Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းစစ်ပွဲ အဆုံးသတ်စေဖို့ စစ်ရေးနည်းလမ်းတစ်ခုတည်းသာ လုပ်ဆောင်နိုင်ဖွယ်ရှိနေကြောင်း ရုရှားအစိုးရပြော

ဂျန်ဇက် (NP News) - မတ် ၃ဝ


ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်အောင် နိုင်ငံရေး ဒါမှမဟုတ် သံတမန်ရေးနည်းလမ်းတွေနဲ့ ချဉ်းကပ်လုပ်ဆောင်မှာမဟုတ်ဘဲ စစ်ရေးနည်းလမ်းတစ်ခုတည်းနဲ့သာ လုပ်ဆောင်နိုင်ဖွယ်ရှိနေတယ်လို့ ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကောဗ့်က ပြောပါတယ်။


ရုရှားတပ်ဖွဲ့တွေဟာ သမ္မတ ပူတင်ရဲ့လမ်းညွှန်ချက်များအတိုင်း  ရည်ရွယ်ချက်ပန်းတိုင်များ ရရှိအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ၎င်းကပြောပါတယ်။


ပက်ကောဗ့်က "ယူကရိန်း စစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားရဲ့ရည်မှန်းချက်တွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ရယူနိုင်အောင်ကြိုးပမ်းသွားမှာပါ၊ နိုင်ငံရေး၊ သံတမန်ရေးနည်းလမ်းတွေနဲ့ချဉ်းကပ်လုပ်ဆောင်ဖို့ လက်ရှိအချိန်မှာမဖြစ်နိုင်ဘူးဆိုရင် စစ်ရေးနည်းလမ်းကိုသာအဓိကထား အသုံးပြုရမှာဖြစ်ပါတယ်" လို့ပြောပါတယ်။ 


ယူကရိန်းနဲ့ ရုရှားကြား ဖြစ်ပွားနေတဲ့လက်ရှိစစ်ပွဲဟာ ဘယ်အချိန်မှာ ပြီးဆုံးမလဲဆိုတဲ့အ ချက်ကို ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက အသေးစိတ်ပြောဆိုခြင်းမျိုးမရှိခဲ့ကြောင်းသိရပါတယ်။ လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ရုရှားနဲ့ယူကရိန်းနှစ်နိုင်ငံတည်းဖြစ်နေတဲ့စစ်ပွဲမျိုးမဟုတ်တေ့ာဘဲ ယူကရိန်းကိုကူညီနေတဲ့နိုင်ငံတွေနဲ့ပါ သွယ်ဝိုက်ဖြစ်ပွားနေတဲ့မျိုးစပ် စစ်ပွဲ “hybrid war” ဖြစ်နေကြောင်း၊ စစ်ပွဲပြီးဆုံးဖို့ ကာလအတန်ကြာဖွယ်ရှိနေကြောင်း ပက်ကောဗ့်ကပြောပါတယ်။ 


၎င်းက "ကျွန်တော်တို့ဟာ မိတ်ဆွေမပီသတဲ့နိုင်ငံတွေ၊ ရန်လိုတဲ့ နိုင်ငံတွေနဲ့ပါ စစ်ဖြစ်နေ သလိုမျိုးဖြစ်နေတယ်။ ဒါကြောင့်စစ်ပွဲပြီးဆုံးဖို့ အချိန်အတန်ကြာဖွယ်ရှိနေပါတယ်"လို့ပြောပါတယ်။


ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mikhail Galuzin က ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားရဲ့ရည်ရွယ်ချက်များ ပြောင်းလဲခြင်းမရှိကြောင်း၊ ယူကရိန်းနဲ့ဥရော ပတိုက်ငြိမ်းချမ်းစေဖို့ ပိုမိုကောင်းမွန်မှုများဖြစ်လာစေဖို့ ရရှိအောင်လုပ်ဆောင်သွားမှာဖြစ် ကြောင်းသိရပါတယ်။ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်နိုင်ငံများ၊ နေတိုးအုပ်စုနိုင်ငံများဟာ ယူကရိန်းကို တိုက်ရိုက်ကူညီထောက်ပံ့ပေးမှုများ ပြုလုပ်နေပြီး ရုရှားကို ပစ်မှတ်ထားကာ တစ်ဖတ်သတ်ပိတ်ဆို့မှု အမျိုးမျိုးချမှတ်ခဲ့ကြောင်းသိရပါတယ်။

zawgyi version

ယူကရိန္းစစ္ပြဲ အဆုံးသတ္ေစဖို႔ စစ္ေရးနည္းလမ္းတစ္ခုတည္းသာ လုပ္ေဆာင္ႏိုင္ဖြယ္ရွိေနေၾကာင္း ႐ုရွားအစိုးရေျပာ

ဂ်န္ဇက္ (NP News) - မတ္ ၃ဝ


ယူကရိန္းစစ္ပြဲ အဆုံးသတ္ႏိုင္ေအာင္ ႏိုင္ငံေရး ဒါမွမဟုတ္ သံတမန္ေရးနည္းလမ္းေတြနဲ႔ ခ်ဥ္းကပ္လုပ္ေဆာင္မွာမဟုတ္ဘဲ စစ္ေရးနည္းလမ္းတစ္ခုတည္းနဲ႔သာ လုပ္ေဆာင္ႏိုင္ဖြယ္ရွိေနတယ္လို႔ ႐ုရွားအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ဒီမီထရီပက္ေကာဗ့္က ေျပာပါတယ္။


႐ုရွားတပ္ဖြဲ႕ေတြဟာ သမၼတ ပူတင္ရဲ႕လမ္းၫႊန္ခ်က္မ်ားအတိုင္း  ရည္႐ြယ္ခ်က္ပန္းတိုင္မ်ား ရရွိေအာင္ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ၎ကေျပာပါတယ္။


ပက္ေကာဗ့္က "ယူကရိန္း စစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားရဲ႕ရည္မွန္းခ်က္ေတြဟာ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ရယူႏိုင္ေအာင္ႀကိဳးပမ္းသြားမွာပါ၊ ႏိုင္ငံေရး၊ သံတမန္ေရးနည္းလမ္းေတြနဲ႔ခ်ဥ္းကပ္လုပ္ေဆာင္ဖို႔ လက္ရွိအခ်ိန္မွာမျဖစ္ႏိုင္ဘူးဆိုရင္ စစ္ေရးနည္းလမ္းကိုသာအဓိကထား အသုံးျပဳရမွာျဖစ္ပါတယ္" လို႔ေျပာပါတယ္။ 


ယူကရိန္းနဲ႔ ႐ုရွားၾကား ျဖစ္ပြားေနတဲ့လက္ရွိစစ္ပြဲဟာ ဘယ္အခ်ိန္မွာ ၿပီးဆုံးမလဲဆိုတဲ့အ ခ်က္ကို ႐ုရွားအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူက အေသးစိတ္ေျပာဆိုျခင္းမ်ိဳးမရွိခဲ့ေၾကာင္းသိရပါတယ္။ လက္ရွိအခ်ိန္မွာ ျဖစ္ပြားေနတဲ့ စစ္ပြဲဟာ ႐ုရွားနဲ႔ယူကရိန္းႏွစ္ႏိုင္ငံတည္းျဖစ္ေနတဲ့စစ္ပြဲမ်ိဳးမဟုတ္ေတ့ာဘဲ ယူကရိန္းကိုကူညီေနတဲ့ႏိုင္ငံေတြနဲ႔ပါ သြယ္ဝိုက္ျဖစ္ပြားေနတဲ့မ်ိဳးစပ္ စစ္ပြဲ “hybrid war” ျဖစ္ေနေၾကာင္း၊ စစ္ပြဲၿပီးဆုံးဖို႔ ကာလအတန္ၾကာဖြယ္ရွိေနေၾကာင္း ပက္ေကာဗ့္ကေျပာပါတယ္။ 


၎က "ကြၽန္ေတာ္တို႔ဟာ မိတ္ေဆြမပီသတဲ့ႏိုင္ငံေတြ၊ ရန္လိုတဲ့ ႏိုင္ငံေတြနဲ႔ပါ စစ္ျဖစ္ေန သလိုမ်ိဳးျဖစ္ေနတယ္။ ဒါေၾကာင့္စစ္ပြဲၿပီးဆုံးဖို႔ အခ်ိန္အတန္ၾကာဖြယ္ရွိေနပါတယ္"လို႔ေျပာပါတယ္။


႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Mikhail Galuzin က ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားရဲ႕ရည္႐ြယ္ခ်က္မ်ား ေျပာင္းလဲျခင္းမရွိေၾကာင္း၊ ယူကရိန္းနဲ႔ဥေရာ ပတိုက္ၿငိမ္းခ်မ္းေစဖို႔ ပိုမိုေကာင္းမြန္မႈမ်ားျဖစ္လာေစဖို႔ ရရွိေအာင္လုပ္ေဆာင္သြားမွာျဖစ္ ေၾကာင္းသိရပါတယ္။ စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ဦးေဆာင္တဲ့ မဟာမိတ္ႏိုင္ငံမ်ား၊ ေနတိုးအုပ္စုႏိုင္ငံမ်ားဟာ ယူကရိန္းကို တိုက္႐ိုက္ကူညီေထာက္ပံ့ေပးမႈမ်ား ျပဳလုပ္ေနၿပီး ႐ုရွားကို ပစ္မွတ္ထားကာ တစ္ဖတ္သတ္ပိတ္ဆို႔မႈ အမ်ိဳးမ်ိဳးခ်မွတ္ခဲ့ေၾကာင္းသိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်စစ်ဘက်သုံးရဟတ်ယာဉ် (၂)စင်း လေထဲမှာတိုက်မိပြီး ပျက်ကျခဲ့ဟု အမေရိကန်စစ်ဘက်ဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved