Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ချီဖွေမြို့နယ်က ဖရဲရွာတွင် မြေရှားသတ္တုတူးဖော်မှုအပေါ် ဒေသခံများက သွားရောက်ကန့်ကွက်စဉ် KIA က ဗုံးဖြင့်ပစ်ကာ လူစုခွဲပြီး ပါဝင်သူများကို လိုက်လံဖမ်းဆီး

သုတကျော် (NSS) - ဖေဖော်ဝါရီ ၁၇

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်ရှိ ဖရဲရွာတွင် မြေရှားသတ္တုတူးဖော်မှုအပေါ်  သွားရောက်ကန့်ကွက်စဉ် KIA က ဗုံးဖြင့်ပစ်ကာ လူစုခွဲပြီး ပါဝင်သူများကို လည်း လိုက်လံဖမ်းဆီးခဲ့ကြောင်း ကချင်ပြည်နယ် အခြေစိုက် သတင်းမီဒီယာအချို့၏ ရေးသားချက်နှင့် သတင်းရင်းမြစ်အချို့ထံ ဆက်သွယ်စုံစမ်း မေးမြန်း ထားသည့် အချက်အလက်များအရ သိရသည်။ 


ဒေသခံများ သောက်သုံးရေအတွက် အားထား နေရခြင်းကြောင့်မတူးရန် တောင်းဆိုထားသည့် တောင်ကုန်းအနီးတွင် မြေရှားသတ္တုတူးဖော်နေခြင်း ကြောင့် ဒေသခံများက ဖေဖော်ဝါရီလ ၅ ရက်တွင် သွားရောက်ကန့်ကွက်ချိန် KIA  က လက်ပစ်ဗုံးဖြင့် ပစ်ခတ်ပြီး လူစုခွဲခြင်းကြောင့် ဒဏ်ရာရသွားသူ အချို့ ရှိခဲ့သည့်အပြင် ပါဝင်သူများကိုလည်း ဖမ်းဆီးခဲ့ခြင်း ရှိကြောင်း သိရသည်။ 

ဆန္ဒမပြမီ KIO ထံ သွားပြောခဲ့သော်လည်း မည်သို့မျှ အကြောင်းမထူးသည့်အတွက် သွားရောက် ကန့်ကွက်စဉ် KIA အဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခြင်းကြောင့် နှစ်ဦးဒဏ်ရာရကာ လူပေါင်း ၅၀ ခန့်ကို ဖမ်းဆီးထားပြီး ဆက်လက်ဖမ်းဆီးမှုများ ပြုလုပ်လာမည် စိုးရိမ်သည့်အတွက် ဒေသခံများက တိမ်းရှောင်မှုများ ပြုလုပ်နေကြကြောင်း သိရသည်။ 

"ဖေဖော်ဝါရီလ ၆ ရက်ကနေ စဖမ်းတာ။ အခုထိ မလွတ်ကြသေးဘူးလို့ သိရတယ်။ ဒေသခံတွေလည်း ရှောင်နေကြတာရှိတယ်"ဟု မြစ်ကြီးနားမြို့တွင် နေထိုင်သည့် NSS ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

အဖမ်းခံရသူများထံတွင် သင်အုပ်ဆရာတစ်ဦး၊ သင်းထောက်တစ်ဦးလည်းပါဝင်ကာ ယခင်က မြေရှင်းသတ္တုမတူးရန်အတွက် KIA ထံစာ တင်ပြ ထားခဲ့သည့်အပြင် ကန့်ကွက်မှုများ လုပ်ခဲ့သော်လည်း မထူးခြားခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာ အချို့တွင် ရေးသားထားသည်။ ကျည်မပါသော အသံမိုင်းဖြင့် လူခွဲခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဖမ်းထားခြင်းမဟုတ်ပဲ ဆွေးနွေးရန်အတွက် ခေါင်း ဆောင်ပိုင်းထဲမှ လူကို ခေါ်ထားခြင်း ဖြစ်နိုင်ကြောင်း KIA မှ ဗိုလ်မှူးကြီး နော်ဘူက ပြည်ပအခြေစိုက် မီဒီယာတစ်ခုကို ဖြေကြားထားသည်။ 

မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်များ အပြီးတွင် မြေရှားသတ္တု (Rare Earth) များကို ကချင်ပြည်နယ်ထဲမှ တရုတ်နိုင်ငံထဲသို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလျံနီးပါးအထိ ရှိနေပြီဖြစ်ကြောင်း Institute for Strategy and Policy - Myanmar (ISP – Myanmar) က ပြီးခဲ့သည့်နှစ် ဇွန်လ ၂၃ ရက်တွင် တရုတ်နိုင်ငံ အကောက်ခွန် အထွေ ထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ၏ ဖော်ပြချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။  စာအတွင်း KIA တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ ဖရဲရွာထဲတွင် "ဝ" ကုမ္ပဏီတစ်ခုသည် မေလမှစပြီး KIA နှင့် ဆွေးနွေးကာ မြေရှားသတ္တုတူးဖော်ရန် စမ်းသပ် လုပ်ဆောင်နေကြောင်း၊ အဆိုပါစီမံကိန်းကို ဒေသခံ များကန့်ကွက်ပါက KIA က ဖမ်းဆီးထောင်ချမည်ဟု ဆိုကာ ခြိမ်းခြောက်မှုများရှိကြောင်းလည်း ဖော်ပြထားသည်။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်မှုထမ်းဥပဒေအပေါ် သတင်းအမှားနှင့် ကောလာဟလ ဖြန့်ဝေသူများကြောင့် ရန်ကုန်တွင် ညပိုင်းအပြင်ထွက်သူ ယခင်ထက် လျော့နည်းနေ

RELATED POSTS
RECENT POSTS
မြန်မာကျောင်းသားများအတွက် ပညာသင်ဆုများကို တရုတ်နိုင်ငံက ပိုမိုခေါ်ယူမည်
11 Nov 2024
မြန်မာနိုင်ငံ လူမှုစီးပွားဘဝ တိုးတက်စေရေး တရုတ်က ဆက်လက်ကူညီမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော
11 Nov 2024
နစကဥက္ကဋ္ဌ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်ခိုင်မာရေး တရုတ် ၏ အမြဲထောက်ခံမှုကို ရရှိခဲ့
11 Nov 2024
အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် ပြန်လည်ရွေးကောက်ခံရတဲ့ ဒေါ်နယ်ထရမ့် ဘာတွေလုပ်ဆောင်ဖို့ အစီအစဉ်ရှိနေသလဲ
11 Nov 2024
ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေ၏ခရီးစဉ်က နစကဥက္ကဋ္ဌ၏ တရုတ်ခရီးစဉ် နှင့် တိုက်ရိုက်မဆိုင်ဘဲ နိုင်ငံခြားသားထောက်လှမ်းရေး အတွက်သာဖြစ်နိုင်ဟု ဆို
11 Nov 2024
ဖိလစ်ပိုင်က အမြန်ကင်းလှည့်သင်္ဘော အစင်းရေ(၄၀)ကို ပြင်သစ်ထံမှ ဝယ်ယူမည်
11 Nov 2024
အကယ်ဒမီဆုများ အကဲဖြတ်စိစစ်ရေးအဖွဲ့တွင် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များကို တာဝန်ပေးအပ်ခြင်းမပြုသင့်ဟု ပြည်ထောင်စုဝန်ကြီး ပြော
11 Nov 2024
UK Official Singles Chart မှာ အဆင့်အမြင့်ဆုံးအမျိုးသမီး K-pop အနုပညာရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့တဲ့ Rose
11 Nov 2024
ကြည်သာဟန် ဖမ်းဆီးစစ်ဆေးခံရမှုနှင့် ကားလောကသားတို့၏ အသံ၊ သောက၊ ဂယက် (ဆောင်းပါး)
11 Nov 2024
ဖားကန့် ကျောက်တူးသမားများအတွက် KIA ၏ မှော်နင်းလက်မှတ်ဈေး သတ်မှတ်နှုန်း ထားထက် ပိုမိုကောက်ယူမှုများ ရှိနေ
11 Nov 2024
TNLA နှင့် MNDAA တို့ ဘာသာရေးအဆောက်အအုံနှင့် ပြည်သူပိုင်နေအိမ်များအတွင်း ဝင်ရောက်တပ်စွဲခြင်းမပြုလုပ်ရန် ဒေသခံများတောင်းဆို
11 Nov 2024
နယ်သာလန်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ အစ္စရေးနိုင်ငံသားတွေကိုကယ်ထုတ်ဖို့ လေယာဉ်များစေလွှတ်ခဲ့ဟု အစ္စရေးဝန်ကြီးချုပ်ပြော
08 Nov 2024
မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်မှ ဇိုလူမျိုးများ အိန္ဒိယ၌ ပြန်လည်ပေါင်းစည်းရေး အမေရိကန်၌ ရောက်ရှိစဉ် မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်ပြောဆိုခဲ့
08 Nov 2024
ဖေ့ဘွတ်ပို့စ်တစ်ခုကြောင့် စစ်တကောင်းတွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွား
08 Nov 2024
ယခုဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ (၁၃ ဒသမ ၆၅ ) ရာခိုင်နှုန်းရှိနိုင်ဟု နစကအစိုးရ ခန့်မှန်း
08 Nov 2024
အမြင့်(၁၇)ပေနီးပါးရှိသော ရုံးပတီသီးပင် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ဖွယ်ရှိ
08 Nov 2024
နာမည်ကျော် WBC ၏ Title match ပွဲစဉ်တစ်ပွဲကို မြန်မာနိုင်ငံတွင် ပြုလုပ်ရန်စီစဉ်နေ
08 Nov 2024
နန်းတော်တွေအပြင် ခရီးသွားဆွဲဆောင်မှုနေရာပေါင်းများစွာရှိတဲ့ ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင် အကြောင်း
08 Nov 2024
မြန်မာနိုင်ငံ၌ ရေနံဆိပ်ကမ်းများနှင့် LNG Terminal တည်ဆောက်ရန် နေရာကောင်းများလည်းရှိနေသည့်အတွက် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
08 Nov 2024
ကြက်ရုပ်ပုံစံ ဖိလစ်ပိုင်ဟိုတယ် ကမ္ဘာ့အကြီးဆုံး ကြက်ပုံသဏ္ဍာန်ရှိ အဆောက်အအုံအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ဖွယ်ရှိ
08 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved