးတွေကျတော့ ဘေးက ကာကင်းစခန်း တွေကျမှ စာပို့မယ်။လက်နက်မချဘူးဆိုမှ ဝင်တိုက်မယ်ဆိုတာမျိုးတွေ့ရပါတယ်။ 

မောင်တောမြောက်ပိုင်းမှာ ကြိမ်ချောင်းနဲ့ ကျီးကန်းပြင်နယ်ခြားစောင့်ဌာနချုပ်လောက်ပဲ စခန်း ကြီးကျန်ပါတော့တယ်။ တောင်ပိုင်းဆို အင်းဒင်နဲ့ မောရဝတီဗျူဟာလိုမျိုးပေါ့နော်။ ဗဗဘက်ကတော့ ဘူးသီးတောင်မောင်တောကားလမ်းပိတ်ထားတော့ မောင်တော-စေတီပြင်လမ်းကို တောင်ကျော်လမ်း ဖောက်ပြီး အခွန်ကောက်ပြီးတော့ နှစ်ဘီးသမားတွေ နဲ့ ကုန်ကားတွေကို သွားလာခွင့်ပြုထားပါတယ်။


မေး - မောင်တောမြို့မှာ ဆက်သွယ်ရေးလိုင်းတွေမကောင်း ဘူးလို့သိရတယ်။ လက်ရှိကော ဘယ်လိုတွေ ဆက်သွယ်နေကြရလဲ။

ဖြေ - ဆက်သွယ်ရေးက အခက်အခဲရှိပါတယ်။ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ လျှပ်စစ်မီးတွေအကုန် ပြတ်တောက်နေပါတယ်။ ဖုန်းလိုင်းဆိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်က ဖုန်းကတ်တွေနဲ့ သုံးနေရပါတယ်။ အင်တာနက်လည်း ဒီလိုပါပဲ။ ဒါ့ပြင် လမ်းတွေပိတ်ထားတော့ မှောင်ခိုသွင်းလာတဲ့ စားသောက်ကုန်တွေနဲ့ အသက်ဆက်နေရတဲ့သဘောပါ။ ကြက်ဥကအစ ဆီတွေအဆုံး ဘင်္ဂလားဒေ့ရှ်ဘက်ကဝင်လာတာကို စားသုံးနေရတာဖြစ်ပါတဟ်။ ဓာတ်ဆီကတော့ အရင်က တစ်လီတာ(၁၆၀ဝဝ)အထိရှိခဲ့ပြီး အခု(၁၃၀ဝဝ) ရှိပါတယ်။ ရှားပါးတာက ပြည်မက ကော်ဖီမစ်ဆို Premier Coffeemix တစ်ထုပ်ကို ၂ သောင်းကျော်သွားပါပြီ။ ဒီလိုပဲ Goody စားဆီ ၅ လီတာကို(၆၀ဝဝဝ)ကျော်ရှိပါတယ်။ ဆန်ကတော့ ဒေသထွက် ဆန်တစ်အိတ်ကို (၁၄၀ဝဝဝ)အနည်းဆုံးရှိပါတယ်။


မေး - ဒီတိုက်ပွဲတွေကြောင့် ဒေသခံတွေ ဝင်ငွေအ ခက်အခဲတွေ၊ စားဝတ်နေရေးအခတ်အခဲတွေ ဘယ် လိုကြုံတွေ့နေရလဲ ခင်ဗျ။

ဖြေ - တိုက်ပွဲကြောင့် အကုန်ထိခိုက်ပါတယ်။ စားသောက်ကုန်ကလွဲပြီး တခြားစီးပွားရေးတွေလည်ပတ်တာ လျော့သွားတယ်။ လမ်းပိတ်ထားတော့ ကုန်တင်ကုန်ချအလုပ်သမားတွေကအစ ဆိုင်ရှင်တွေ၊ ဝန်ထမ်းတွေ အဆုံး အကျိုးသက်ရောက်မှုရှိပါတယ်။ နယ်ဘက်တွေဆိုလည်း စပါးတွေကောင်းကောင်းရိတ် သိမ်းလို့မရဘူး။ အခက်အခဲကတော့ ဒီဧရိယာထဲအ ကုန်လုံးခံရတာပါပဲ။ ဆန်ဈေးကြီးမြင့်ပြီးတော့ တခြားအပိုအလျှံ ကုန်မယ့် ငွေတွေကိုမသုံးဘဲ စားဝတ်နေရေး အတွက်ပဲ သုံးစွဲနေရပါတယ်။


မေး - ပြီးတော့ နောက်တစ်ခုက အခုလို ကုန်ဈေးနှုန်းကြီးမြင့်နေတော့ အကျိုးဆက်တွေအနေနဲ့ ဒေသခံ တွေအနေနဲ့ ထမင်းတောင် နပ်မှန်အောင် မစား ရတဲ့ အခက်အခဲမျိုးတွေရှိနေလား။ အဲဒါတွေကို ဒေ သခံတွေ ဘယ်လိုဖြေရှင်းနေရလဲ။

ဖြေ - ရှိပါတယ်။ တစ်ရက်လုပ်မှ တစ်ရက်စားရမယ့် ကုန်တင်/ကုန်ချအလုပ်သမားတွေဆို ထမင်းစားဖို့က အခက်အခဲဖြစ်တော့ သူတို့လည်း ရရာအလုပ်ပြောင်း လုပ်ရတာမျိုးရှိတာပေါ့နော်။ တိုက်ပွဲတွေဖြစ်နေပေ မယ့် ဝမ်းဝဖို့အဓိကဖြေရှင်းနေရတာပေါ့ဗျာ။


မေး - မောင်တောင်မြို့ပေါ်မှာ တိုက်ပွဲတွေ မဖြစ်ပေမယ့် ဗုံးပေါက်ကွဲတာတို့၊ လုပ်ကြံသတ်ဖြတ်တာတို့ရှိ လား။ အဲဒါတွေကကော ဘယ်သူတွေကလုပ်တာလဲ။ ဘာကြောင့်လုပ်တာလဲ ခင်ဗျ။

ဖြေ - အဲဒီလိုမျိုးတော့မရှိဘူး။ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာတော့ ဖေဖော်ဝါရီလထဲမှ မြို့ပေါ်ရက်ကွက်(၂) အုပ်ချုပ်ရေးမှူး ဦးလှသိန်း(ဘင်္ဂါလီ)ကို အိမ်ထိလာ ပြီး လူ(၂)ယောက်က သေနတ်နဲ့ပစ်ပြီးလုပ်ကြံမှုတစ်ခု တော့ရှိပါတယ်။ ပြီးတော့ မနှစ်က ခရိုင်ပညာရေးမှူး အမျိုးသမီးကို သူနေတဲ့ (၃)မိုင်ပညာရေးမှူးရုံးမှာ အမည်မသိလူ(၂)ယောက်က လုပ်ကြံသတ်ဖြတ်ခဲ့ တာမျိုးရှိတယ်။ နယ်ဘက်တွေမှာတော့ A A က စစ်တပ်နဲ့ ပတ်သက်ပြီး သတင်းပေးတယ်လို့ မသင်္ကာရင် နယ်ဘက်ရပ်ကွက်၊ ကျေးရွာဥက္ကဋ္ဌတွေကိုလာရောက် ဖမ်းဆီးတာမျိုးရှိခဲ့ပါတယ်။ ဆက်စပ်လို့ပြောရရင် ၁၉ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးက နုတ်ထွက်စာ တင်ပြီး ထွက်သွားတယ်လို့သိရတယ်။ သူဆိုရင် နှစ်ဖက်ကြားမှာညပ်နေလို့ ပင်စင်တင်တာကြာပြီ။ ပင်စင် မကျမယ့်အတူတူ နုတ်ထွက်ပစ်လိုက်တဲ့သဘောပါပဲ။


မေး - ဟုတ်ကဲ့ ရှေ့မှာပြောခဲ့သလို တိုက်ပွဲဖြစ်လာခဲ့ သည်ရှိသော် ဒေသခံတွေအနေနဲ့ကလည်း စစ်ဘေး ရှောင်ဖို့ အခက်အခဲရှိနေတယ်ဆိုတော့ အကယ်၍ တိုက်ပွဲတွေဖြစ်လာခဲ့ရင် ဘာတွေဆက်ဖြစ်လာနိုင်လဲခင်ဗျ။

ဖြေ - တိုက်ပွဲဖြစ်လာရင် မြို့ပေါ်ကလူတွေကတော့ အခုထိ ဘယ်ဘက်ကိုရှောင်ရမလဲဆိုတာ ဝေခွဲမရဖြစ် နေတုန်းလို့ပြောလို့ရတယ်။ တချို့ကတော့ ဘင်္ဂလား ဒေ့ရှ်ဘက်ကို အရဲစွန့်ပြီးပြေးကြမယ့်လူတွေရှိသလို နယ်စပ်ကရွာတွေဘက်ပြေးမယ်လို့ စဉ်းစားထားသူတွေလည်း အများကြီးပါပဲ။ တိုက်ပွဲဖြစ်ရင်ကတော့ ဒေသခံ ပြည်သူတွေထိခိုက်မယ်။ စားဝတ်နေရေး ပိုဆင်းရဲကျပ်တည်းမယ်။ ရုပ်ပိုင်းစိတ်ပိုင်းအများကြီး ဆိုးကျိုးခံစားရ ကြမှာပါ။


မေး - နောက်တစ်ခုက တိုက်ပွဲဖြစ်လာနိုင်ခြေပေါ့။ AA ဘက်က ထိုးစစ်စင်ပြီး မောင်တောမြို့ပေါ်ကို တိုက်ပွဲတွေ ဖော်ဆောင်လာနိုင်လား ခင်ဗျ။

ဖြေ - ဒါကတော့ နယ်စပ်မြို့ဖြစ်တာကြောင့် ပြောလို့မရပါဘူး။ ဒီမှာက လူဦးရေက ရခိုင်ချည်းပဲမဟုတ်တော့ ဘယ်သူမှ စစ်ရေးအခြေအနေနဲ့ရှင်သန်တာ မဖြစ်ချင်ကြပါဘူး။


မေး - ဒေသခံတွေ အခက်အခဲအကျပ်အတည်းဖြစ်နေ တယ်ဆိုတော့ ကျန်းမာရေးနဲ့ ပညာရေးကကော ဘယ်လိုမျိုးတွေဖြေရှင်းနေရလဲ။

ဖြေ - ကျန်းမာရေးကတော့ အဆိုးဆုံးအထိ အနေအထားရောက်နေပါတယ်။ ဆေးဝါးတွေ ဈေးတက်နေတယ်။ ခရိုင်ဆေးရုံကြီးကလည်း ဆေးရုံအုပ်ကြီးနဲ့ ဝန်ထမ်းတချို့ CDM လုပ်သွားပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပိတ်လိုက်တာ ကြောင့် ဒေသခံတွေအတွက် သာမန် ဖျားနာမှုလေးကိုတောင် ပြသဖို့ခက်ခဲတဲ့ အနေအထားပါ။ ခွဲစိတ်ရမယ့် လူနာတွေ ရောဂါရင့်တဲ့သူတွေဆို ဒီအတိုင်းထိုင်ပြီး သေရမယ့်အချိန်စောင့်နေရသလိုမျိုးဖြစ်နေပါတယ်။ ပညာရေးကတော့ ဒီနှစ်ကလေးတွေ စာမေးပွဲအကုန်ဖြေပြီးသွားတော့ နည်းနည်း တော်သေးတယ်လို့ပြောရ ပါမယ်။ G-12 (တက္ကသိုလ်ဝင်) စာမေးပွဲလည်း မြို့ပေါ်မှာ အခုစစ်နေပါတယ်။ တပ်နဲ့ရဲတွေ လုံခြုံရေးချထားပြီး ဖြေဆိုနေကြ တာတွေ့ရပါတယ်။


မေး - ရှေ့မှာ ပြောခဲ့တာပေါ့နော်။ ဘူးသီးတောင်၊ မောင်တောလမ်းကပိတ်ထားပြီး မောင်တော-စေတီ ပြင် လမ်းဖောက်တော့ အဲဒီနှစ်မြို့ကူးသန်းရေးက အဆင်ပြေရဲ့လားခင်ဗျ။

ဖြေ - ဘူးသီးတောင်-မောင်တောလမ်းက တပ်က ပိတ်ထားတာပါ။ AA က ရှောင်ကွင်းလမ်း ဖောက်တဲ့သဘောပေါ့။ မောင်တော-ညောင်ချောင်း-ဘူး တောင်လမ်းကနေ ဒီဘက်က ဆီတွေနဲ့ကုန်တွေ အသွားအလာလုပ်နေရပါတယ်။ ပုံမှန်ထက် ကုန်ကျစ ရိတ်များပေမယ့် မစားရမယ့်အတူတူ အသက်ရှူချောင်တယ်လို့ ပြောရမှာပေါ့နော်။ လမ်းမှာ AA ကို တော့ ကုန်သည်တွေအခွန်ဆောင်ရပါတယ်။


မေး - မြို့အနီးနားမှာလည်း တိုက်ပွဲတွေပြင်းထန်နေတော့ တိုက်ပွဲတွေကြားမှာ ဒေသခံတွေ ဘယ်လိုကြုံ တွေ့နေရလဲ။ တိုက်ပွဲကြောင့် ဒေသခံသေဆုံးတာ တွေရှိလား။ ပြီးတော့ တိုက်ပွဲတွေက ဘယ်လိုရာဇဝတ် မှုမျိုးတွေ ကျူးလွန်နေလဲ။

ဖြေ - လက်နက်ကြီးဒဏ်နဲ့ တစ်ဖက်နဲ့တစ်ဖက် မလုံခြုံမှု တွေ စိတ်ဒဏ်ရာတွေ အားလုံးခံနေကြရပါတယ်။ နှစ်ဖက်စလုံးက စစ်ရေးတင်းမာနေတော့ ဒေသခံတွေတောင် ဟိုစစ်ဆေးခံရ ဒီမှာလည်းစစ်ခံရနဲ့ဆိုတော့ မွန်းကျပ်နေရပါတယ်ဗျ။ ရွာတွေကလည်း ဒီဘက်မှာဖြစ်ရင် နောက်တစ်ရွာရှောင် အဲလိုမျိုး လုံခြုံမယ် ထင်ရတဲ့နေရာတွေ ရှောင်တိမ်းနေရတော့ သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေပါတဲ့ မိသားစုတွေဆို စိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ ကောင်းကောင်းမွန်မွန်မ နေရဘဲ အကြောက်တရားနဲ့ နေနေရတဲ့သဘောပါ။


မေး - မောင်တောမြို့မှာက ဘင်္ဂါလီ ၉၇%ရှိတော့ ကျန်တဲ့ ရခိုင် ၃%က ဘယ်လိုအခက်ခဲရှိလဲ တိုက် ပွဲပေါ် မူတည်ပြီး ဘယ်လိုအကျိုးဆက်တွေဆက်ဖြစ်လာနိုင်လဲ ခင်ဗျ။

ဖြေ - အဓိကက တိုက်ပွဲဖြစ်လာရင် ရခိုင်တွေလုံခြုံပါ့ မလားဆိုတဲ့အချက်ပါ။ ၂၀၁၂/၂၀၁၇ အရေးအခင်း ဖြစ်စဉ်တွေမှာကြုံဖူးထားကြတော့ ဒေသခံတွေအနေနဲ့က မြို့ပေါ်မှာသာတိုက်ပွဲဖြစ်ရင် ဘယ်လိုနေရမလဲ ဆိုတာကတော့ တကယ့် အကျပ်အတည်းကြီးတစ်ခုပါ။ AA ကလည်း နယ်မြေလုဖို့ အမြဲချောင်းနေတော့ မြို့ပေါ်ဝရုန်းသုန်းကားဖြစ်ရင် ဝင်လာပြီး ဇာတ်လမ်း ရှုပ်သွားမယ့်အနေအထားကို မြို့ခံလူထုအားလုံးက စိုးရိမ်ပူပန်နေကြတာပါ။ ဒါကြောင့် မြို့ ပေါ်မှာတိုက်ပွဲ မဖြစ်အောင်ပဲ ဆုတောင်းနေရတာပေါ့ဗျာ။


မေး - ဒီပုံစံအတိုင်းဆက်သွားရင် ဘာတွေဆက်ဖြစ် လာနိုင်လဲ။ နောက်ဆက်တွဲအကျိုးဆက်လေးလည်း သုံးသပ်ပေးပါဦး အစ်ကို။

ဖြေ - ဒီလိုဆက်သွားနေရင် အကျပ်အတည်းက ပိုကြီး မားလာဖို့ပဲရှိပါတယ်။ ဒါကြောင့် တိုက်ပွဲတွေမဖြစ်ဘဲ အမြန်ဆုံးငြိမ်းချမ်းဖို့ပဲ မောင်တောတစ်မြို့လုံးက ဆန္ဒ ရှိနေကြပါတယ်ဗျာ။ စိတ်မလုံခြုံဘဲ ဘယ်သူမှ မအိပ် ချင်ကြပါဘူး။ စစ်ဖြစ်လို့ ဆင်းရ ရှောင်မယ်ဆိုလည်း ကိုယ့်အိမ်ကထွက်ရင် အကုန်လုံး အဆင်မပြေတာမို့ ရုပ်ပိုင်းစိတ်ပိုင်း အကုန်ထိခိုက်ပါတယ်။ ဘဝတွေက ရှင်နေပေမယ့် ကိုယ်တစ်ပိုင်းသေနေသလိုပါပဲ။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စက်မှုဇုန် နဲ့ စက်မှုကုန်ထုတ်လုပ်ငန်းရှင်တွေအတွက် စစ်မှုထမ်းဥပဒေ ကျင့်သုံးခြင်းကနေပေးတဲ့သောက နဲ့ ရှာဖွေစေလိုတဲ့အဖြေ (အင်တာဗျူး)

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved