Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး လာမယ့်အစိုးရသစ်လက်ထက်မှာ အကူအညီများမရတော့မှာကို စိုးရိမ်မိကြောင်း ယူကရိန်းသမ္မတပြော

ဂျန်ဇက် (NP News) - မတ် ၃ဝ


အမေရိကန်နိုင်ငံရေးအပြောင်းအလဲဖြစ်လာပြီး ယူကရိန်းနိုင်ငံအပေါ် ကူညီထောက်ပံ့ပေးမှုများမလုပ်တော့မှာကို စိုးရိမ်မိကြောင်း ယူကရိန်း သမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


အမေရိကန်နိုင်ငံ၌ လာမယ့်နှစ်မှာ သမ္မတရွေးကောက်ပွဲကျင်းပမှာဖြစ်ရာ ရွေးကောက်ပွဲအပြီးဖြစ်လာမယ့် အစိုးရအသစ်က ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုမလုပ်မှာကို စိုးရိမ်မိကြောင်း၊ အမေရိကန်ရဲ့ကူညီထောက်ပံ့မှုများမရတော့ဘူးဆိုရင် စစ်ပွဲအနိုင်ရမှာမဟုတ်ကြောင်း ယူကရိန်းသမ္မတက ပြောပါတယ်။ အမေရိကန်နိုင်ငံမှာ ယူကရိန်းနိုင်ငံအပေါ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်များက ကူညီပံ့ပိုးပေးလိုပေမယ့် ရီပတ်ဘလီကန်ပါတီ ကိုယ်စားလှယ်များက ယူကရိန်းစစ်ပွဲကို ကူညီထောက်ပံ့ပေးလိုခြင်းမရှိကြောင်းသိရပါတယ်။


ဒီမိုကရက်ပါတီ ကိုယ်စားပြုပြီး သမ္မတဖြစ်လာတဲ့ ဂျိုးဘိုင်ဒန်ဟာ လက်ရှိအချိန်မှာ စစ်ပွဲနဲ့ပတ်သက်ပြီး ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုတွေလုပ်ဆောင်နေရာ ရီပတ်ဘလီကန် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ပြစ်တင်နေပါတယ်။ အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့နှစ်အတွင်း ယူကရိန်းနိုင်ငံကို အမေရိကန်ဒေါ်လာ (၁၁၂)ဘီလျံ ကူညီထောက်ပံ့ပေးခဲ့သလို စစ်ရေးအကူညီများပံ့ပိုးပေးခဲ့ကြောင်းသိရပါတယ်။ ဒါပေမယ့် လာမယ့်အမေရိကန်သမ္မတ ရွေးကောက်ပွဲအပြီးမှာ ရီပတ်ဘလီကန်ပါတီကိုယ်စားပြုသူ သမ္မတဖြစ်လာခဲ့ပါက ယူကရိန်းကိုကူညီထောက်ပံ့ပေးဖို့ အလားအလာနည်းတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။


အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ လာမယ့်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန် ကိုယ်စားပြုပြီး ယှဉ်ပြိုင်ဖို့အလားအလာများနေရာ ၎င်းအနိုင်ရခဲ့ပါက ယူကရိန်းအနေနဲ့ အမေရိကန်နိုင်ငံထံကနေ ငွေကြေးအများအပြားရဖို့ မမျှော်လင့်သင့်တော့ကြောင်း ကြိုတင်ပြောဆိုထားပါတယ်။ 


ဖလော်ရီဒါ ပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis ကလည်း ယူကရိန်းနဲ့ရုရှားကြားဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေဟာ အမေရိကန်အတွက် အရေးကြီးတဲ့ မဟာဗျူဟာမြောက်အကျိုးစီးပွားမဟုတ်ကြောင်း၊ ပိုင်နက်နယ်မြေ အငြင်းပွားမှုမျိုးသာဖြစ်ကြောင်း ပြောပါတယ်။ ယူကရိန်းစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက လက်ရှိ အမေရိကန်အစိုးရဟာ ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုအများအပြားလုပ်ဆောင်ထားသလို ရုရှားကို ပိတ်ဆို့မှု အမျိုးမျိုးချမှတ်ထားပါတယ်။

zawgyi version


ဂျန်ဇက် (NP News) - မတ် ၃ဝ











Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူကရိန်းစစ်ပွဲ အဆုံးသတ်စေဖို့ စစ်ရေးနည်းလမ်းတစ်ခုတည်းသာ လုပ်ဆောင်နိုင်ဖွယ်ရှိနေကြောင်း ရုရှားအစိုးရပြော

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved