ရွေးကောက်ပွဲအသစ်ပြန်လည်ကျင်းပဖို့ တောင်းဆိုနေခြင်းတွေက သင့်တော်မှုမရှိကြောင်း အစ္စရေးဝန်ကြီးချုပ် ပြော
ဂျန်ဇက် (NSS) - မတ် ၁၈
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက နိုင်ငံအတွင်း ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပဖို့ တောင်းဆိုနေတာတွေ ဟာ သင့်တော်မှုမရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အမေရိကန်လွှတ်တော်အမတ်တွေရဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူအစ္စရေးနိုင်ငံမှာ ရွေးကောက်ပွဲအသစ် ထပ်မံကျင်းပဖို့ တောင်းဆိုခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ်က အခုလိုမျိုးတိုက်တွန်းတောင်းဆိုလာခဲ့တာဖြစ်ပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု က "သူပြောတာက လုံးဝကို မသင့်တော်ဘူးလို့ ထင်ပါတယ်။ စစ်ပွဲဖြစ်ပွားနေချိန် မှာ ခေါင်းဆောင်အသစ်ရွေးချယ်ဖို့ နဲ့ ဒီမိုကရေစီရွေးကောက်ပွဲစတင်ဖို့ ပြောတာတွေက မသင့်တော်ဘူး" လို့ ပြောပါ တယ်။ အမေရိကန်လွှတ်တော်အမတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရှူမာက အစ္စရေးဟာ အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်နိုင်ငံမူဝါဒကို ငြင်းပယ်ထားကြောင်း၊ အဲဒီလိုမျိုးငြင်းဆန်ခြင်းက မှားယွင်းကြောင်း၊ ပြောပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းကြား အပစ်ခတ်ရပ်စဲရေးကို အမြန်ဆုံးလုပ်ဆောင်ဖို့၊ ပြန်ပေးဆွဲခံရသူတွေကို ပြန်လွှတ်ပေးဖို့ နဲ့ ဂါဇာဒေသကို အကူအညီပေးရေးလုပ်ဆောင်ဖို့ တိုက်တွန်းတောင်းဆိုလိုကြောင်း၊ အမေရိကန်လွှတ်တော် အမတ်ခေါင်းဆောင်က ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ လက်ရှိအချိန်မှာ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်မြောက်စေဖို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ ငါးလကျော်ကြာမြင့်နေပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုမရသေးဘဲ ဆက်လက် ဆွေးနွေးနိုင်ဖို့ ကြိုးပမ်းနေရဆဲဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေကျင်မြို့နယ်တွင် နာရေးပြုလုပ်နေသည့် နေရာအနီး မိုင်းပေါက်ကွဲမှုကြောင့် (၁၃)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ