McDonald ရဲ့ Big Mac ၃၄,၀၀၀ ကျော်ထိ အများဆုံး စားသုံးခဲ့တဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ အမျိုးသား ထွက်ပေါ် လာ
ရောင်နီ(NSS) - မတ် ၇
အသက် ၇၀ နှစ်အရွယ် အမေရိကန်အမျိုးသားတစ်ဦးဟာ ၎င်းရဲ့သက်တမ်းတစ်လျှောက် McDonald's Big Macs ဘာကာ အရေအတွက် အများဆုံး စားသုံးမှုအတွက် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း (GWR) ရရှိခဲ့ပါတယ်။
၎င်းဟာ ၂၀၂၃ ခုနှစ် တစ်နှစ်တည်းအတွင်းမှာတောင် ၇၂၈ လုံး စားသုံးခဲ့တာဖြစ်ပြီး ၎င်းရဲ့သက်တမ်း တစ်လျှောက်မှာ စုစုပေါင်း Big Macs အလုံးရေ ၃၄,၁၂၈ လုံးထိ စားသုံးခဲ့တယ်လို့ သိရပါတယ်။ မစ္စတာ ဒေါ်နယ် ဂေါ်စကဲဟာ တစ်နေ့ကို Big Mac ဘာကာ ၉ လုံး စားလေ့ရှိပြီး ဒါဟာ မကောင်းတဲ့အလေ့အကျင့်ဖြစ်တာကြောင့် အခုဆိုရင် နေ့လည်စာနဲ့ ညစာအတွက် ဘာကာ ၁ လုံးစီလျှော့စားနေတယ်လို့ ဆိုပါတယ်။
ဒီလို fast food အစားများပေမယ့် မစ္စတာ ဂေါ်စကဲဟာ တစ်နေ့ကို ၉ ကီလိုမီတာထက် ပိုလမ်းလျှောက်လေ့ရှိတာ ကြောင့် ကျန်းမာရေးပြဿနာမရှိဘူးလို့ သိရပါတယ်။ Big Mac တစ်လုံးမှာ အထူးဆော့စ်၊ အချဉ်ရည်၊ ကြက်သွန်နီ၊ အမေရိကန်ဒိန်ခဲနဲ့ နှမ်းပေါင်မုန့်နှစ်လုံးတို့နဲ့ ပြုလုပ်ထားပြီး ကယ်လိုရီ ၅၉၀ ပါဝင်ပါတယ်။
မစ္စတာဂေါ်စတီဟာ သူ Big Mac စားတဲ့အခေါက်တိုင်းမှာ ထုပ်ပိုးထားတဲ့ စက္ကူကို သိမ်းဆည်းထားလေ့ရှိတာ ကြောင့် ၎င်းကို ရေတွက်ပြီး ဂင်းနစ်စံချိန်ဝင်ခဲ့တာ ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှုံးနိမ့်မှုများတွေ့ကြုံရပြီးနောက် နီကီဟာလေးက ရီပတ်ဘလီကန်ပါတီအတွင်း သမ္မတလောင်း ရွေးချယ်မှုယှဉ်ပြိုင်မှုမှ နုတ်ထွက်
RELATED POSTS
16 Sep 2024 | အထွေထွေ,ပြည်တွင်း
16 Sep 2024 | အထွေထွေ,ပြည်တွင်း
14 Sep 2024 | အထွေထွေ,နိုင်ငံတကာ