Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရှမ်းမြောက်တိုက်ပွဲတွေရဲ့ "လာရာ နဲ့ လားရာ" အတွင်းရေးအချို့အကြောင်း (အင်တာဗျူး)

ကျော်နု၊ Pearl (NSS) - မတ်လ ၂၃ 

လွန်ခဲ့သော ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများ၌ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် (၃)ဖွဲ့အကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး လက်ရှိတွင် လက်နက်ကိုင် (၃)ဖွဲ့က ရှမ်းမြောက်ရှိ မြို့အချို့ကို ထိန်းချုပ်၍ အုပ်ချုပ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေသည်ကိုတွေ့ရသည်။ ထို့ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှတဆင့် ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကို အငြိမ်းစားဗိုလ်ချုပ်တစ်ဦးနှင့် NSS က သီးသန့် တွေ့ဆုံ ဆွေးနွေးမှုများကို ဖော်ပြလိုက်ပါသည်။ 


မေး - ရှမ်းမြောက်တိုက်ပွဲတွေ စဖြစ်လာတဲ့ ၁၀၂၇ စဖြစ်လာတဲ့အချိန်မှာ ကျွန်တော်တို့အားလုံး သိလိုက် တာက စစ်တပ်ကို NUG နဲ့ပေါင်းပြီး စတင် တော်လှန်ပုန်ကန်ပြီလို့ အားလုံးကမြင်ကြတာပေါ့။ တကယ် တမ်း ကျွန်တော်တို့တွေးကြည့်လိုက်တဲ့အခါကျတော့ ဒီတိုက်ပွဲဟာ မရိုးရှင်းဘူးဆိုတာကို ၁၀၂၇ ပြီးတော့ အခု (၅)လလောက်ရှိလာတဲ့အချိန်မှာ သွားတွေ့ရတယ်။ တိုက်ပွဲစစချင်းအချိန်က သတိထားမိလိုက်တဲ့ Point တွေက ဘာတွေ သတိထားမိလဲ။ စစ်သဘော အရဆိုရင်။

ဖြေ - သူက တကယ်တမ်းကတော့ အောက်တိုဘာ (၂၇) ဖြစ်တဲ့ဟာကတော့ ကျွန်တော်တို့ အခုမြင် လည်း မြင်လာပြီပေါ့။ NUG  နဲ့ တကယ်တမ်းက ဘာမှသိပ်မဆက်စပ်ပါဘူး။ တခြားစီပဲ။ ကျွန်တော်တို့ အင်အားနည်းနေတဲ့အချိန်၊ ‌နောက်တစ်ခါ ကျွန်တော်တို့ရဲ့ နိုင်ငံတကာဆက်ဆံရေးပေါ့၊ နိုင်ငံတ ကာဆက်ဆံရေးမှာ အခုပြောပြောနေတဲ့ အနောက်ရယ်ပေါ့၊ နောက်ကျွန်တော်တို့ရဲ့ အင်အားကြီး အိမ်နီးချင်းနိုင်ငံတွေရယ်ပေါ့။ အဲဒီမှာမှ အနောက်ရယ်၊ အိမ်နီးချင်းထဲက တရုတ်ရယ် ဒါ (Balance ) လုပ်ပြီးတော့ ဆက်ဆံရတယ်။ ဆက်ဆံရေးတွေရယ်၊ လိမ်မ္မာပါးနပ်မှုတွေရယ် ဒါတွေကလည်း အရေးကြီး တယ်ပေါ့နော်။  အဲဒါတွေနဲ့ယှဉ်ပြီးတော့မှ ဒါအိမ်နီး ချင်းနိုင်ငံက ကစားတယ်လို့ ကျွန်တော်က မြင်တယ်။ 


မေး - သံသယဖြစ်စရာကောင်းတာက။ ဒီကိုးကန့် အဖွဲ့က MNDAA အဖွဲ့၊ မြောက်ပိုင်း (၃)ဖွဲ့က ဒီ MNDAA ၊ TNLA ၊ AA သုံးဖွဲ့ ဖွဲ့ပြီးတော့ သူတို့က တိုက်ပွဲဖော်တဲ့အခါမှာ စိတ်ဓာတ်အင်အား၊ လူ အင် အား၊ နည်းပညာအင်အားတွေ တဒင်္ဂအတွင်းမှာပဲ အုံ နဲ့ကျင်းနဲ့ရပြီးတော့ စခန်းပေါင်းများစွာကို တစ်ပြိုင် နက်ဝင်တိုက်တာတွေ့ရ‌တော့  ဒါက တော်ရုံ တန်ရုံ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဆို မလုပ်နိုင်တဲ့ကိစ္စတွေ။ နောက်က တစ်ခုခုမပါရင် မလုပ်နိုင်ဘူးလို့မြင်ရတယ်။ ကြည့်လိုက်တာနဲ့ ဘယ်သူပါတယ်ဆိုတာကို တန်းမြင် သွားတယ်။ သူတို့ ဒီလိုအင်အားမျိုးရဖို့အတွက်ကို ဘယ်ကလာတယ်လို့ထင်လဲ။ 

ဖြေ - ဒါရှင်းပါတယ်။ နည်းပညာတွေကလည်း ဒီဒ ရုန်းတွေ၊ သုံးကြတဲ့အခါကျတော့ အဲဒီဒရုန်းတွေက အများစုကတော့ တရုတ်နိုင်ငံက ဒရုန်းတွေပါပဲ။ ဒရုန်းကိုပျံတဲ့အခါမှာ သူက Frequency  ရှိတာပေါ့။ လှိုင်းနှုန်းတွေနဲ့ ပျံကြရတာ။ အဲဒီတော့ ဒီ Frequency တွေသုံးပြီးတော့ ပျံသန်းတဲ့အခါမှာ ဒီနည်းပညာတွေ ဟာ အနီးစပ်ဆုံးဖြစ်တဲ့ အိမ်နီးချင်းနိုင်ငံက ပေးမှပဲရမှာပဲ။ တခြားကတော့ မရနိုင်ဘူး။ အဲဒီတော့ ဒီနည်း ပညာတွေပေါ်မှာလည်း ကျွန်တော်တို့ဘက်က ဒရုန်း တွေကို Jammer တွေ၊ ဘာညာ ဒီဘက်ကလည်း ပြင် ဆင်ထားတာတွေရှိပေမယ့် ဒီ Jammer တွေက တချို့ ကိစ္စရပ်တွေမှာ မထိရောက်ဘူးပေါ့။ မထိရောက်ဘူး ဆိုတာလည်း ဒီ Jammer တွေရဲ့ လှိုင်းနှုန်းတွေအ ကြောင်းသိနေတဲ့အခါကျတော့ ဒါကို ရှောင်ရှားပြီး တော့မှ သူက ဒရုန်းတွေကို အသုံးချသွားတာပေါ့ ရန်သူက။ ဒါကြောင့်မလို့ ဒီနည်းပညာကတော့ ရန် သူမှာ ဒါကျွန်တော် တို့ ဒီဘက်က တရားဝင်အစိုးရ ရဲ့ဘက်မှာတောင်မှ တချို့နည်းပညာတွေက အား နည်းနေသေးတာပဲ။ ဒီ သာမန် သူပုန်တွေ၊ လက်နက် ကိုင်သောင်းကျန်းသူတွေမှာတော့ ဒီလိုနည်းပညာ မျိုးက  လွယ်လင့်တကူနဲ့ သူတို့တတ် မြောက်မှာလည်း မဟုတ်ဘူး။ ရနိုင်မှာလည်းမဟုတ်ဘူး။ နောက်ကွယ် ကအနီးစပ်ဆုံးဖြစ်တဲ့သူတွေ က ထောက်ပံ့ပေးလို့ သာလျှင် ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ လုပ်နိုင်တဲ့ အနေအထားပဲ။ အဲဒီလိုပဲ သုံးသပ်တယ်။ 


မေး - အခု ကျွန်တော်တွက်ကြည့်တာ၊ ကိုးကန့်ဆိုရင် ကိုးကန့်လက်နက်ကိုင်အဖွဲ့က အင်အားသောင်းနှင့်ချီ ချက်ချင်းကြီး တစ်ရှိန်ထိုး တိုးတက်လာတယ်ပေါ့နော်။ ဆိုလိုတာက ၂၀၁၅ ထွက်ပြေးပြီးနောက်ကတည်းက စပြီးတော့ ထွက်ပြေးပြီးတဲ့နောက် (၈)နှစ်လောက် ကြာတဲ့အခါမှာ အင်အားသောင်းနဲ့ချီ တိုးတက်လာ တယ်။ ဆိုတော့ တပ်ဖွဲ့တစ်ဖွဲ့၊ အင်အားသောင်းနဲ့ချီရှိတဲ့ တပ်ဖွဲ့တစ်ဖွဲ့ရဲ့ စားဝတ်နေရေး၊ လက်နက် တပ်ဆင်မှု ၊ အထွေထွေကုန်ကျစရိတ်၊ ဒါတွေအကုန်လုံးက အလကားရတာမဟုတ်ဘူး။ တစ်နေရာကနေ ရတာ။ ဆိုတော့ သူတို့ရဲ့အဓိက တစ်လျှောက်လုံးရှိခဲ့တဲ့ ဝင်ငွေရလမ်းက ဘယ်ကရတာ ဖြစ်နိုင်ခြေရှိလဲ။ 

ဖြေ - MNDAA က အရင်တုန်းကတော့ လောက်ကိုင်မှာတာဝန်ယူခဲ့ရတဲ့အချိန်လည်း ရှိတာပေါ့။ အခု ကျတော့ လောက်ကိုင်မှာ သူတို့ တာဝန်ယူရတဲ့အချိန် မဟုတ်ဘူး။ အဲဒီတော့ ငွေကြေးကို လွယ်လွယ်ကူကူနဲ့ ဒီလိုနယ်မြေ ဒေသကနေရဖို့တော့ မလွယ်ပါဘူး။  ခုနကပြောတဲ့ နိုင်ငံတစ်နိုင်ငံ၊ အဖွဲ့အစည်းတစ်ခုကနေ ပြီးတော့မှ အင်နဲ့အား နဲ့ ထောက်ပံ့ပေးလို့သာ ဒီ လူ အင်အား၊ လက်နက်အင်အား၊ ရိက္ခာပေါ့နော်၊ နောက် စစ်ဝတ်၊ ဒါတွေကအစ  ရတာဖြစ်တယ်။ သူ့ဘာသာ မဟုတ်တာလုပ်ရင်တောင်မှ ဒီလောက်‌ရဖို့က မလွယ် ဘူး။ မဟုတ်တာလုပ်ဖို့က လည်း သူတို့မှာ အုပ်ချုပ်ရေး ကို တာဝန်ခံရတဲ့ အဖွဲ့လည်းမဟုတ်ဘူး။ ဒါကြောင့်မို့ နောက်ကွယ်မှာ တစ်ခုခုရှိတယ်။ အလုံးအရင်းနဲ့ ထောက်ပံ့တာရှိလို့ သူတို့ ဒီလိုလုပ်နိုင်တာ။ 


မေး -  ဒီတိုက်ပွဲတစ်ခုလုံးက ပုံပေါ်လာတာက ဘာလို့ပြောလို့ရမလဲ။ သူတို့ဖော်တဲ့တိုက်ပွဲ ပုံပေါ်လာ တာက ဘာလို့ပြောလို့ရမလဲ။ 

ဖြေ - ပြောရရင်တော့ နည်းနည်း တဒင်္ဂလေး မမြင် ဘူးဗျ။ ဟိုအရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် တုန်းက ကျွန်တော်တို့ အနောက်နိုင်ငံတွေနဲ့ Sanction  တွေလုပ်ထားတယ်။ တော်တော်ကို ကျဉ်းထဲကျပ်ထဲပေါ့။ နောက်အစိုးရမှာလည်း ဓနအင်အား မရှိဘူး။ ဒီလို အခြေအနေမျိုးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒါအိမ်နီးချင်း တရုတ်ကို အဆင်ပြေပြီး တော့မှ ကျွန်တော်တို့က တဖြည်းဖြည်းနဲ့ နိုင်ငံတော် ကိုတည်ဆောက်ပြီးတော့ အေးအေးချမ်းချမ်းနဲ့ တည်ဆောက်သွားနိုင်တာကိုတွေ့ရတယ်။ ဒါသူရဲ့ အနောက်က အင်အားကြီးနဲ့  အရှေ့က အင်အားကြီးကြား ထဲမှာ ကစားသွားတဲ့အနေအထားမျိုး။ အခု ဒီဘက် ခေတ်ရောက်လာတဲ့အခါကျတော့ ဒီတရုတ်နဲ့ ကျွန် တော်တို့ ပူးပေါင်းဆောင်ရွက်မှုက နည်းနည်းလေး အားနည်းလာတယ်။ အဲဒီ အားနည်းလာတဲ့ အပေါ်မှာ ဘယ်အချိန်ကစလဲ ကျွန်တော်တို့ မြင်တာကတော့ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ မြစ်ဆုံစီမံ ကိန်း ရပ်ဆိုင်းလိုက်တယ်။ ရပ်ဆိုင်းလိုက်တဲ့အခါကျတော့ သူတို့ရဲ့အကျိုးစီးပွားတွေ ထိခိုက်မှုလည်းရှိတယ်။ အလားတူပဲ သူတို့ရဲ့လုပ်ငန်းတွေက ကျောက်ဖြူရေ နက်ဆိပ်ကမ်းတို့၊ ဒီရထားလမ်းစီမံကိန်းတို့ ဒါတွေ အများကြီးရှိတယ်။ ဒီပေါ်မှာလည်း ကျွန်တော်တို့အ စိုးရပေါ့၊ အစိုးရဆိုတဲ့နေရာမှာ တပ်မတော်ကသွားတဲ့ သမ္မတကြီး ဦးသိန်းစိန်ဆိုတာလည်း တပ်မတော်က သွားတာပဲပေါ့။ ကျွန်တော်တို့ တပ်မတော်ပေါ်မှာ သူတို့အကျိုးစီးပွားတွေလုံခြုံမှုကို သူတို့ အာမခံပါ့မလား ဆိုတာ သူတို့ စိုးရိမ်လာတယ်လို့ ကျွန်တော်တော့ထင် တယ်လေ။ အဲဒီမှာပဲ အဲဒီမြစ်ဆုံ စီမံကိန်းရပ်ပြီးတော့ မကြာခင်မှာပဲ ဒီ ၂၀၁၅ မှာ ဒီ MNDAA နဲ့ တစ်ခါ တိုက်ပွဲတွေ ဖြစ်ခဲ့ရတယ်။ အဲဒီရဲ့အကျိုးဆက်လို့ ကျွန်‌တော်ကမြင်တာ။ အခုလည်း ဆက်ပြီးတော့သွား မယ်ဆိုလို့ရှိရင် ဒီသူတို့ရဲ့ အကျိုးစီးပွားတွေ ရေရှည် အာမခံမှုရှိဖို့အတွက် တရုတ်က တည်ဆောက်တယ်လို့ ကျွန်‌တော်ကမြင်တယ်။  AA ရောပေါ့။ AA ကလည်း တကယ့်လက်နက်တွေက ထောက်ပံ့ပေးတာတွေ ရှိ တယ်။ အဲဒါလည်း နောက်ကွယ်က သူတို့ အကျိုးစီး ပွားအတွက်ပဲ။


မေး - တပ်ရဲ့ ထိပ်‌ပိုင်းခေါင်းဆောင်တွေ ၊ ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ရှင်းထားတဲ့အပေါ်မှာတော့ ထူးခြား တာရှိတာပေါ့။ ဒါ ဖုန်နဲ့ ရန်ပေါ့။ ဖုန်နဲ့ ရန်ရဲ့ ရန်ကြွေး ရဲ့နောက်ဆက်တွဲတွေပေါ့။ ဒီလို ဖုန် ၊ ရန်  မိသားစုရဲ့ နေရာလုပွဲတွေကို သူတို့ကပြောတာ အများဆုံးတွေ့ ရတယ်။ ပြီးတော့ မူးယစ်ဆေးဝါးကိစ္စတွေ ပြောတာ တွေ့ရတယ်။ ဆိုတော့ ဒါက ဖုန် ၊ ရန် အရေးအခင်း ထက် ပိုပြီးကြီးကျယ်တဲ့ တိုက်ပွဲကြီးတစ်ခု ဖြစ်လာခဲ့ တယ်လို့ ပြောလို့ရလား။ 

ဖြေ-ရတယ်ဗျ။ ရန် အဖွဲ့က ခုချိန်မှာ လုံးဝ လက်နက် ကို စွန့်လွှတ်သွားပြီ။ ဒီအုပ်ချုပ်ရေးယန္တရားမှာ ရန် အဖွဲ့က လုံးဝမပါတော့ဘူး။ သူ့ဘာသာသူ စီးပွား ရေးကို ပြည်မကြီးထဲမှာလာလုပ်နေတဲ့ အနေအထား ဖြစ်သွားပြီ။ အဲဒီတော့ ဖုန်၊ ရန် ကိစ္စကတော့ မှန် တယ်။ အရင်တုန်းကဖြစ်ခဲ့တဲ့ ပြဿနာ။ အခုတော့ ရန်အဖွဲ့နဲ့သူနဲ့က အာဏာလုဘက်လည်း မဟုတ်ဘူး။ ရန်အဖွဲ့ကလည်း ဒီအာဏာကိုပြန်လိုချင်တဲ့ စိတ် ဆန္ဒလည်းမရှိဘူး။ သူကိုယ်တိုင်ကိုက လက်နက်ချပြီး တော့မှ အကုန်လုံး အာဏာကိုစွန့်လွှတ်ခဲ့တာ။ ဒါ ကြောင့်မို့လို့ ဖုန်နဲ့ရန်နဲ့ဟာ ပါရင်တောင်မှ အစိတ် အပိုင်းသေးသေးလေးပဲပါတာ။ တကယ့်ကိစ္စကတော့ ခုနကပြောတဲ့ အိမ်နီးချင်းနိုင်ငံရဲ့ သူ့အကျိုးစီးပွားနဲ့ ယှဉ်ပြီးတော့ပဲ လုပ်တယ်လို့ပဲမြင်တယ်။ 


မေး-နောက်တစ်ခုက အဲဒီ ရှမ်းမြောက်တိုက်ပွဲတွေရဲ့ အထဲမှာ သူတို့ပါလာတဲ့(Agenda)တစ်ခုက ကျားဖြန့် ဆိုတဲ့စကားလုံးပါလာတယ်ပေါ့နော်။ ဆိုတော့ ကျား ဖြန့် အွန်လိုင်းလောင်းကစားတွေကို တားဆီးကာကွယ် ရေး၊ ထိန်းချုပ်ရေးဆိုတဲ့ ခေါင်းစဉ်တွေ ပါလာတယ်။ ဆိုတော့ ဒီခေါင်းစဉ်ကလည်း တရုတ်ရဲ့(Agenda) ထဲက တစ်ခုဖြစ်တယ်။ အဲဒီခေါင်းစဉ်ကို ပဲ၊ တရုတ်က  (Agenda) ခေါင်းစဉ်ကိုပဲ တပ်မတော်ကရော၊ တစ် ဖက် လက်နက်ကိုင်အဖွဲ့အစည်းတွေက၊ ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကရော နှစ်ဖက်စလုံးက ဒီ (Agenda)ကို ကိုင်စွဲပြီး ကျင့်သုံးတယ်။ ဒါပေမဲ့ နှစ်ဖွဲ့ကြားမှာ တိုက်ပွဲက အကြီးအကျယ်ဖြစ်တယ်။ ဆိုတော့ ဒါကို အပြင်ကနေထွက်ကြည့်မယ်ဆိုရင် ဘာလို့ မြင်လိုက် ရလဲ။ 

ဖြေ - ဒီ ကျားဖြန့်ကတော့ တရုတ်နိုင်ငံမှာလည်း တော်တော်လေး ထိခိုက်တာပေါ့။ လုပ်တာကလည်း တရုတ်လူမျိုးတွေ၊ ဟိုဘက်က တရုတ်တွေကလာပြီး လုပ်ကြတာများတယ်။ ကျွန်တော်တို့နိုင်ငံထဲမှာပေါ့။ ဥပမာအားဖြင့် အစိုးရရဲ့ တရားဥပ‌ဒေစိုးမိုးနိုင်မှုအားနည်းတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတဲ့ နေရာ၊ နောက် နိုင်ငံရဲ့နယ်စပ်မြို့တွေမှာ သူက လာပြီး အခွင့်ကောင်းယူပြီးလုပ်တာပေါ့။ အဲဒါ တရုတ် နိုင်ငံ မှာလည်း ထိခိုက်တယ်။ နောက် တစ်ကမ္ဘာလုံးမှာ လည်း သူက ထိခိုက်တယ်။ တရုတ်ကလည်း တော် တော်ထိခိုက်နေတဲ့ အပိုင်းမှာမှ ဒီဥစ္စာကို နှိမ်နင်းချင် နေတာ။ ကျွန်‌တော်တို့ကတော့ ဥပဒေအရ လက်နက် ကိုင်တွေ အကျိုးရှိတဲ့ နယ်စပ်တွေမှာဆိုရင် ကျွန်တော် တို့ ဥပဒေစိုးမိုးမှုအားနည်းနေတဲ့နေရာဖြစ်တဲ့အ တွက်ကြောင့်မို့ ကျွန်တော်တို့က လည်း ကောင်း ကောင်းမွန်မွန်မလုပ်နိုင်ဘူး ။ အကုန်လုံးအတွက်ကတော့ ဒါက မကောင်းပါဘူး။ ဒါက နှိမ်နင်းရမှာလေ။ ဒါပေမဲ့ နှိမ်းနင်းတယ်ဆိုတဲ့ခေါင်းစဉ်ကို ပြပြီးတော့ သူတို့က နယ်မြေကို ဒီ MNDAA တို့၊ TNLA  တို့က နယ်မြေရယူဖို့အတွက် ဒါ ပြောမယ်ဆိုလည်း တပ်မတော်အားနည်းနေတဲ့အချိန်မှာ အချိန်ကိုက်လုပ် တာပေါ့။ 


မေး - အဲဒီတော့ ရှမ်းမြောက်တိုက်ပွဲတွေကနေ တပ်မတော်က ဆုံးရှုံးနစ်နာသွားတယ်လို့ပြောလို့ရမလား၊ ဒါမှမဟုတ် တပ်မတော်ကို ပြန်ပြီးတော့ ပြုပြင်ပြောင်း လဲဖို့ အားကောင်းသွားစေမယ်လို့ ယူဆလား။ 

ဖြေ - ဒါကတော့ မြင်တဲ့အတိုင်းပါပဲ။ ဆုံးရှုံးနစ်နာတာပေါ့။ ပြန်အားကောင်းဖို့ဆိုတာကတော့ ကျွန် တော်တို့ အများကြီးပြန်ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရဦးမယ်။


မေး - ရှမ်းမြောက်တိုက်ပွဲက အခု ကျွန်တော်တို့ အားလုံး လေ့လာကြည့်သလောက်တော့ တိုက်ပွဲက တရုတ်ရဲ့ စေ့စပ်မှုကြောင့် ကြားမှာ ရပ်သွားပြီပေါ့နော်။ ပစ်ခတ်တိုက်ခိုက်မှုရပ်သွားပြီလို့ ပြောတယ်။ ဆို တော့ နောက်ဆက်တွဲကကော ဘာတွေ ဆက်ဖြစ်လာ နိုင်ခြေရှိလဲ။

ဖြေ - သူက ရပ်တယ်ဆိုတာကလည်း ကျွန်တော် တို့ဘက်ကလည်း တချို့ဟာတွေ အပေးအယူတွေ လုပ်ရမှာပေါ့လေ။ ဒီအတိုင်းတော့လည်း ရမှာမဟုတ်ဘူး။ သူတို့ကလည်း စခန်းတွေသိမ်းနိုင်လာတဲ့ အတွက်ကြောင့်မို့ ဒီအတိုင်းတော့ ရပ်မှာမဟုတ်ဘူး။ အပေးအယူတော့ လုပ်ကြရမှာပေါ့။  အပေးအယူ လုပ်တဲ့အခါမှာ သူပေးနိုင်တဲ့အပိုင်းနဲ့ ဟိုကလည်း တောင်းတာလည်း တောင်းမှာပေါ့။ အဲဒီအပိုင်းမှာပဲ တရုတ်ကတော့ ကြားဝင်ဖျန်ဖြေပေးပြီးတော့မှ သူ့အကျိုးစီးပွားအတွက်တော့ ပိုပြီးကောင်းနေမှာပဲ။ စစ်ပွဲ ဆိုတာတော့ မဖြစ်တာအကောင်းဆုံးပါပဲ။ ဖြစ်လာ ပြီးတော့လည်း အခု စေ့စပ်ပြီးတော့မှ ငြိမ်းချမ်းရေး အတိုင်းအတာတစ်ခုရထားတာ ကောင်းပါတယ်။ အပစ်အခတ်ရပ်တာ။ ဒါပေမဲ့ နောက်ပိုင်းကျလို့ ရှိရင်တော့  ဒီပြဿနာက မပြီးသေးဘူးလို့ ကျွန်တော် က မြင်တယ်။ နောက်ပိုင်း သူတို့နယ်မြေ ပြဿနာ၊ ဥပမာအားဖြင့် ပလောင်နဲ့ ရှမ်းနဲ့။ နမ့်ခမ်းဆို ရှမ်းတွေ အများကြီးပဲရှိတယ်။ TNLA က ဝင်လာတယ်။ အဲဒီမှာလည်း ပြဿနာတွေ အများကြီးရှိတယ်။ နောက် တချို့နေရာတွေမှာ ကချင်အများကြီးရှိတယ်။   ကွတ်ခိုင်တို့ ဘာတို့မှာ။ အဲဒီအချိန်မှာ MNDAA တို့က ဝင်လာတယ်ပေါ့။ ဒါ နယ်မြေ၊ တခြားတိုင်းရင်းသား တွေ နယ်မြေလုတဲ့ပြဿနာ တွေ အများကြီးရှိလာ နိုင်တယ်။ ဒီလိုပဲ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို သိမ်းထားတဲ့ အတွက်ကြောင့်မို့ ဒါက မြန်မာနိုင်ငံသားတွေ၊ မြန်မာ ပြည်သူလူထု၊ မြန်မာ့တပ်မတော်အနေနဲ့ ကတော့ ဒီမြေတွေပဲ ဆုံးရှုံးရတာ။ တစ်ချိန်ကျရင်တော့ ပြန်ကို ယူရမှာပဲမို့ ဒီစစ်မီးကတော့ မပြီးနိုင်သေးဘူးလို့ ကျွန်တော်က မြင်တယ်။ 


မေး - အဲဒီမှာလေ ရှမ်းမြောက်ကိစ္စက ကျွန်တော်တို့ မမြင်သေးတဲ့ ရှုထောင့်တစ်ထောင့်ရှိတယ်။ ဒီလက်ရှိ မှာ ကိုးကန့်ကလည်း သူ့နယ်မြေပဲသူ ယူထားတာ။ TNLA  ကလည်း သူ့နယ်မြေပဲသူ ယူထားတာ။ အဲဒီ တော့ TNLA နဲ့   KIA က နယ်မြေ အငြင်းပွားမှုတွေ ရှိနိုင်တယ်။ အလားတူ  SSPP လည်းရှိနိုင်တယ်။ အဲဒီ တော့ ရှမ်းမြောက် တစ်ခွင်မှာ ကျင်လည်ကျက်စားနေ တဲ့ လက်နက်ကိုင်အဖွဲ့က အနည်းဆုံး (၄)ဖွဲ့နဲ့ (၅) ဖွဲ့ကြားရှိတယ်။ သူတို့အချင်းချင်းကြားမှာလည်း နယ်မြေပြဿနာဟာ ဖြစ်လာနိုင်ခြေရှိတယ်ဆိုတဲ့ ကောက်ချက်လည်း စွဲထားတယ်။ ဖြစ်နိုင်လား။

ဖြေ - ဖြစ်နိုင်တယ်။ ဒါပေမဲ့ အင်အားက တအား ကြီးနေတယ်ဆိုရင် ဥပမာအားဖြင့် ‘ဝ’ လိုဟာမျိုးပေါ့။ အခု MNDAA ကလိုမျိုး။ သူက ကျန်တဲ့ TNLA ထက် အင်အားကသာတယ်။ နောက် SSPP တို့၊ SSA တို့ထက် အင်အားကလည်းသာတယ်။ စစ်ရေးအရ သူကလွှမ်းမိုးထားနိုင်မယ်ဆိုရင် လတ်တလော မဖြစ် နိုင်သေးဘူး။ သူက အနိုင်ရနေတာကိုး။ နောက်ပိုင်း ကျရင်တော့ ဖြစ်လာနိုင်တာပေါ့။ ဒါမှမဟုတ်ရင်လည်း နောက်တစ်မျိုးဖြစ်နိုင်တယ်။ ရှမ်းတွေရှိနေတဲ့ နေရာ ကို သူတို့ဝင်လာပြီဆိုရင် အဲဒီရှမ်းတွေက အကုန်လုံး အိုးအိမ်ကိုထားပြီးတော့ သူတို့ရဲ့ ပိုင်ဆိုင်မှု၊ လယ်တွေ အကုန်ထားပြီးတော့မှ အကုန်ထွက်ပြေးလာခဲ့ရင် တော့လည်း ခုနကပြောတဲ့ အငြင်းမပွားရတော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် အကုန်လုံး အရှုံးပေးပြီး ထွက်လာ လို့။ ဒါဆိုရင် အကုန်လုံးက သူတို့ Occupied လုပ်သွားမှာ။ ဒါမှမဟုတ်ရင် ရှမ်းတွေကို နှင်ထုတ် လိုက်တာ။ ဒါမျိုးပေါ့။ 


မေး-  ကျွန်တော်  ရိုးရှင်းစွာ ပြန်မေးကြည့်မယ်နော်။ ရှမ်းမြောက်တိုက်ပွဲတွေအားလုံးကို ရိုးရိုးရှင်းရှင်း နား လည်နိုင်တဲ့ဘာသာစကားနဲ့ ပြောမယ်ဆိုရင် ဘယ်လို နားလည်ထားဖို့ လိုအပ်တယ်လို့ ယူဆရမလဲ။ NUG နဲ့ မြောက်ပိုင်းအဖွဲ့တွေ သူတို့ကြွေးကြော်နေသလို စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးတို့၊ ဘာတို့၊ ညာတို့ စသည်ဖြင့် ကျားဖြန့်နှိမ်နင်းရေးတို့ ဘာတို့ညာတို့ပေါ့။ အဲဒီစကားလုံးတွေနဲ့ တကယ်ဖြစ်နေတာတွေနဲ့ပေါ့။ 

ဖြေ - သူ့ရဲ့ ကိုယ်ပိုင်နယ်မြေရအောင် သူက ရယူ လိုက်တဲ့သဘောပါပဲ။ ဒါသူတို့  MNDAA တို့၊ TNLA တို့က အဲဒီသူတို့ရဲ့နယ်မြေရအောင် စစ်ရေး သာလွန်နဲ့ ရယူလိုက်တာပဲ။ နောက်ကလည်း တရုတ် က သူတို့ရဲ့အကျိုး စီးပွားအတွက် အမြတ်ထုတ်လိုက်တာပဲ။ ဒီလိုပဲမြင်တယ်။ အခုဆိုလို့ရှိရင် ကျွန်တော်တို့မြင်တွေ့နေရတဲ့အပိုင်း တွေမှာလည်း ခုနက NUG က ပါဝင်ပတ်သက်တာလည်း မတွေ့ဘူး။ ပြီးရင် NUG က သွားပြီးတော့လည်း အမိန့်ပေးလို့မရဘူး။ အဲဒါကြောင့်မို့ ရှင်းပါတယ်။ NUG နဲ့ ဒီတိုက်ပွဲ တွေနဲ့ကတော့ ဆက်စပ်မှုမရှိဘူး။ ဒါပေမဲ့ သူက တော့ ဒါတွေနဲ့ရောထွေးပြီးတော့မှ သူက အမြတ် ထုတ်ဖို့တော့ နည်းမျိုးစုံနဲ့ သူကြိုးစားတာပေါ့။ 


မေး - နောက်ပြီး ကျွန်တော်တို့ တချို့ ပြည်သူလူထု ကြားမှာ စိုးရိမ်တာတစ်ခုရှိတယ်။ ခန့်မှန်းတာပေါ့နော်။ ဒီလိုမျိုး တပ်ကတောက်လျှောက်ကြီး ရှုံးနေရင်၊ ဒီစစ် ကြောင်းကြီးအတိုင်း တောက်လျှောက်လာပြီးတော့ နေပြည်တော်ကြီး တက်သိမ်းတာမျိုး၊ တခြားတက်ပြီး တပ်ပေါင်းစုပြီး တက်သိမ်းတာမျိုး၊ ဒီအဖွဲ့တွေ ဒီလက် နက်ကိုင်အဖွဲ့တွေကသိမ်းတာမျိုး ဖြစ်မသွားနိုင်ဘူး လားပေါ့။ ပြီးတော့ သူ့နယ်မြေသူ့ကို ပေးလိုက်ခြင်းဖြင့် အဲဒီလက်နက်ကိုင်အဖွဲ့အစည်းတွေကို အင်အားကြီး ထွားပြီးတော့ ဗဟိုအစိုးရကိုပါ ခြိမ်းခြောက်တဲ့အထိ ဖြစ်မသွားနိုင်ဘူးလားဆိုတဲ့အထိ စိုးရိမ်ချက်ကြီး ရှိကြ တယ်။ အဲဒီလောက်ထိကော ဖြစ်လာနိုင်လား။

ဖြေ -  သူက ဖြစ်တယ် မဖြစ်ဘူးဆိုတာ ကျွန်တော် တို့တပ်မတော်ရဲ့ စည်းလုံးညီညွတ်မှု နောက်က ကိုယ်ရဲ့ဒီပြည်မကလူတွေရဲ့ ဘယ်လို ပြောမလဲ။ သူတို့ဝင်သိမ်းတာကို ခံချင်တာ၊ မခံချင်တာပေါ့။ တချို့ကလည်း ကိုယ့် ပြင်ဦးလွင်ကြီး လာသိမ်းမယ်၊ မန္တလေးကြီးလာသိမ်းရင်တောင်မှ တချို့က နာရ ကောင်းမှန်းမသိဘူး။ ကိုယ့်အိမ်ကို တံခါးတက် ခေါက်ပြီးတော့မှ ကိုယ့်အိမ်က ပစ္စည်းယူ၊ မီးရှို့၊ ကိုယ့် အိမ်ကလူတွေကို မုဒိမ်းကျင့်၊ အနိုင်ကျင့်၊ ဒါမျိုး ဖြစ် တော့မှပဲ သူတို့က ဘာလဲဆိုတာသိမယ့် ပုံစံမျိုးဖြစ်နေ တယ် တချို့က။ အဲဒီတော့ ကျွန်တော် ပြောချင်တာက တော့ ဒီပြည်မကလူတွေ  ရန်ကုန်၊ မန္တလေး၊ နေပြည် တော်ကလူတွေက နာရကောင်းမှန်းမသိဘူးဆိုရင် တော့ ဆက်ခံရမှာပေါ့။ အရှင်းဆုံး ပြောရတာ။ 


မေး - မြောက်ပိုင်းသုံးဖွဲ့ရဲ့ အင်အားကြီးထွားလာမှုက ဒီအတိုင်းသွားရင် ပိုပြီးကြီးထွားလာနိုင်ခြေရှိရဲ့လား။ သူတို့အချင်းချင်း ထချတာမျိုးကော မဖြစ်နိုင်ဘူးလား။ 

ဖြေ - အတိုင်းအတာတစ်ခုအထိ ကြီးထွားနိုင်တယ်။ ဒါပေမဲ့ တိုက်လို့ရတိုင်းတိုက်တာကတော့ သူ့အတွက် အကျိုးမရှိဘူးလို့ ကျွန်တော်မြင်တာကလေ။  ဒီနယ် မြေကို သူက ခုနက လောက်ကိုင်လို၊ ကွမ်းလုံလို၊ ချင်းရွှေဟော်လို ရယူပြီးတော့မှ အကျိုးအမြတ်လည်း သူတို့ဘက်က ဘာမှပိုရစရာအကြောင်း မရှိတော့ဘူး။ စစ်တိုက်တယ်ဆိုတာ သူ့ဘက်ကလည်း အများကြီး ပေးရမှာ။ နိုင်ငံရေးသိက္ခာအရ သူက တပ်မတော်ကို တိုက်နိုင်တယ်ဆိုတာပဲရှိတဲ့အတွက်ကြောင့်မို့ သူတို့ ကတော့ လုပ်ချင်မှလည်း လုပ်လိမ့်မယ်။ လုပ်ဖို့လည်း မလိုအပ်ဘူး။ လုပ်လို့လည်း သူ့အတွက်က အကျိုးအ မြတ်က ထူးထွေပြီးတော့ သိပ်မရှိတော့ဘူး။ သူသေ ကြေဒဏ်ရာရပြီးတော့ လက်တံကြီးရှည်လာပြီးတော့ ဒီလောက် လက်တံရှည်လာရင်လည်း ဆက်ပြီးတော့ ဒီအောင်မြင်မှုကို ထိန်းနိုင်မှာမဟုတ်ဘူး။ ကျွန်တော် တို့ ဒီဘက်ကလူတွေအများစုကလည်း သူ့ကိုလိုလား တဲ့လူတွေမှ မဟုတ်ကြဘူး။ ဟိုဘက်က လူတွေက တော့ ခုနကပြောတဲ့ အနွယ်အပွားတွေလည်း ဖြစ်နေတဲ့အတွက်ကြောင့်မိုလို့ သူတို့ရတာလည်း ပါတယ်။


မေး - ရှမ်းမြောက်တိုက်ပွဲထဲမှာလေ တပ်မတော် ဘက်က တပ်မတော်သားတွေရဲ့ အနေအထားပေါ့။ ရှမ်းမြောက်တိုက်ပွဲဖြစ်စဉ်ကြီးတစ်ခုလုံးမှာ တပ်မ တော်သားတွေရဲ့အနေအထားက စိတ်ဓာတ်ပိုင်းဆိုင် ရာတွေ ယိုယွင်းသွားတာလား။ ကျဆင်းသွားတာလား။ တချို့ဆို လက်နက်ချလိုက်တယ်။ တပ်မမှူးအဆင့် တွေတောင် လက်နက်ချလိုက်တယ်။ ဒါတွေဟာ တပ် မတော်သားတွေ ဘာဖြစ်သွားတာလဲဆိုတဲ့ မေးခွန်း ပေါ့နော်။ အဲဒီမေးခွန်းပေါ့။ ဆိုတော့ ကိုယ်တိုင်လည်း တပ်မတော်သားဟောင်းဆိုတော့ သူတို့ရဲ့ အတွေး တွေ ဘယ်လိုမြင်လိုက်မိလဲ။ 

ဖြေ - သူက အဲဒီမှာလည်း ကျွန်တော်တို့ ယခင် တုန်းကလည်း တိုက်ပွဲကြီးတွေ ရှိခဲ့ကြတာပေါ့။ ယခင် တုန်းက တိုက်ပွဲကြီး ဟိုးအရင်စစ်သားတွေ၊ ကျွန်တော်တို့ထက် စီနီယာကျတဲ့လူတွေ ။ ဒါပေမဲ့ ခေတ်တွေက ပြောင်းလာတယ်။ ပြောင်းလာတဲ့အခါ ကျတော့ ကျွန်တော်တို့က ပထမကမ္ဘာစစ်တို့၊ ဒုတိယ ကမ္ဘာစစ်တို့လို စစ်တိုက်တာမျိုးမဟုတ်တော့ဘူး။ နည်းပညာသာလွန်မှုနဲ့ စစ်တိုက်တာတွေ ဖြစ်လာ တယ်။ အခုဆို ဒရုန်းတွေက နည်းပညာတွေပေါ့။ နည်းပညာသာလွန်မှုနဲ့ စစ်တိုက်လာတဲ့အချိန်ကျ တော့ အရင်တုန်းကလို ကျွန်တော်တို့က အခုစခန်း တွေကျသွားတယ် ဘာညာဆိုတာက ဟာ ဒီကောင် တွေ ညံ့လှချည်လား၊ ဒီကောင်တွေ သတ္တိမရှိလို့ပဲ ဆိုတော့ အဲဒီလို တစ်ထစ်ချတော့ ပြောလို့မရဘူး။ အရင်တုန်းကလုပ်ခဲ့တဲ့ လူတွေ ၊ အခုလက်ရှိ အနေ အထားမျိုးကြုံတွေ့ရရင်လည်း သူတို့ ကြံ့ကြံ့ခံဖို့ မလွယ်ဘူး။ ကျွန်တော် ခုနကပြောသလို နည်းပညာ အသာစီးနဲ့ တိုက်တဲ့ပွဲတွေ ဖြစ်လာတယ်။ ဒါကြောင့် မို့လို့ အခုစခန်းကျတဲ့အပိုင်းတွေက ကျွန်တော်တို့ သရဲဘောကြောင်လို့ချည်းပဲလို့ အကုန်လုံးပြောလို့ တော့ မရဘူး။ ဒါပေမဲ့ တချို့လည်း အစိတ်အပိုင်း တစ်ခုအထိ တချို့ တစ်ယောက်တလေ၊ တစ်ဖွဲ့ တလေကတော့ သူရဲဘောကြောင်တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်။ သာမန်အားဖြင့်တော့ ကျွန်တော်တို့ တပ်မတော်သားတွေက ဒီလိုမျိုး လုပ်လေ့လုပ်ထ မရှိဘူး။ 


မေး - ဒီတိုက်ပွဲတစ်ခုလုံးကို အကုန်လုံး ခြုံပြီးဘာ သာပြန်လိုက်တာ တပ်မတော်က ဒီမြောက်ပိုင်း လက် နက်ကိုင်အဖွဲ့ကိုရှုံးတာလို့ ကျွန်‌တော်က ကောက်ချက် မချဘူး။ ကျွန်တော်တို့ နားလည်လိုက်တာတော့ ဒါက နောက်ကွယ်က စီမံခန့်ခွဲသူ၊ သူတို့ရဲ့နောက်က စီမံ ခန့်ခွဲသူကို တပ်မတော်က ယှဉ်ဖို့ခက်ခဲတဲ့အခါ နောက်ဆုတ်ပေးလိုက်တာလို့ ကျွန်တော်က မြင် တယ်။ ဘယ်လိုမြင်လဲ။

ဖြေ - နောက်ကဟာက ထောက်ပံ့ပေးတာပဲဗျ။ တချို့ဟာတွေကလေ အင်အားကြီးတဲ့နိုင်ငံတွေနဲ့ အင်အားငယ်တဲ့နိုင်ငံတွေနဲ့က တကယ်တမ်း ယှဉ် တိုက်ရင်တော့ အင်အားငယ်တဲ့နိုင်ငံက ရှုံးမှာပေါ့။ ဥပမာအားဖြင့် စင်ကာပူနဲ့မလေးရှားတိုက်ရင် စင်ကာ ပူရှုံးမှာပဲ။ ဒါပေမဲ့လည်း မတိုက်ပါဘူး။ အခုလိုပဲ ကျွန်တော်တို့ အင်အားကြီးနိုင်ငံတွေကလည်း ကျွန် တော်တို့နိုင်ငံက ငယ်ငယ်လေး။ သူဝင်တိုက်ရင် ကျွန် တော်တို့ ဘယ်ခံနိုင်မလဲ။ မလုပ်လည်း မလုပ်ကောင်း ပါဘူး။ မလုပ်လည်း မလုပ်သင့်ဘူးပေါ့နော်။ အခုလို ထောက်ပံ့ပေးတာ၊ နောက်ကွယ်ကနေ ဒါမျိုး အား ပေးအားမြှောက်ပြုတယ်‌ပေါ့။ ဒါမျိုးက အိမ်နီးချင်း ကောင်းမပီသဘူး။ ဒီလိုပဲ ပြောရမှာပေါ့။ မလုပ် ကောင်းဘူးပေါ့ဗျာ။ ဒီနေ့ ဒီအဖွဲ့တွေကို၊ ဒီသောင်း ကျန်းသူတွေကို တခြား ပြည်ပနိုင်ငံတွေက ထောက် ပံ့ခြင်း ရပ်ဆိုင်းလိုက်မယ်၊ မကူညီဘူး၊ အိမ်နီးချင်း ကောင်းပီသစွာ ဆက်ဆံလိုက်တဲ့တစ်နေ့မှာ သူတို့ ကျွန်တော်တို့ကို ဒီလို စခန်းမသိမ်းနိုင်တော့ပါဘူး။ အခုသိမ်းနိုင်တယ်ဆိုတာက အဲဒီ ခုနကပြောတဲ့ နောက်ကွယ်ကနေပြီးတော့ ပြည်ပကနေ ‌ထောက်ပံ့ ပေးလို့သာ ဖြစ်တယ်။ 


မေး - တကယ်လို့ ကိုယ်တိုင်သာ အဲဒီနယ်မြေမှာ အုပ်ချုပ်နေရတဲ့ တိုင်းမှူးတစ်ယောက်ဆိုရင် ဘာလုပ် မလဲ။ 

ဖြေ - တိုင်းမှူးဆိုရင်တော့ စစ်နိုင်အောင်တိုက်မယ့်၊ စစ်နိုင်မယ့် နည်းလမ်းကိုပဲ ရွေးရမှာပေါ့။ စစ်ပွဲကို နိုင် အောင် ငါဘယ်လို တိုက်မလဲဆိုတာပဲ ခေါင်းထဲထည့် ရမှာပါ။ 


မေး - အကယ်၍ အဲဒီမှာ တိုင်းမှူးသာ အမိန့်အရ သွားတိုက်မယ်ဆိုရင် အမိန့်က မလာဘူးဆိုရင်ကော။

ဖြေ - တိုင်းမှူးကို ပေးထားပြီးသားပါ အမိန့်က။ ဒါပေမဲ့  Facilities နဲ့ နောက်က ပံ့ပိုးမှု၊ နည်းပညာ စတာတွေကတော့ အများကြီးပဲ။ တိုင်းမှူးအတွက် Area Commander က အမိန့်ရမှ တိုက်ရမယ်ဆိုတာ မျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်နယ်မြေထဲမှာ ရန်သူရှိ ရင် သူလုပ်လို့ရပါတယ်။ လုပ်ကိုလုပ်ရမယ်။ အခု တချို့ကျတော့ မလုပ်၊ မရှုပ်၊ မပြုတ်တွေဖြစ်နေတာ။ အခု ဒီမှာ စခန်းတွေက PDF က လုပ်ချင်ရာ လုပ် တယ်။ ဒီဘက်က တပ်စခန်းတွေ။ ဒါတွေကို စောစော စီးစီး လက်ပိုက်ကြည့်နေလို့မရဘူး။ ရှင်းထုတ်လိုက်ရ မှာ။ မလုပ်မရှုပ်မပြုတ်ဖြစ်နေတဲ့အခါကျတော့ အင် အားကြီးထွားလာတာပေါ့။ ကျွန်တော်တို့က သောင်း ကျန်းသူကိုတိုက်တဲ့အချိန်မှာတော့ အထက်ကတော့ မတိုက်ပါနဲ့လို့တော့ မပြောပါဘူး။ အဲဒီလိုတော့ ရန်သူ ရှိတာကို တိုက်မယ်ဆိုတဲ့ဟာ မတိုက်နဲ့၊ မလုပ်ပါနဲ့ ဆိုတာမျိုးတော့ မပြောကြပါဘူး။ 


မေး - ရှမ်းမြောက်လို နေရာမျိုးမှာဆိုရင် တိုင်းမှူး တစ်ယောက်ရဲ့လုပ်ပိုင်ခွင့်က အကန့်အသတ်နဲ့ ဖြစ်မ နေဘူး လား။ ဘာဖြစ်လို့လဲဆိုရင် NCA  စာချုပ်တို့၊ ဘာတို့ ညာတို့၊ အပစ်ရပ်တို့ အဲဒါတွေက ရှိနေတော့ သူတို့က အကန့်အသတ်ဖြစ်မနေဘူးလား။ 

ဖြေ - အရင်ကတော့ရှိမှာပေါ့။ အခုတော့ မရှိတော့ ဘူးလေ။  သူကလည်း ဘာမှ တိုက်ကွက်မဖော်ဘူး။ MNDAA လိုဟာမျိုး အခု မြောက်ပိုင်း မဟာမိတ်(၃)ဖွဲ့ဆိုတာ ဃြဗ မှာ လက်မှတ်မထိုးထားဘူး။ ဒါ ကြောင့်မို့လို့ သူ့အတွက် ကန့်သတ်ချက်ကမရှိပါဘူး။ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေသာ ကန့်သတ်ချက် ရှိတယ်။ 


မေး - ဒါဆိုရင်တော့ တချို့နယ်တွေမှာ လက်နက် ကိုင်တွေ၊ PDF ပေါ့၊ အထူးသဖြင့် ပုန်ကန်သူတွေ ပေါများလာတဲ့အချိန် သက်ဆိုင်ရာဒီဘက်က တိုင်း မှူးတွေရယ် ဒီစီမံခန့်ခွဲမှုအပိုင်းပေါ့လျော့မှုတွေနဲ့ သွားဆိုင်တာပေါ့။ 

ဖြေ - ပြောမယ်ဆိုရင်တော့ အားနည်းတာပေါ့။ အားနည်းတာ။ 


မေး - နောက်တစ်ခုက ရှမ်းမြောက်ကကော ကျွန် တော်တို့ ပြန်ရနိုင်ပါ့မလားပေါ့။ ဒါမှမဟုတ် အုပ်ချုပ်မှု ပေးလိုက်ရပြီလား။ သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကိုပဲ ခေါင်းဆောင်ပြောင်းပေးတာမျိုး၊ ဘာဖြစ် လို့လဲဆိုတော့ ဖွဲ့စည်းပုံက ပါပြီးသားလေ၊ ပလောင် ကိုယ်ပိုင်ချုပ်ခွင့်ရဒေသ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတာ ရှိပြီးသားမို့ ပေးလိုက်ရတာမျိုးရှိလား။ 

ဖြေ - သူက စစ်ဆိုတဲ့သဘောကတော့ တော်တော် လေး သေကျေပျက်စီးကြမှာပေါ့လေ။ သေကျေ ပျက် စီးတာတွေလည်းရှိတယ်။ ပြီးတော့လည်း ကျွန် တော် တို့ လောက်ကိုင်တို့ ချင်းရွှေဟော်တို့ ကုန်းကြမ်း တို့ က ကျွန်တော်တို့နိုင်ငံရေးနည်းနဲ့ကျွန်တော်တို့ ဒီ နဝတ လက်ထက်က အဲဒီကပြန်ပြီးတော့ အချုပ် အခြာ အာဏာအောက်ထဲကို ပြန်ရောက်လာတာလေ။ အဲဒါကြောင့်မလို့ အခုလည်း တိုက်ယူမှရယ်လို့ မဟုတ်ပါဘူး။ အုပ်ချုပ်မှုယန္တရားအတွက် တကယ် တမ်းကတော့ သူတို့ရေရှည်တည်တံ့ခိုင်မြဲပြီး ရေရှည် ဖွံ့ဖြိုးရေးပေါ့၊ တချို့ဟာတွေကလည်း ဆွေးနွေးပြီး တော့မှ သွားလို့လည်းရနိုင်ပါတယ်။ 


သုံးသပ်ဆွေးနွေးပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

NLD ပါတီအတွင်းရေးမှူး ဦးဟံသာမြင့် မြန်မာပြည်မှထွက်ပြေးသွားပြီဟု ပါတီဝင်များအကြား သတင်းထွက်နေ

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved