Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကျန်းမာရေးပြဿနာများကြောင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဆေးရုံ၌ ရက်အတန်ကြာကုသရဖွယ်ရှိနေ

ဂျန်ဇက် (NP News) - မတ် ၃ဝ


ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အသက်ရှူလမ်းကြောင်းပိုးဝင်တဲ့အတွက် ဆေးရုံမှာရက်အ တန်ကြာကုသရဖွယ်ရှိနေကြောင်း သိရပါတယ်။


ဆေးရုံတက်နေရတဲ့အတွက်ပုပ်ရဟန်းမင်းကြီးဟာ စီစဉ်ထားတဲ့ပွဲစဉ်အားလုံးကို ဖျက်သိမ်းလိုက်ရကြောင်းသိရပါတယ်။ အသက်ရှူလမ်းကြောင်းထဲ ပိုးဝင်တဲ့ရောဂါကိုပျောက်ကင်းအောင်ကုသနိုင်ဖို့ ဖရန်စစ်ဟာ ဆေးရုံမှာ ရက်ပေါင်းများစွာကြာ နေထိုင်ရဖွယ်ရှိနေပါတယ်။ 


ဗာတီကန်နန်းတော်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဘရူနီက "ပုပ်ရဟန်းမင်းကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက အသက်ရှူရတာခက်ခဲ့တယ်လို့ ပြောခဲ့တယ်။ ပုပ်ရဟန်းမင်းကြီးဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်ခံရတာမျိုးမဟုတ်ဘူး၊ ဒါပေမယ့်လည်း အသက်ရှူလမ်း ကြောင်းထဲ ပိုးဝင်နေခဲ့တာဖြစ်တယ်။ ဒါကြောင့် ပုပ်ရဟန်းမင်းကြီးဟာ သင့်တော်တဲ့ ဆေးဝါးကုသမှုတွေလုပ်နိုင်ဖို့ ဆေးရုံမှာရက်အတန်ကြာနေထိုင်ရဖွယ်ရှိနေပါတယ်" လို့ပြောပါတယ်။


အသက် (၈၆)နှစ်အရွယ်ရှိ ပုန်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အရင်တုန်းကလည်း ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ဖို့ ဆေးရုံတက်ရောက်ခဲ့ဖူးကြောင်းသိရပါတယ်။ အာဂျင်တီးနား နိုင်ငံ သား ပုပ်ရဟန်းမင်းကြီးဟာ အသက်ရှူလမ်းကြောင်းထဲ ပိုးဝင်ခဲ့တဲ့အတွက် လူငယ်ဘဝတုန်းက သူရဲ့အဆုတ်တစ်ခြမ်းကို ဖယ်ထုတ်ခဲ့ရသူဖြစ်ကြောင်းသိရပါတယ်။ ပုပ်ရဟန်း မင်းကြီးဟာ ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း အခြားကျန်းမာရေးပြဿနာများရှိခဲ့ပြီး ၂ဝ၂၁ ခုနှစ်တုန်းကလည်း အူမကြီးရှိ အစိတ်အပိုင်းအချို့ကိုဖယ်ထုတ်ခဲ့ရကြောင်းသိရပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဒူးမှာဒဏ်ရာရှိနေတဲ့အတွက် လမ်းကိုကောင်းစွာမလျှောက်နိုင်ဘဲ wheelchair အသုံးပြုနေရပါတယ်။ 


ဖရန်စစ်ဟာ ၂ဝ၁၃ ခုနှစ်က ပုပ်ရဟန်းမင်းကြီးအဖြစ်ရွေးချယ်ခန့်အပ်ခံခဲ့ရပြီး အသက်အ ရွယ်ကြောင့်အနားယူသွားတဲ့ ပုပ်ရဟန်းမင်းကြီးဟောင်း Benedict XVI နေရာကိုဆက်ခံခဲ့သူဖြစ်ပါတယ်။

zawgyi version


ဂျန်ဇက် (NP News) - မတ် ၃ဝ











Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး လာမယ့်အစိုးရသစ်လက်ထက်မှာ အကူအညီများမရတော့မှာကို စိုးရိမ်မိကြောင်း ယူကရိန်းသမ္မတပြော

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved