Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
NLD ပါတီအတွင်းရေးမှူး ဦးဟံသာမြင့် မြန်မာပြည်မှထွက်ပြေးသွားပြီဟု ပါတီဝင်များအကြား သတင်းထွက်နေ

Iris (NSS) - မတ် ၂၃

NUG မှ နေဘုန်းလတ်၏ ယောက္ခထီးဖြစ်သူ NLD ပါတီအတွင်းရေးမှူး ဦးဟံသာမြင့်က မြန်မာနိုင်ငံတွင်းမှ ထွက်ပြေးတိမ်းရှောင်ကာ ထိုင်းနိုင်ငံဘက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပါတီဝင်များ အကြား သတင်းများထွက်ပေါ်နေသည်။


၂၀၂၂ ခုနှစ် ဇန်နဝါရီ (၂၇)ရက်တွင် ရာဇဝတ်ကျင့်ထုံးပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ စည်းကမ်းချက်ဖြင့် ရန်ကုန် အင်းစိန်အကျဉ်းထောင်မှတစ်ဆင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သော ဦးဟံသာမြင့်အနေဖြင့် လွတ်ငြိမ်းရရှိပြီး နောက် (၂) နှစ်ကျော် အကြာတွင် ယခုကဲ့သို့ ရုတ်တရက် ထွက်ပြေးသွားခြင်းမျိုး ဖြစ်ကြောင်းလည်း ဆိုနိုင်သည်။ “ ဦးဟံသာမြင့် ထွက်ပြေးသွားပြီဆိုတဲ့ သတင်းက NLD အသိုင်းအဝိုင်း ထဲမှာတော့ တော်တော်များများ ပြောနေကြတယ်။ ထွက်ပြေးတယ်လို့ ကြားတယ်၊ ဟုတ်သလားပေါ့။ တကယ်လည်း ထွက်ပြေးသွားပုံရတယ်။ မဲဆောက်ထဲမှာ ကိုယ်တိုင်မြင်ခဲ့သူတွေ ရှိတယ်လို့ သိရတယ်။ နစကဘက်က ထောက်လှမ်းရေးတွေက သိ လိုက်ပုံတောင် မရဘူး ” ဟု မဲဆောက်အခြေစိုက် NLD သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းမည့် သဘော ထားမျိုးဖြင့် ပြည်တွင်း၌ နေထိုင်ကျန်ရစ်ခဲ့ကြသော NLD ပါတီ ဝင်များကြားတွင်လည်း ဦးဟံသာမြင့်သတင်းက စတင်ပျံ့နှံ့လျက်ရှိနေပြီး အံ့အားသင့်စရာအဖြစ် ရှုမြင်နေကြကြောင်းလည်း ပြန်လည်ကြားသိရသည်။ ဦးဟံသာမြင့်နှင့်အတူ အခြားသော ပါတီဝင်အချို့လည်း ပါဝင်ထွက် ပြေးသွားခဲ့ကြသည်ဟု သတင်းများထွက်ပေါ်နေပြီး အချို့သောသတင်းများတွင် ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်လည်း ပါဝင်သွားသည်ဟု လည်းကောင်း၊ ဂျော့စ်ဆိုးရော့စ်ထံမှ ထောက်ပံ့ငွေများ ရယူ၍ Myanmar Development Institute (MDI)ကို ဦးဆောင်ထူထောင်ခဲ့သူ ဦးမျိုးမြင့်လည်း ပါဝင်သွားခဲ့သည်ဟူ၍လည်းကောင်း ပါတီဝင်များကြားတွင် ပြောဆိုနေကြသည်။ 

သို့သော်လည်း ဦးမျိုးမြင့်ကို ရန်ကုန်တွင် ယခုရက်ပိုင်းအတွင်း မြင်တွေ့ခဲ့သူများရှိ သည်ဟုဆိုသည်။ “ နစကဘက်က လွတ်ငြိမ်းပေးထားတာ (၂) နှစ်တောင်ရှိပြီကို သူက အခုမှထွက်ပြေးတယ်ဆိုတော့ ပါတီကိစ္စတွေကို တာဝန်ယူမရှင်းချင်တာလား မသိဘူး ” ဟု ပြည်တွင်းနေ ပါတီဝင်တစ်ဦးက မှတ်ချက်ပြုသည်။ 

၎င်း၏ ဆိုလိုရင်းမှာ ပါတီ၏ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ များနှင့် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ဖူးသော ထိပ်တန်း CEC များ အကျဉ်းကျခံနေရချိန်တွင် ပါတီရှင်သန်ရေးကိစ္စများကို အတွင်းရေးမှူးဖြစ်သူက တာဝန်ယူရမည့် အစား တာဝန်ကိုရှောင်လွှဲခြင်းမျိုး ဖြစ်နေသည်ဟု ထောက်ပြသည်။ အထူးသဖြင့် ၁၉၉၀-၉၁ ကာလ ပါတီ အခြေအနေမျိုးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဦးအောင်ရွှေက တာဝန်ယူ၍ ဆက်လက် ထိန်းသိမ်း ပေးခဲ့ဖူးသော်လည်း လက်ရှိခေတ်ကာလတွင် ပါတီတာဝန်များကို အတွင်းရေးမှူး ဖြစ်သူကိုယ်တိုင်က ခေါင်းရှောင်နေခဲ့ခြင်းမျိုး ဖြစ်သည်ဟုဆိုသည်။ “ ဒေါ်အောင်ဆန်းစုကြည် ကောင်းစား စဉ်ကာလတုန်းက ဦးဟံသာမြင့်ဆိုရင် သူ့သားသမီးတွေ အကုန်လုံးကို နေရာရအောင် လုပ်ပေးခဲ့တယ်။ ဦးသိန်းဦးဆိုလည်း ဒီလိုပဲ။ CEC တွေရဲ့သားသမီးတွေ အကုန်လုံးနီးပါး ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါနဲ့ ပါတီ အရှိန်အဝါကိုသုံးပြီး ထင်တိုင်းကျဲခဲ့ကြဖူးတယ်။ အခု ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် အခက်တွေ့နေချိန်မှာ သူတို့ကမသိသလို ရှောင်ပြေးပြီး တာဝန်ယူမှု တာဝန်ခံမှုမရှိကြဘူး။ အခွင့်အရေးယူ တုန်းက သူတို့က ထိပ်ဆုံးက ” ဟု ပါတီတွင်းသတင်းရင်းမြစ်တစ်ဦးက ရင်ဖွင့်သည်။ 

မဲဆောက်ဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားသည် ဟု ခိုင်မာသောသတင်းများ ထွက်လာခြင်းသည် NUG ဘက်မှ ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၏ ကြိုးကိုင်ခြယ်လှယ်မှုကြောင့် ဖြစ်နိုင်ကြောင်းလည်း အချို့က သုံးသပ် နေကြသည်။ အထူးသဖြင့် ၂၀၂၁ အခင်းအကျင်းဖြစ်စဉ်ကာလ စတင်ဖမ်းဆီးခံရချိန်ကတည်းက ဦးဟံသာမြင့် မိသားစုနှင့် သားမက်ဖြစ်သူ  ဦးနေဘုန်းလတ်တို့အကြား Signal မှတစ်ဆင့် ပုံမှန်ဆက်သွယ်လေ့ရှိကြောင်း ကြားသိရသည်။ ဦးဟံသာမြင့် ပြန်လည်လွတ်မြောက်လာချိန်တွင်လည်း ဦးနေဘုန်းလတ်က အခြားသော ပြည်တွင်း နေပါတီဝင်များကိုသာ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် စာထုတ်၍ထုတ်ပယ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ လုပ် ဆောင်ခဲ့သည့်တိုင် ဦးဟံသာမြင့်နှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ ပြုခဲ့ခြင်းမရှိပေ။ ဦးဟံသာမြင့် အနေဖြင့်လည်း အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ(၂၇)ရက်မှ ထွက်ပြေးချိန် ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီလကုန် သို့မဟုတ် မတ်လအစောပိုင်းအထိ နှစ်နှစ်ကျော်ကြာ ပြည်တွင်း၌ အန္တရာယ်ကင်းစွာ နေထိုင်ခဲ့ရသူ ဖြစ်သည်။ မြောက်ဒဂုံ သို့မဟုတ် ရန်ကင်းစသည့် မြို့နယ်နှစ်ခုလုံးတွင် လှည့်လည်နေထိုင်လေ့ ရှိသော ဦးဟံသာမြင့်အနေဖြင့် မဲဆောက်ဘက်သို့ ထွက်ပြေးသွားသည့် အကြောင်းအရင်းကိုမူ ခန့်မှန်းရခက် နေဆဲဖြစ်ပြီး နောက်ကွယ်တွင် နိုင်ငံရေးနှင့်ဆိုင်သော သီးခြားခေါင်းစဉ်တစ်ခုခု ရှိနေနိုင်သည်ဟု ပါတီဝင် အချို့က သုံးသပ်မှုများ ရှိနေသည်။

ဦးဟံသာမြင့်သည် ပါတီ၏ ဗဟိုအလုပ်အမှု ဆောင်အဆင့်ကို ၂၀၁၀ ပြည့်နှစ်က ပါတီပြန်လည် မှတ်ပုံတင်စဉ်ကာလ၌ ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းမှ တစ်ဆင့် ၂၀၁၆-၁၇ ကာလ၌ ဦးဉာဏ်ဝင်း၊ ဦးဝင်း မြင့်၊ ဦးဝင်းထိန်၊ ဒေါက် တာဇော်မြင့်မောင်တို့နှင့်အတူ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်ခဲ့ကာ ၂၀၂၀ ရွေး ကောက်ပွဲတွင် ဦးဉာဏ်ဝင်းနှင့်အတူ အတွင်းရေးမှူး အဖွဲ့ဝင် ဆက်လက်တာဝန်ယူခဲ့သူဖြစ်သည်။   

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်၏အကူအညီမပါဘဲ ထိုင်ဝမ်ကျွန်းအနီးရှိ ကျွန်းများတွင် ဆိပ်ကမ်းတည်ဆောက်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရပြော

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved