Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
၁၁.၁၁ ကယား စစ်မီးကြားက နိုင်ငံ့ဝန်ထမ်းအရာရှိကြီးတစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ်များ . . . (အင်တာဗျူး)

မြူနစ် / Pearl (NSS) - မတ် ၇

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ KNDF၊ KPDF ပူးပေါင်းအဖွဲ့များသည် ၁၁.၁၁ စစ်ဆင် ရေးအမည်ဖြင့် တိုက်ပွဲစတင်ဖော်ဆောင်ခဲ့သည်။ ယခုအချိန် အထိ အဖြေမထွက်သေးသည့် တိုက်ပွဲကာလအတွင်း၌ ပြည်နယ်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရား လည်ပတ်မှု၊ လွိုင်ကော်မြို့အခြေအနေ၊ နိုင်ငံ့ဝန်ထမ်းများ တွေ့ကြုံခံစားခဲ့ရသော အခြေ အနေများကို လွိုင်ကော်မြို့၌ တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းအရာရှိကြီးတစ်ဦးကို NSS က သီးသန့်တွေ့ဆုံမေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။ 

(မှတ်ချက်)- အဆိုပါ နိုင်ငံ့ဝန်ထမ်းအရာရှိသည် ညွှန်ကြားရေးမှူးအဆင့်ရှိသူတစ်ဦးဖြစ်ပြီး ၎င်း၏ လုံခြုံရေးအခြေအနေအရ အမည်၊ ဌာနနှင့် ရာထူး အပြည့်အစုံကို ကာယကံရှင်၏ဆန္ဒအရ မဖော်ပြနိုင်ခြင်းကို စာဖတ်ပရိသတ်များအနေဖြင့် နားလည်ပေးစေလိုပါသည်။


မေး -  ပထမဆုံးမေးချင်တာက ဒီ ၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီလကနေစပြီးတော့ ပဋိပက္ခတွေစဖြစ်တယ်။ စဖြစ်တော့ အဲဒီကနေစပြီးတော့ နိုင်ငံ့ဝန်ထမ်း တာဝန်တွေထမ်းဆောင်နေတဲ့ ပြည်သူထဲက ပြည်သူ တွေ အဲဒီလိုစဖြစ်တော့ အခြေအနေဘယ်လိုရှိလဲ။ နိုင်ငံ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ဘယ်လိုမျိုးထမ်း ဆောင်ခဲ့ရလဲ။ ဘယ်လိုမျိုး အခြေအနေတွေရှိလဲ။ 

ဖြေ - ကယားပြည်နယ်အနေနဲ့ကတော့ အားလုံး သိတဲ့အတိုင်းပဲ။ စပြီးတော့ ဖြစ်စဉ်ဖြစ်ကတည်းက တစ်ဖက်က နဂိုတည်းက ဘယ်လိုပြောရမလဲ အုံနဲ့ ကျင်းနဲ့ ကန့်ကွက်ကြတဲ့အဖွဲ့တွေလည်းများတာကိုး။ အားလုံးသိတဲ့အတိုင်းပဲ။ ရဲထဲမှာဆို CDM သွားတဲ့ အဖွဲ့တွေလည်းတော်တော်များတဲ့အထဲမှာ ပါတယ် ပေါ့နော်။ အဲဒီအတွက်ကြောင့် တာဝန်ထမ်းဆောင် ရတဲ့ဝန်ထမ်းတွေလည်း အခက်အခဲတော်တော်ရှိ တယ်။အဓိကကတော့ အဲဒီကာလမှာ တာဝန်ကျတဲ့ ရဲမှူးကြီးတို့ ဘာတို့ အလုပ်မလုပ်တာလည်းပါတယ်။ အလုပ်မလုပ်တဲ့အခါကျတော့ CDM လုပ်သွားတဲ့ ဝန်ထမ်းတွေက မကြောက်ရဘူး။ လမ်းပေါ် ပေါ်တင်နေကြတယ်။ CDM မလုပ်တဲ့ဝန်ထမ်းတွေက အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေနဲ့ ကြောက်ကြောက်လန့်လန့်နဲ့ ဆက်လက်တာဝန်ထမ်းဆောင်ရတာပေါ့နော်။ အဓိကကတော့ သက်ဆိုင်ရာ ရဲတွေ၊ တာဝန်ကျတဲ့ ရဲမှူးကြီးတွေ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မယ်ဆိုရင် ကောင်းတာပေါ့။ တချို့ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့တိုင်းတွေမှာဆိုရင်ပြဿနာမရှိဘူးပေါ့။ အလုပ် မလုပ်တဲ့လူတွေနဲ့ဆိုတော့ အဲဒီဒေသမှာနေရတဲ့ ကျန်တဲ့ဝန်ထမ်းတွေ ဒုက္ခရောက်တာပေါ့။ တာဝန် ထမ်းဆောင်ဖို့ အခက်အခဲတွေပိုရှိတာပေါ့။  အဲဒီကာလတွေမှာဆိုရင် တာဝန်ထမ်းဆောင်ရတာ ဘယ်လိုအခက် အခဲရှိလဲဆိုရင် တချို့ရုံးတွေဆိုရင် အင်္ကျီအဖြူတောင် ဝတ်လို့မရတော့ဘူး။ ဒီအတိုင်းပဲ ရုံးကို တခြားအင်္ကျီနဲ့သွားပြီးတော့ ရုံးရောက်မှ အင်္ကျီဝတ်တာ။ အစ်ကိုဆိုရင်တောင် အဲဒီလိုပဲသွားခဲ့ရတာ။ တကယ့် ခြိမ်းခြောက်ခံရမှုတွေလည်း ရှိတာပေါ့။  လိုင်းပေါ်မှာလည်း ဒီလိုပေါ့ Shame on you ဆိုတဲ့ Page တွေပါထောင်ပြီးတော့ ဝန်ထမ်းတွေရဲ့ Biography တွေပါ ထည့်ရေးပြီးတော့ ငယ်ကျိုးငယ်နာ တွေဖော်ပြီးတော့ပဲ။ ဒီတစ်ယောက်ကို ဘာလုပ်မယ်၊ ပစ်ပယ်မယ်။ နောက်ပြီးတော့ အရေးယူမယ်ပေါ့။အဲဒီလိုမျိုးတွေအထိကိုရှိတယ်။ နောက်အသက်အန္တရာယ်တွေခြိမ်းခြောက်တဲ့အထိ ကိုရှိတယ်။ အဲဒီမှာ အားလုံးကသိတဲ့အတိုင်းပဲ တချို့ဝန်ထမ်းတွေ လုပ်ကြံခံရတဲ့ အခြေအနေအထိ။ အထူးသဖြင့်တော့ ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ ရဲတွေပေါ့။ ရဲအကြီးပိုင်းအတော်များများကို အဲဒီလိုတွေ ခြိမ်းခြောက်လုပ်ကြံခဲ့တာတွေ ရှိတာပေါ့။ အဲဒီထဲမှာမှ သေတဲ့လူတွေလည်းသေသွား ကြတယ်။  လွတ်တဲ့လူလည်းလွတ်တာပေါ့။ အထူးသဖြင့်တော့ ပထဆုံးရဲအရာရှိတစ်ယောက်လုပ်ကြံ ခံရတာရှိတယ်။ နောက်အဲဒီထဲမှာ ထူးထူးခြားခြားဖြစ်တာကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ယောက်။ အဲဒီလိုပဲ လုပ်ကြံခံရတယ်။ ဒါပေမဲ့ အဲဒီတစ်ယောက်မှာပေါ်သွားတယ်။ လုပ်တဲ့ အဖွဲ့လည်း ပေါ်သွားတယ်။ အဓိကကတော့ အဲဒီအချိန်မှာလည်း ဝန်ကြီးချုပ်အသစ်ဖြစ်နေတယ်။ အဲဒီ ဝန်ကြီးချုပ်ကလည်း ဘယ်လိုခေါ်မလဲ ပြည်ထောင်စုကလာတဲ့ ဒုတိယဗိုလ် ချုပ်ကြီးဖြစ်တဲ့အခါကျ တော့ ရဲတို့၊ ဘာတို့အပေါ်မှာ လွှမ်းမိုးနိုင်မှုရှိတဲ့အခါကျတော့အောက်က ကောင်တွေက မပေါ်ပေါ်အောင် လိုက်ရတာပေါ့။ အဲဒီလိုမျိုးမပေါ် ပေါ်အောင်လိုက်ရတဲ့အခါ နောက်ပိုင်းမှာတော့ ဒီဖြစ်စဉ်မျိုးသိပ် မရှိတော့ဘူး။ ဒါပေမဲ့ ဘာတွေရှိလဲဆိုရင် ဝန်ထမ်းတွေကိုဖမ်းတယ်။ ဖမ်းပြီးရင်အလုပ်ထွက်ခိုင်း တယ်။ နောက်ပြီးပိုက်ဆံနဲ့ ရွေးခိုင်းတယ်။  အဲဒီလိုမျိုးပေါ့နော်။ နောက်ပိုင်းမှာကတော့ ဝန်ထမ်း တွေကို သတ်ဖြတ်တာ ထက်စာရင် အဓိက ပိုက်ဆံနဲ့ရွေးခိုင်းတာ။ ဒါမှမဟုတ်ရင် အောက်ကအငယ် တွေဆိုရင် အလုပ်ထွက်ခိုင်းတာ။ အဲဒါတွေပဲရှိတယ်။


မေး - ဟုတ်ကဲ့။ နောက်တစ်ခုကဘာလဲဆိုတော့ ကယား ပြည်နယ် လွိုင်ကော်မှာပေါ့နော်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၁)ရက်မှာ ဒေသခံလက်နက်ကိုင်အဖွဲ့တွေက ၁၁.၁၁ စစ်ဆင်ရေးစတယ်ပေါ့နော်။  စစ်ဆင်ရေးစတော့ လွိုင်ကော်မြို့မှာစတာပေါ့နော်။  စဖော်တော့ ဘယ်လိုပုံစံမျိုးတွေ မြင်တွေ့ကြရလဲ။ ဘယ်လိုပုံစံမျိုးတွေဖြစ်လဲ။ ဘယ်လိုပုံစံမျိုးနဲ့ တိုက်ပွဲ လာဖော်ခဲ့တာလဲ။ 

ဖြေ - သူတို့ကတော့ သူတို့ရဲ့ အဓိက အမာခံရွာ သုံးရွာဖြစ်တဲ့ ထေးငှားလျားရယ်၊ နာနတ်တောရယ်  ဒေါဥခူရယ်ပေါ့။ အစောကတည်းက အဲဒီရွာတွေကနေ အခြေကုပ်ပြီးတော့မှ မြို့ကိုစပြီးတော့ ကပ်တာပေါ့ နော်။ ကပ်ပြီးတော့ အဲဒီရွာနဲ့ မြို့နဲ့ကြားမှာ အဓိကက လွိုင်ကော်တက္ကသိုလ်ကြီးခံနေတယ်။ တက္ကသိုလ် ကြီးခံနေတော့ လွိုင်ကော်တက္ကသိုလ်ကြီးထဲမှာ ဆရာ၊ ဆရာမတွေပဲ ရှိတာပေါ့။ (၁၁)ရက်နေ့ စတိုက်တော့ ဆရာ၊ ဆရာမတွေက အဲဒီမှာ ပိတ်မိနေတာပေါ့။  ဒီဘက်ကို လွတ်လာတာ အနည်း ငယ်ပဲရှိတယ်။ သူတို့ဘက်မှာ အဖမ်းခံရတဲ့အဖွဲ့တွေ တော်တော် များတယ်ပေါ့နော်။ နောက်တစ်ချက်က အင်နဲ့အားနဲ့ အဲဒီနေ့က ကြည့်ရ သလောက်ကတော့ တော်တော် များကြတာပေါ့။ လွိုင်ကော်မြို့ရဲ့မြောက်ဘက်ခြမ်း တစ်ခြမ်းလုံးကနေပြီး တော့ အင်နဲ့အားနဲ့ဝင်တိုက်တာဖြစ်တဲ့အတွက် ကိုယ်တွေဝန်ထမ်းတွေဘက်ကို ဒရုန်း တွေနဲ့ သုံးရက်လောက်အတွင်းမှာကိုပဲ ရောက်လာခဲ့တယ်ပေါ့နော်။ လွှတ်တော်တို့၊ အစိုးရ အဖွဲ့နားအထိကို ရောက်လာခဲ့တယ်ပေါ့နော်။ ရောက်လာတဲ့အချိန်မှာတော့ နည်းနည်းတန့် သွားခဲ့တာပေါ့နော်။ ၁၄ ရက်နေ့လောက်မှာတော့ သူတို့ရဲ့ထိုးစစ် တန့်သွားတယ်။ 


မေး - အဲဒီတိုက်ပွဲကာလတွေမှာကော နိုင်ငံ့ဝန်ထမ်း တစ်ယောက်အနေနဲ့ ဘယ်လိုရင်ဆိုင်ခဲ့ရတာမျိုးရှိလဲ။ ဘယ်လိုအခြေအနေမျိုးတွေ ကြုံခဲ့ရလဲ။ 

ဖြေ - ကြုံခဲ့ရပါတယ်ဗျ။ အဲဒီကာလမှာလည်း ဘာတွေကြုံတွေ့ရလဲဆိုတော့ အမိန့်ညွှန်ကြားချက်၊ CDM  မလုပ်တဲ့ဝန်ထမ်းတွေ ဒုက္ခရောက်တာပေါ့။ ဘယ်အမိန့်၊ ဘယ်ညွှန်ကြားချက်မှမလာ။ နောက် ဘာလုပ်ရမှာလဲဆိုတဲ့ ညွှန်ကြားချက်တွေ မပေးလာ။ မပေးလာဘူး ဖြစ်တဲ့အတွက်ရုံးဌာန တော်တော် များများက ကိုယ့်ဘာသာပဲ ကိုယ့်ဝန်ထမ်းတွေကို ညွှန်ကြား။ ကိုယ့်ဘာသာကိုယ်ပဲ စီမံခန့်ခွဲ။ အခြေအနေအချိန်အခါပေါ်မူတည်ပြီးတော့ လှုပ်ရှား ဆောင်ရွက်ခဲ့ရ တယ်။


မေး - နောက်တစ်ခုက အဲဒီ လွိုင်ကော်တက္ကသိုလ် ပေါ့နော်။ အဲဒီကို ဒေသခံ လက်နက်ကိုင်တွေက ဝင်စီးတဲ့အခါမှာ ဘယ်လိုမျိုးအခြေအနေတွေရှိလဲ။ ပုံတွေဆိုရင် သတ်ဖြတ်ခံရတဲ့ပုံတွေပါ ကျွန်တော်တို့ တွေ့တယ်။ ဘယ်လိုမျိုးအခြေအနေတွေရှိခဲ့လဲ။ အဲဒါဖြစ်စဉ်လေးလည်း ပြောပေးလို့ရမလား။ 

ဖြေ - အဓိကကတော့ အသေးစိတ်ကတော့ သိပ်တော့မသိဘူးပေါ့နော်။ ကျွန်တော်သိသလောက်က တော့ လေးဖက်လေးတန်ကနေ ဝင်ချတာ။ လေးဖက်လေးတန်ကနေ တက္ကသိုလ်ကိုဝိုင်းတဲ့အချိန်မှာ တပ်က သုံးဖွဲ့လောက်ကိုထည့်ပြီးတော့ တည်လိုက်တယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ လွိုင်ကော်တက္ကသိုလ်က ဝင်လမ်း တစ်လမ်းပဲရှိတယ်။ ထွက်လမ်းလည်း အဲဒီလမ်း ကပဲပြန်ထွက်ရမှာ။ ဒါပေမဲ့ အဲဒီလမ်းရဲ့ ဘေးဘယ် ညာမှာ ဟိုကောင်တွေအကုန်လုံးက ရောက်နေပြီဆိုတော့။ ဝင်ပြီးတဲ့အဖွဲ့တွေလည်း ထွက်ဖို့အကုန်ခက်သွားတယ်။ နောက်တစ်ချက်က အထဲမှာရှိနေတဲ့ ဆရာ ဆရာမတွေနဲ့ ဝန်ထမ်းတွေရှိမယ်။ နောက်ပြီး အဲဒီအထဲမှာပဲ လုပ်သားတွေ၊ သန့်ရှင်းရေး နေ့စား တွေ အဖွဲ့စုံပေါ့၊ နောက်တည်ဆောက်ရေးလုပ်နေတဲ့ အဖွဲ့တွေရှိမယ်။ တည် ဆောက်ရေးအဖွဲ့တွေရဲ့ လုပ်သားတွေပေါ့၊ ဒါတွေ အကုန်ကျန်မယ်။ လူအတော်များ များက စုံနေမှာပဲ။ ဆရာဆရာမတွေနဲ့ ကျောင်းဆရာ ဆရာမ မိသားစုတွေနဲ့ အဲဒီလိုဟာတွေနဲ့ အထဲမှာ တိုက်ပွဲကဖြစ်သွားတာ။ ဖြစ်တဲ့အတွက်ကြောင့်မို့ သေသွားတာတို့ မှန်သွားတာတို့ ရှိနိုင်လောက်တယ်။  ဒီမြို့ထဲဘက်ကို ထွက်ပြေးလွတ်မြောက်လာတာ တော်တော်နည်းတယ်ပေါ့နော်။ ကျွန်တော်တို့ သိသလောက်ကတော့ ၂၀/ ၃၀ ဝန်းကျင်လောက်ပဲရှိမယ်။ ဟိုလက်နက်ကိုင်အင်အားစုတွေဘက်ကနေ ဖမ်းမိသွားတာတော့ ၁၉၀၊ ၂၀ဝ ဝန်းကျင်လောက်ကို ရှိတယ်။  အထဲမှာတော့ အဲဒီကာလကကြုံတွေခဲ့တဲ့ ဆရာ၊ ဆရာမတွေက ပိုပြီးတော့ အသေးစိတ်ကို သိရလိမ့်မယ်။ ဘာလို့လဲဆို အဓိကကတော့ ဝိုင်းခံရတာ ပေါ့နော်။ အစတုန်းကတော့ အထဲမှာ တပ်မရှိဘူးပေါ့နော်။ တကယ်တမ်း အဲဒီလိုဝိုင်းခံရတဲ့အခါမှာ တပ်က ဝင်ကယ်တယ်လို့ သိရတယ်။ 


မေး - အဲဒီလွိုင်ကော်မှာပေါ့နော်။ KNDF ဦးဆောင် တဲ့ လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖော်တော့ နိုင်ငံ့ဝန်ထမ်းတစ်ယောက်အနေနဲ့ တိုက်ပွဲကြားထဲမှာ ညပ်ခဲ့တဲ့အခြေအနေမျိုးရှိလား။ကြားညပ်သွား တဲ့အခြေအနေမျိုး၊ ကြားထဲရောက်သွားတဲ့ အခြေအနေမျိုးရှိလား။ တိုက်ပွဲကကော ဘယ်လောက် ပြင်းပြင်းထန်ထန် ဖြစ်ခဲ့လဲပေါ့နော်။ 

ဖြေ - ကြားဖူးပါတယ်။ ကျွန်တော်တို့က စဖြစ်ကတည်းကလည်း ၁၁ ရက်နေ့ဆိုလည်း တစ်နေကုန် ပစ်ခတ်နေပြီးတော့ လက်နက်ကြီး လက်နက်ငယ်တွေ နဲ့ တစ်နေကုန်ပဲ။ ၁၂ ရက်နေ့ဆိုလည်း တစ်နေကုန်ပဲ။ လွိုင်ကော်တက္ကသိုလ်မှာ ၁၂ ရက်နေ့ ညနေပိုင်း လောက်မှ ငြိမ်ကျသွားတာ။ ဒီဘက်ကလည်း အထဲမှာ ကျန်နေခဲ့တဲ့အဖွဲ့ကို မကယ်ထုတ်နိုင်တော့ဘူး။ ကျန်တဲ့အဖွဲ့တွေလည်း မိသွားတယ်ပေါ့။ အဲဒီမှာ နည်း နည်းလေးငြိမ်သွားတယ်။ ၁၂ ရက်နေ့မှာ သူတို့ လွိုင်ကော်တက္ကသိုလ်ကို ရသွားတယ်။ ၁၃ ရက်နေ့လောက်မှာ သူတို့ ဒီဘက်မြို့ထဲကို ကူး ကြတယ်ပေါ့နော်။ သူတို့ လက်နက်ကိုင်အဖွဲ့တွေ၊ မြို့ ထဲကိုကူးတယ်။ အဲဒီမှာ ကူးပြီးတဲ့ နောက်ပိုင်းမှာဆို လည်း တော်တော်များများတိုက်ပွဲကတော့ ကြမ်းတာပေါ့နော်။ ဥပမာ ၁၃ ရက်နေ့ ဒီဘက် လွိုင်ကော် (အထက-၂ )ထဲရောက်နေတဲ့အချိန်မှာပေါ့နော်။ သူတို့အင်အား သုံးလေးရာလောက် ရောက်နေတဲ့ အချိန်မှာ တပ်ဘက်ကနေပြီးတော့ တင့်ကားတောင် ထွက်ပြီးတော့ အချက်ရေ ၈၀ ကျော် ၉၀ လောက်ပစ် ယူရတယ်။ အဲဒီလောက်အထိကိုပြောမယ်ဆိုရင် တိုက်ပွဲပြင်းထန်ခဲ့တယ်ပေါ့နော်။ လက်နက်ကြီး အနေနဲ့ကတော့ တစ်ဖက်က လက်နက်ကိုင် အင်အားစုအနေနဲ့ လက်နက်ကြီး သိပ်သုံးနိုင်တာမတွေ့ရဘူး။ လက်နက်ငယ်လေးတွေနဲ့ပဲသုံးတယ်။ ဒီဘက်က တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ် ပိုသုံးနိုင်တာကို တွေ့ရတာပေါ့နော်။ တိုက်ပွဲကြားထဲမှာကတော့ အဓိကကတော့ နှစ်ဖက်ကပစ်တဲ့ လက်နက်ကြီးကျည်တွေနဲ့ အမြောက်ဆန်တွေက သက်ဆိုင်ရာရုံးတွေမှာ ကျရောက်ပေါက်ကွဲတာဖြစ်တဲ့အတွက်တော့  ကျွန်တော် တို့ဝန်ထမ်းတွေ လန့်တာပေါ့။ အဲဒီလိုမျိုး တွေတော့ကြုံတွေ့ခဲ့ရတယ်။ ရုံးတွေလည်း ပျက်စီးတာပေါ့နော်။ လက်နက်ကြီးကျည်တွေ၊ လက်နက်ငယ် ကျည်တွေနဲ့။ 


မေး - ဒီလွိုင်ကော်မြို့ကိုပေါ့နော် KNDF  ဦးဆောင်ပြီးတော့ တိုက်ပွဲဖော်တဲ့အချိန်မှာ ၁၁.၁၁ စစ်ဆင်ရေး အနေနဲ့ တိုက်ပွဲဖော်တဲ့အချိန်မှာ ဒီလက်ရှိအစိုးရရဲ့ တပ်မတော်လုံခြုံရေးအဖွဲ့တွေကကော ပြန်လည် ခုခံတဲ့အခါမှာ ဘယ်လိုအခြေအနေရှိလဲ။ အားနည်းချက်တွေက ဘာတွေရှိမယ်လို့ထင်မလဲ။  အားသာချက်တွေက ဘာတွေရှိမလဲ။ 

ဖြေ - အားနည်းချက်တွေမြင်ရတာတော့ နယ်မြေ မကျွမ်းကျင်တာ။ တပ်တော်တော်များများက တခြားနေရာကနေလာတာဖြစ်တဲ့အတွက် နယ်မြေ မကျွမ်းကျင်တာတွေ့တယ်။ နောက်တစ်ချက်က ခေါင်းဆောင် အတော်များများက ခဏခဏပြောင်းလဲနေတဲ့ပြဿနာပေါ့။ ဟိုနေရာချိန်း၊ ဒီနေရာ ချိန်းဆိုတော့ လွိုင်ကော်ကိုရောက်လတာ တစ်လ နှစ်လပဲ ရှိသေးတဲ့စစ်ခေါင်းဆောင်တချို့က လွိုင်ကော်အကြောင်း ဘာသိမှာလဲ။ နယ်မြေအနေအထား ဒါတွေ မသိဘဲနဲ့ On Gound ကိုမသိဘဲနဲ့ ကာကွယ်ဖို့ဆိုတာအရမ်းခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ နောက်တစ်ချက်က အောက်ခြေကတိုက်တဲ့ တပ်တွေမှာလည်း အဓိကက နယ်မြေကျွမ်းကျင်မှု အားနည်းကြတယ်။ ဒါပါပဲ။ ကျန်တာတော့ အားလုံး သာလွန်မှု ရှိပါတယ်။ လက်နက်ခဲယမ်း၊ စိတ်ဓာတ်တွေကတော့ ပြောစရာမရှိပါဘူး။ 


မေး - ကယား PDF အဖွဲ့က လွိုင်ကော်မြို့ထဲကို စီးနင်းဝင်ရောက်လာနိုင်စေခြင်းရဲ့ အဓိက သူတို့ရဲ့ အားသာချက်က ဘာဖြစ်သွားမလဲ။ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေစီးနင်းခံရစေခြင်းမှာ သူတို့ရဲ့အားနည်း ချက် က ဘာလဲ။ 

ဖြေ - ထောက်လှမ်းရေးပဲလေ။ ထောက်လှမ်းရေး ညံ့တယ်။ အလုပ်မလုပ်ကြဘူး။ သတင်းနဲ့ပတ်သက်တဲ့ အဖွဲ့တွေ အလုပ်မလုပ်ကြဘူး။ ပိုက်ဆံရဖို့ပဲစိတ်ဝင် စားနေကြတယ်။ နောက်ပြီး ရှေ့အစဉ်အဆက်က ရဲမှူးတွေ၊ ဘာတွေက အလုပ်လုပ်ဖို့ လိုတာလေ။ ရောက်တဲ့နေရာမှာ မှိန်းစား၊ ပြီးတော့ အချိန်တန်ရင် ပြောင်းမယ်ဆိုတဲ့စိတ်နဲ့ အလုပ်လုပ်နေသမျှတော့ တိုင်းပြည်ကသွားမှာပဲ။


မေး - တစ်ဖက်က ဘာကြောင့် အားသာတာလဲ။ ဘယ်အချက်တွေလဲ။ 

ဖြေ - တစ်ဖက်အဖွဲ့အစည်းက ဘာအားသာလဲဆိုတော့ လူငယ်တွေဖြစ်တယ်။ ဒီလိုတိုက်လို့မရရင် ဘယ်လို တိုက်မလဲ အဲဒီလိုပေါ့ innovation အားသာတယ်။ နည်းပညာအသုံးချတယ်။ မီဒီယာကို ကောင်းကောင်း အသုံးချတယ်။ ဒါပဲ။


မေး - မြို့ခံတွေကကော ထောက်ခံကြလား။

ဖြေ - မြို့ခံတွေကတော့ ထောက်ခံတယ်လို့တော့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လူမျိုး တွေလေ။ မထောက်ခံရင်လည်း သူတို့က ဆက်လက် ရပ်တည်ပြီး စီးပွားရှာဖို့က အခက်အခဲရှိတာကိုး။ ဒီဒေသတွေရဲ့ သဘောသဘာဝကလည်း ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ဆန္ဒသဘောကို လွန်ဆန်လို့မရတဲ့ နေရာ ဧရိယာလည်းဖြစ်တဲ့အတွက် မထောက်ခံလည်း ကိုယ့်အတွက်အန္တရာယ်ရှိတာကြောင့်မို့လို့ တော်တော် များများကတော့ အလိုက်သင့်နေရတာပေါ့။ 


မေး - တကယ်တိုက်ပွဲဖြစ်လာတဲ့အခါမှာ မြို့ခံတွေ အတော်များများဆီကနေ လူတွေဆီမှာမကြားရတဲ့ မီဒီယာတွေဆီမှာမကြားရတဲ့ တကယ်ထွက်နေတဲ့အသံက ဘာလဲ။ 

ဖြေ - အဲဒီတော့ အကုန်လုံး စိတ်ကုန်သွားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တကယ်တမ်းသူတို့ကို ဟိုဘက်ကပြောတာက တစ်လနဲ့ပြီးစေရမယ်။ ဒီလိုမျိုး လွိုင်ကော်မြို့ကြီး မီးလောင်သွားစေရမယ်ဆိုတာ မပါဘူး။ လွိုင်ကော်မြို့ကြီး ပြာကျသွားရမယ်ဆိုတာ မပါဘူး။ သူတို့အိမ်တွေ မီးလောင်သွားမယ်ဆိုတာ မပါဘူး။ သူတို့ပစ္စည်းတွေ အကုန်အခိုးခံရမယ်ဆိုတာ လည်းမပါဘူး။ အခုတော့ အဲဒီဒုက္ခ အကုန်တွေ့ရပြီ လေ။ ထောက်ခံသူရော၊ မထောက်ခံသူရော၊ ဝန်ထမ်းတွေရော၊ ပြည်သူတွေရော အကုန်လုံးက အဲဒီဒုက္ခအကုန် ကြုံရတာပဲ။ ဘယ်သူမှ မခွဲခြားဘူး။ 


မေး - ပြီးခဲ့တဲ့ကာလတွေမှာ SAC  ဥက္ကဋ္ဌက ပြော သွားတာရှိတယ်။ ဒီတိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့ဟာ ပြန်လည်ထူထောင်ရေးလုပ်ဖို့ တော်တော်လေး ခက်ခဲသွားပြီဆိုတာကို ပြောခဲ့ တာရှိတယ်။ အဲဒီတော့ လက်ရှိ လွိုင်ကော်မြို့ရဲ့အခြေအနေက ဘယ်လောက် ပျက်စီးသွားပြီလဲ။ ရာခိုင်နှုန်း အားဖြင့်ပြောရင် ရာခိုင် နှုန်းဘယ်လောက် ပျက်စီးသွားပြီလဲပေါ့။ 

ဖြေ - မြို့ထဲမှာရှိတဲ့ အဓိက ဈေးနှစ်ဈေးလုံး မီး လောင်သွားတယ်။ တောင်ဈေးမီးလောင်တယ်။ မြို့ လယ်မှာရှိတဲ့ဈေးလည်း မီးလောင်တယ်ပေါ့။ ဒါပေမဲ့ တောင်ဈေးကတော့ အကုန်လုံးနီးပါး မီးလောင်သွား တယ်။ ဒီဘက်မြို့လယ်မှာဆိုရင်လည်း နှစ်ထပ်ဈေးလို့ ခေါ်တဲ့ဈေးလည်း လောင်သွားတာကိုး။ အဲဒီတော့ မြို့ ပေါ်ရဲ့အပျက်အစီးကိုကြည့်မယ်ဆိုရင် မီးလောင်သွားတဲ့ ဧရိယာက တော်တော်လေးများတယ်။ အဓိကတော့ မြို့ရဲ့ မြောက်ဘက်ခြမ်းက တိုက်ပွဲဖြစ်တဲ့ဧရိယာမှာ တော်တော်များများ ပျက်စီးဆုံးရှုံးမှုတွေများတယ်။ ရာခိုင်နှုန်းအားဖြင့်ပြောမယ်ဆိုရင်တော့ သေချာမျက်မြင်တိတိကျကျကောက်မှပဲ သိမှာလေ။ ဒါပေမဲ့ ခန့် မှန်းရသလောက်ဆိုရင်တော့ တိုက်ပွဲမဖြစ်ဘူးဆိုတဲ့ မြို့ရဲ့ တောင်ဘက်ခြမ်းပေါ့။ ဘီလူးချောင်းရဲ့ တောင် ဘက်ခြမ်းပေါ့။ အဲဒီမှာက ရာခိုင်နှုန်းအတော်များများ က ပျက်စီးတာခန့်မှန်းရမယ်ဆိုရင် (၁၀)ရာခိုင်နှုန်း မကျော်ဘူးပေါ့။ ဒါပေမဲ့ ဘီလူးချောင်းရဲ့ မြောက်ဘက် ခြမ်းပေါ့။ မြို့ရဲ့မြောက်ဘက် တိုက်ပွဲဧရိယာကြီးရဲ့ ပျက်စီးမှုက (၅၀)ရာခိုင်နှုန်းဝန်းကျင်လောက်ရှိမယ်လို့ခန့်မှန်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိက တော့ လက်နက်ကြီးကျည်ကျတယ်၊ မီးလောင်တယ်။ ဒါက တိုက်ပွဲဖြစ်တဲ့ဧရိယာလေ။ ပျက်စီးမှုရာခိုင်နှုန်းက (၅၀)ရာခိုင်နှုန်းဆိုရင် နည်းနည်းများသွားမယ် sorry ။ အဲဒီဘက်က မီးမလောင်ဘူး။ မီးလောင်တာက ရှားတယ်။ မီးလောင်လည်း တစ်အိမ်၊ နှစ်အိမ် လောက်ပဲလောင်တာ။ အတွဲလိုက်မလောင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ကကျဲတယ်။ လက်နက်ကြီး ကျည်ကျတဲ့နေရာတွေ၊ ဟိုတယ်တွေ၊ အထပ်မြင့်အဆောက်အအုံတွေ အကုန်ပျက်စီးတယ်။ အဲဒီတော့ ပျက်စီးမှုက ဘယ်လိုလဲဆိုရင် တိုင်းတာရတာခက်တယ်။ ဒါပေမဲ့ အဆောက်အအုံအနေနဲ့ပဲ ပြောရမယ်ဆိုရင်တော့ မြို့ရဲ့ မြောက်ဘက် ခြမ်းမှာရှိတဲ့ အဆောက်အအုံရဲ့ (၄၀)၊ (၅၀) ဝန်းကျင်ကတော့ ပျက်စီးသွားပြီ။ 


မေး - အဲဒီတော့ တစ်ဖက်က လွိုင်ကော်ကို ကယားပြည်နယ်ကို အရသိမ်းဖို့ကြိုးစားတဲ့အခါမှာ KNDFနဲ့ သူတို့ရဲ့ ဆက်စပ်အဖွဲ့အစည်းတွေဟာ တကယ်ပဲ သူ့ဒေသကို နိုင်အောင်တိုက်နိုင်မယ်လို့ ယုံကြည်ချက်ရှိလို့ တိုက်နေတယ်လို့ မြင်လား။ ဒါမှမဟုတ် သူတို့ လိုချင်တာတစ်ခုခုရဖို့ တိုက်နေတာလား။ 

ဖြေ - တကယ်တမ်းက သူတို့က သူတို့ဒေသကို လိုချင်လို့ တိုက်နေတာ။ ဒါပေမဲ့လည်း မရနိုင်ဘူး။ ဒါကတော့ မဟာဗျူဟာအရ ကယားပြည်နယ်က အရေးပါတယ်။ တကယ်တမ်းဆိုရင် ဒီဘက်က နေပြည်တော်နဲ့ ရေနီ၊ အေလာနဲ့ဆိုရင် တောင်ကြောနှစ်ကြော စာလောက်ပဲဝေးတဲ့နေရာဖြစ်တဲ့အတွက် မဟာဗျူဟာ အရ ပေးလို့ရတဲ့နေရာမဟုတ်ဘူး။ ဥပမာ မူဆယ် နဲ့မတူဘူး။  “ ဝ “ နဲ့လည်းမတူဘူး။ ကိုးကန့်နဲ့လည်း မတူဘူး။ ရခိုင်နဲ့လည်းမတူဘူး။ အဲဒါတွေအကုန်လုံး က နေပြည်တော်နဲ့အဝေးကြီး။ လွိုင်ကော်ကတော့ ပြောရမယ်ဆိုရင် နေပြည်တော်နဲ့ တကယ့်ကို ခြိမ်း ခြောက်နိုင်စွမ်းရှိတဲ့နေရာမျိုး ဖြစ်နေတယ်။ လွိုင်ကော်နဲ့နေပြည်တော်နဲ့က ရေနီတို့၊ အေလာတို့ဘက်ကဆိုရင် ဆက်နေတယ်။ အဲဒီတစ်ကြောလုံးမှာ ကယားတွေက တစ်လျှောက် ရွာငယ်တွေအဖြစ် ရှိနေတာဖြစ်တဲ့အတွက် မဟာဗျူဟာအရ ပေးလို့ရတဲ့နေရာမျိုးမဟုတ်ဘူး။ အဲဒီအခါကျတော့ ကာကွယ်မယ့် ရည်ရွယ်ချက်နဲ့ ဘယ်လိုပြောမလဲ မဟာဗျူဟာအရ အကျခံရမယ့် နေရာမဟုတ်သလို လက်ရှိအဲဒီမှာ ရှိနေတဲ့ ကာကွယ်တဲ့အဖွဲ့တွေက ခေါင်းဆောင်ပိုင်းမှာ တချို့ တော် တဲ့လူတော်တွေကြောင့် မကျနိုင်ဘူး။ 


မေး - ဆိုတော့ လွိုင်ကော်မကျရင် ပြည်နယ်မရဘူးပေါ့။

ဖြေ - မရနိုင်ဘူး။ ကျမှာလည်း မဟုတ်ဘူး။ 


မေး - လက်ရှိမှာ တိုက်ပွဲဖော်ဆောင်ခြင်းခံထားရတဲ့ လွိုင်ကော်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ရုံးစိုက်ရာမြို့ မှာ အစိုးရရဲ့ လုပ်ငန်းလည်ပတ်မှုရှိသေးလား။ အုပ်ချုပ်ရေးလုပ်ငန်းတွေက ဘယ်လိုလည်ပတ်နေလဲ။ 

ဖြေ - လည်ပတ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ရုံးစနစ်တော်တော်များများက နောက်ပိုင်းမှာ e- government နဲ့သွားနေတာဖြစ်တဲ့အတွက် လုပ်လို့ကတော့ ရနေတယ်လေ။ အဲဒီလို e- government နဲ့ပဲ လည်ပတ်နေတာပေါ့။ အရင်လိုတော့ စာတစ်တန်၊ ပေတစ်တန်နဲ့ မသွားနိုင်တော့ဘဲနဲ့ အဓိ ကတော့ အွန်လိုင်းစနစ်နဲ့တော့ လည်ပတ်နိုင်နေတယ်။ အစိုးရစနစ်က e- government နဲ့ပဲ လည်ပတ်တာ ပေါ့။ မြို့တောင်ဘက်ခြမ်းကတော့ ရှိတယ်။ မြို့ မြောက်ဘက်ခြမ်းကတော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲက ဖြစ်နေတာပေါ့။


မေး - လွိုင်ကော်မြို့ကနေ ဝန်ထမ်းတွေ ဘယ်အချိန် ကနေ စစွန့်ခွာကြလဲ။ 

ဖြေ - ဘယ်အချိန်မှ စစွန့်ခွာလဲဆိုတော့ အဓိကတော့ လွိုင်ကော်တက္ကသိုလ် ကျသွားပြီ၊ ဆရာ/ဆရာမတွေ ကို စဖမ်းသွားပြီဆိုတဲ့အချိန်မှာ တော်တော်များများက မြို့ပေါ်မှာရှိတဲ့ဝန်ထမ်းတွေအကုန်လုံးက သွေးပျက် သွားပြီ။  ဆရာ/ဆရာမကြီးတွေကို ဖမ်းသွားပြီ။ တချို့ တွေအသတ်ခံရတယ်။ အဲဒီအချိန်မှာ အတော်များများ ကသွေးပျက်သွားတယ်။ နောက်တစ်ချက်က အဲဒီအချိန်မှာပဲ မီဒီယာအားနဲ့ သူတို့ အင်အားများကြောင်းကို ပြလိုက်တဲ့အချိန်မှာ အဲဒီရက်က နိုဝင်ဘာ ၁၃၊ ၁၄၊ ၁၅ မှာ ဌာနဆိုင်ရာဝန်ထမ်းအတော်များများက စပြီး စွန့်ခွာတယ်။ အဲဒီကာလပါပဲ။ အများစုကတော့ နိုဝင်ဘာ ၁၅၊ ၁၆၊ ၁၇ ရက်တွေမှာ နိုင်ငံ့ဝန်ထမ်းတော်တော် များကထွက်ကြတာ။ 


မေး - ထွက်သွားတဲ့အခါမှာ ဘယ်လမ်းကြောင်းက အများဆုံးထွက်ခွာကြလဲ။ လေယာဉ်နဲ့လား။ ကား လမ်းနဲ့လား။ တောင်ကြီးလား။ ဘယ်နေရာလဲ။ 

ဖြေ - အဓိက အများဆုံးထွက်တဲ့လမ်းကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖွင့်ပေးထားတဲ့ လမ်းတစ် လမ်းပဲရှိတယ်။ အဲဒီလမ်းကပဲ ထွက်သွားတာ။ အဲဒီ လမ်းကလည်း တစ်လျှောက်မှာ သူတို့ အစစ်အဆေး တွေဖွင့်ပေးတဲ့လမ်းဆိုပြီးတော့ လိုင်းပေါ်မှာ ကြေညာ ထားတယ်။ အဓိကတော့ ဘယ်လမ်းလို့ပြောမလဲ လွိုင်ကော်-ဆောင့်ကန်း- ကျောက်တစ်လုံးပေါ့။ အဲဒီကနေ ရွှေညောင်-ညောင်ရွှေ၊ ဆီဆိုင်၊ တောင်ကြီး ကိုတက်တာပေါ့။ နောက်ပြီးတော့ အောင်ပန်းတို့၊ အေးသာယာတို့ပေါ့။ အများစုက အဲဒီမှာ စစ်ရှောင်နေ ကြတယ်။ ကုန်လမ်းကနေထွက်လာတဲ့တစ်လမ်းလုံး တောက်လျှောက်မှာ မြို့က တိုက်ပွဲဖြစ်ထားတာ ဖြစ်တဲ့အတွက် တချို့နေရာတွေမှာ အတော်များ များပျက်စီးနေပြီ။ နောက်တစ်ချက်က ဖွင့် ပေးတဲ့လမ်းတစ်လျှောက်မှာကတော့ သိပ်ပြီးတော့ အပျက်အစီးက မရှိပါဘူး။ မရှိဘူးဆိုတာက အဲဒီ ဘက်ခြမ်းတွေမှာက တိုက်ပွဲတွေမဖြစ်ကြဘူး။  ဖွင့်ပေးတဲ့လမ်းတွေက တိုက်ပွဲတွေမဖြစ်ဘူး။ လမ်းတစ် လျှောက်မှာ လက်နက်ကိုင်အဖွဲ့အစည်းအင်အားက အပြည့်ပဲ။ 


မေး - နောက်မေးခွန်းကတော့ လက်ရှိ တိုက်ပွဲ အဖော်ခံထားရတဲ့ လွိုင်ကော်မြို့မှာ တော်တော်လေး လည်း ပျက်စီးနေတာရှိတယ်။ ဒီလိုတိုက်ပွဲဖြစ်လာ တဲ့အပေါ်မှာ အကျိုးရလဒ်က ဘာဖြစ်မယ်လို့ မြင်လဲ။ ဘယ်သူတွေက အကျိုးရလဒ်ရှိပြီးတော့ ဘယ်သူတွေက အကျိုးရလဒ်မဲ့သွားလဲပေါ့။ 

ဖြေ - အကျိုးရလဒ်ကတော့ သေနတ်ကိုင်ထားတဲ့လူ တွေက အကုန်လုံး အကျိုးရလဒ်ရှိမှာပေါ့။ သေနတ်မ ကိုင်ထားတဲ့လူတွေအကုန်လုံး အကျိုးရလဒ် မရှိဘူး ပေါ့။ ဒါပါပဲ။ လမ်းမှာတွေ့ရင် သေနတ်ကိုင်ထားတဲ့လူ တွေကိုကြောက်ရတာပဲ။ အခု ဒီတစ်မြို့လုံးက လူတွေ အကုန်လုံးက ရှိသမျှပစ္စည်းတွေကို အကုန်ထားပြီး တော့ ဝန်ထမ်းတွေရော၊ ပြည်သူတွေရော အကုန်လုံး က ပိုင်ဆိုင်သမျှကို လွိုင်ကော်မှာထားပြီးတော့ ပြေး သွားရတာပေါ့။ အဲဒီတော့ အဲဒီအထဲမှာ ကျန်ခဲ့တာက သေနတ်ကိုင်ထားတဲ့လူတွေပဲ ကျန်နေခဲ့တာလေ။ အဲဒီတော့ ဘယ်အဖွဲ့တွေ၊ ဘယ်အဖွဲ့အစည်းတွေက စည်းကမ်းနဲ့ထိန်းနိုင်မလဲ။ ဘယ်အဖွဲ့တွေ၊ ဘယ်အဖွဲ့ အစည်းတွေက စည်းကမ်းမရှိလဲ။ အဖွဲ့စုံ၊ လူစုံပေါ့။ အဲဒီမှာ အကုန်လုံးက သေနတ်ကိုင်ထားတဲ့အခါကျ တော့ ပိုဆိုးတာပေါ့။ စည်းမျဉ်းစည်းကမ်းနဲ့ ပိုထိန်းရတာပေါ့။ စည်းမျဉ်းစည်းကမ်းမရှိတဲ့ အဖွဲ့အစည်းတွေ အကုန်လုံးကတော့ မြို့ထဲမှာရှိတဲ့ပစ္စည်းတွေကို သေ နတ်ကိုင်ထားတဲ့သူတွေအားလုံးက စိတ်ကြိုက်ပဲလေ။ အဲဒီတော့ အဓိက ဆုံးရှုံးတာကတော့ ပြည်သူပဲပေါ့။ အခုကြည့်လေ ဝန်ထမ်းတွေပဲပြောပြော၊ ပြည်သူတွေ ပဲပြောပြော အကုန်လုံး သုံးလအတွင်းမှာ အကုန်စစ် ဘေးရှောင်ပြီးတော့ ပိုင်ဆိုင်မှုတွေအကုန် ထားခဲ့ရ တာ။ ဘာတစ်ခုမှမယူနိုင်ဘူး။ အခုပြန်သွားကြည့် ဘာ တစ်ခုမှမရှိတော့ဘူး။ တချို့တွေဆို အိမ်ပါ မရှိတော့ ဘူး။ တချို့တွေဆိုရင် အိမ်ထဲမှာ ဆိုင်ကယ်တွေ၊ ကား တွေ၊ တီဗီတွေ၊ ပစ္စည်းတွေအကုန်ကျန်ခဲ့လိမ့်မယ်။ အခုသွားကြည့်ရင် ကျိန်းသေတယ် (၉၀)ရာခိုင်နှုန်း မရှိနိုင်တော့ဘူး။ အကုန်လုံး ကျန်ခဲ့တဲ့ကောင်တွေက သူတို့ပစ္စည်းပဲ။ နောက် တချို့အိမ်တွေဆိုရင် မီး လောင်သွားတယ်။ မီးခိုးသွားရင်တော့ ကုန်ပြီပေါ့ဗျာ။ လူခိုးရင်တော့ အိမ်ကျန်မှာပေါ့။ ဒါပေမဲ့လည်း အိမ်က လက်နက်ကြီးကျည်ထိထားတယ်တို့၊ ဘာတို့ဆိုရင် တော့ နည်းနည်းပြန်ပြုပြင်ရမှာပေါ့။ အဲဒီလောက်ပဲ ရှိတယ်။ မီးလောင်သွားရင်တော့ ဘာမှမကျန်ဘူးပေါ့။ မီးလောင်သွားတဲ့သူတွေကတော့ ဘဝဆုံးသွားတာပေါ့။ စစ်ဖြစ်လာလို့ရှိရင်တော့ အဓိက ဒုက္ခရောက်တာ ပြည်သူပါပဲ။ 


မေး - အဲဒီတော့ လက်ရှိလွိုင်ကော်က စစ်က ဆိုင်ထားဆဲပဲ။ အခုထိတိုက်ပွဲက ပြီးသွားတယ်လို့ ပြော လို့မရသေးဘူး။ ဘယ်သူမှလည်း နိုင်တယ်လို့ ပြောလို့မရသေးဘူး။ ဆိုတော့ ဒီအတိုင်း စစ်ကဆိုင်ထားဆဲ ပဲဆိုရင် ပိုပိုပြီး အထိနာနိုင်တဲ့အဖွဲ့အစည်းက အစိုးရလား။ လက်နက်ကိုင်အဖွဲ့အစည်းလား။ 

ဖြေ - အစိုးရလည်း အထိနာစရာအကြောင်း မရှိဘူးလေ။ အချိန်တန်ရင် လစာက ရနေမှာပဲ။ ပြည် မကြီးတစ်ခုလုံး နောက်ကျောရှိနေတာပဲ။ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့လည်း ဘာပဲပြောပြော သူတို့နဲ့ချိတ်ဆက်နေတဲ့အဖွဲ့အစည်းတွေ ရှိနေတဲ့ အတွက် သူတို့ရဲ့ရငွေတွေရှိနေတယ်။ သူတို့ရဲ့ အထောက် အပံ့တွေလည်းရှိနေတော့ ပြဿနာမရှိဘူး။ ဘယ်သူအထိနာမှာလဲဆိုတော့ ပြည်သူတွေပဲ အထိ နာမှာပေါ့။ ပြည်သူတွေပဲ သုံးလလုံးလုံး အလုပ်မရှိ၊ အကိုင်မရှိနဲ့။ လွိုင်ကော်မှာထားခဲ့ရတဲ့ ပစ္စည်းတွေကလည်း (၉၀)ရာခိုင်နှုန်းက ပလုံမှာပဲ။ အဲဒီတော့ အခုန ပြောသလို အထိနာဆုံးကတော့ ပြည်သူပါပဲ။


မေး - ကယားပြည်နယ်မှာ အရင်တုန်းက ပြည်သူ့ စစ်လို နယ်ခြားစောင့်တပ်ဖွဲ့ရှိတယ်။ သူက အရင်တုန်း က တပ်မတော်နဲ့ တစ်လျှောက်ပေါင်းနေတာကနေ မယ်စဲ့လို့နေရာမျိုးမှာ ရုတ်တရက်ကြီး ကယား PDF နဲ့သွားပေါင်းတယ်။ ဒါတွေက နောက်ခံဇာစ်မြစ်အ ကြောင်းတရားတွေက ဘာဖြစ်တယ်လို့ ကြားမိလဲ။

ဖြေ- အဓိကတော့ BGF မှာ အဓိကထိန်းထားတာက ဦးချစ်ကျော်အုပ်စုနဲ့ ဦးထွန်းကျော်အုပ်စု။ အဲဒီ အုပ်စုမှာမှ တကယ်တမ်းကျတော့ ဦးထွန်းကျော်က သူ့မိန်းမကနေပြီးတော့(ကလလတ)ကို ထိန်းထား တာ။ ဦးထွန်းကျော်က စဖြစ်ကတည်းက ရှောင်နေတာ ပေါ့။ အဲဒီတော့ (ကလလတ)က ဟိုဘက်ကိုမပါ သေးခင် (၃)၊ (၄)ရက်မှာမှ ဦးထွန်းကျော်ရဲ့မိန်းမက ရှမ်းမြောက်ဘက်မှာ ဆင်နှစ်ကောင်နဲ့ မှောင်ခိုသယ် ဆောင်မှုနဲ့ အဖမ်းခံလိုက်ရတယ်။ သွားရောင်းတာကို။ အဲဒါကျတော့ အချင်းချင်းငြိတာပေါ့။ သူတို့တောင် အကုန်လုံးလုပ်နေကြတဲ့သူတွေပဲ။ အဲဒါကို တစ်ဖက်ကလည်း အညှိမခံဘူး။ တစ်ဖက် ကလည်း ဖြဲပေါ့။ အဲဒီလိုငြိကြတဲ့အခါ ဦးထွန်းကျော်ရဲ့မိန်းမက မှောင်ခိုမှုနဲ့အဖမ်းခံလိုက်ရတယ်။ အဲဒီလို အဖမ်းခံလိုက်ရတဲ့ အချိန်မှာအရင်တုန်းကလည်း ကယားအဖွဲ့အစည်း နှစ်ခုကပါမယ့်ဘက်နဲ့ မပါမယ့် ဘက် နှစ်ခုကအင်အား တိုက်နေကြတာပေါ့။ အဲဒီတော့ မလုပ်ဘူးဆိုတဲ့ဘက် ကိုထိန်းထားတဲ့ ဦးထွန်းကျော်အုပ်စုက ပြိုကျသွားပြီးတော့ အဲဒီမှာ လုပ်မယ်ဆိုတဲ့အဖွဲ့တွေက ဟိုကောင်မ ရှိတော့ဘူး ဆိုပြီးတော့ တစ်ရက်ပဲကြားတယ် တိုက်သွားတာ။ နောက်ခံအကြောင်းအရင်းက ဒါပဲ။ အစက တည်းက ပါမလိုလိုဖြစ်နေတဲ့အချိန်မှာ ခေါင်းဆောင် ကြီးအဖမ်းခံလိုက်ရပြီဆိုတော့ ဒုခေါင်းဆောင်နောက် ပါ သွားတာပေါ့။ ဒါပါပဲ။ 


မေး - နောက်တစ်ခုက လွိုင်ကော်မြို့ဟာ တကယ်ကို အေးအေးချမ်းချမ်းရှိတဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေ ပြည့် နှက်နေတဲ့ မြို့လေးတစ် မြို့လည်းဖြစ်ခဲ့တယ်ပေါ့။ အဲဒီတော့ အခုဟာက တိုက်ပွဲတွေကြောင့် ပျက်စီးသွားပြီပေါ့။ ဆိုတော့ ဒီလွိုင်ကော်မြို့လေး နဂိုလို ပြန်လည်အေးချမ်းဖို့ နိုင်ငံ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ဘယ်လို အကြံပြုချင်လဲ။ 

ဖြေ - အဓိက အရေးကြီးဆုံးက ငြိမ်းချမ်းရေးပဲလေ။ ငြိမ်းချမ်းရေးမရဘဲနဲ့ ဘယ်လိုမှ ပြန်လည်ထူထောင်ဖို့ မဖြစ်နိုင်ဘူး။ တစ်ဖက်နဲ့တစ်ဖက် လက်နက်ကိုင်ပြီး တော့ ခေတ္တအပစ်အခတ်ရပ်စဲတယ်ဆိုတာ တကယ် တမ်းက အဖြေမဟုတ်ဘူး။ အဓိကတော့ ငြိမ်းချမ်းရေး ရအောင် လုပ်ဖို့လိုတယ်။ ငြိမ်းချမ်းရေးဆိုတာက ပါးစပ်ကပြောရင်တော့ (၃)လုံးတည်းနဲ့ လွယ်တာပေါ့။ တကယ်တမ်းပြောရရင် အဓိကတော့ သယံဇာတခွဲဝေ ရေးပါပဲ။ ဒီသယံဇာတခွဲရေးကို ကျွန်တော်တို့နိုင်ငံမှာ အဖြေအခုထိမရှာနိုင်သေးသရွေ့ ကျွန်တော်တို့ တစ် သက်လုံးငြိမ်းချမ်းရေးရမှာမဟုတ်ဘူး။ အဲဒီလို ငြိမ်းချမ်းရေး မရဘဲနဲ့တော့ သေနတ်ကိုင်ထားတဲ့အဖွဲ့ တွေက သေနတ်ကြီးချပြီးတော့ စကားပြောကြမှာ မဟုတ်ဘူး။ အဲဒီတော့ သေနတ်တွေနဲ့ပဲ စကားပြော ကြတော့မှာ။ အဲဒီတော့ ကျွန်တော့်အမြင်ကတော့ နံပါတ်တစ် ငြိမ်းချမ်းရေးရဖို့ လိုတယ်။ အဲဒီလို ရခဲ့ရင်တောင်မှ ကျွန်တော်တို့ တော်တော်ကြီးကို ထူထောင်ယူရမယ်။ ကျွန်တော်ခန့်မှန်းတာက ပြန်လည် ထူထောင်ရေးဟာ ဒီပုံစံအတိုင်းဆိုရင် ငြိမ်းချမ်း ရေးရ ရင်တောင် အနည်းဆုံး (၄)၊ (၅)၊ (၁၀)နှစ် ကြာတော့မယ်။ ဒါအနည်းဆုံး ခန့်မှန်းတာပါ။ ဒီထက်တော့ ပိုမြန်နိုင်စရာအကြောင်း မရှိပါဘူး။


မေး - တခြားဖြည့်စွက်ပြောချင်တာ ရှိပါသေးလား။

ဖြေ - အဓိကတော့ ဒီဖြစ်စဉ်တွေ ဖြစ်နေတာတွေက အဖြေရှာဖို့လိုပါတယ်။ ဇယား (၂)လား၊ ဇယား (၅)လား။ constitution လား။ ဒီပြဿနာကိုအဖြေရှာဖို့ လိုတယ်။ ဒီပြဿနာကို အဖြေ ရှာနိုင်ဖို့ဆိုတာကတော့ တိုင်းရင်းသားတွေနဲ့ တချို့နေရာတွေမှာ စကားပြော ကြည့်ဖို့လိုတယ်။ သူတို့ ဘာလိုချင်တာလဲ။ ကိုယ့် ဘက်ကဘာပေးနိုင်လဲ။ ဘယ်အထိပေးနိုင်လဲ။ ဘယ် အထိမပေးနိုင်ဘူးလဲ။ အဲဒါတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီးတော့ အဖြေရှာကြပေါ့။ အဲဒါမှပဲ ရမယ်။ အဓိကတော့ သယံဇာတခွဲဝေရေးပြဿနာပဲ။ ဒီသယံ ဇာတခွဲဝေရေးပြဿနာကို အဖြေမထုတ်နိုင်ဘဲနဲ့ ကျွန်တော်တို့ ဘယ်မှသွားလို့မရဘူး။ စကားလှအောင် ပြောရရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဇယား(၁)၊ ဇယား(၂)၊ ဇယား(၅) ပြဿနာတွေပေါ့။ ငြိမ်းချမ်း ရေးဆွေးနွေးပွဲ တော်တော်များများမှာ ကြည့်လိုက်ရင် သိနေတာပဲ။ အားလုံးသည် ဇယား (၁)၊ (၂)၊(၅) မှာပဲ ဂိတ်ဆုံးနေကြတာ။ တစ်ဖက် ကလည်း အဲဒီမှာပဲ ဂိတ်ဆုံးနေကြတာ။ အဲဒီတော့ ဒီဟာကို အဖြေရှာဖို့ လိုတယ်။ ဒါက ကျွန်တော့် အမြင်ပေါ့နော်။ အဓိက တော့ ဇယား (၁)၊ (၂)၊ (၅) ပြဿနာတွေပဲလို့ မြင်တယ်။


အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။   



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

McDonald ရဲ့ Big Mac ၃၄,၀၀၀ ကျော်ထိ အများဆုံး စားသုံးခဲ့တဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ အမျိုးသား ထွက်ပေါ် လာ

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved