Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်မှုထမ်းဥပဒေအပေါ် သတင်းအမှားနှင့် ကောလာဟလ ဖြန့်ဝေသူများကြောင့် ရန်ကုန်တွင် ညပိုင်းအပြင်ထွက်သူ ယခင်ထက် လျော့နည်းနေ

သုတကျော် (NSS) - ဖေဖော်ဝါရီ ၁၇

စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးမည်ဟု ထုတ်ပြန်ပြီးနောက် သတင်းအမှား၊ ကောလာဟလ များကြောင့် ရန်ကုန်တွင် ညပိုင်းအချိန် အပြင်ထွက်သူ ယခင်ထက် လျော့နည်းနေကြောင်း NSS မှမေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။ 


ပြည်သူ့စစ်မှုထမ်း ဥပဒေအရ လုပ်ငန်းစဉ်များကို ဧပြီလနောက်ပိုင်းတွင် စတင်မည်ဖြစ်ကြောင်း၊ သင် တန်းအမှတ်စဉ်(၁)မှ (၄)အထိကို စစ်မှု ထမ်းရန် အကျုံးဝင်သူ အမျိုးသားများကိုသာ စတင်ခေါ်ယူသွားမည်ဖြစ် ကြောင်းနှင့် စစ်မှုထမ်းရန် အကျုံးဝင်သော အမျိုးသမီးများကို သင်တန်းအမှတ်စဉ် (၅)ရောက်မှသာ ခေါ်ယူရန်လျာထားကြောင်း နိုင်ငံတော် စီမံအုပ် ချုပ်ရေးကောင်စီဘက်က ပြောကြားထားချက် များအရ သိရသည်။ ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်ပတ် သက်၍ အဖမ်းအဆီးများရှိနေကြောင်း သတင်းအမှားများ၊ ကောလာဟလများ ပြင်ပတွင် ထွက်ပေါ်နေသည့် အပေါ် မိဘများကစိုးရိမ်ပြီး ညပိုင်းတွင် သားသမီးများကို အိမ်ပြင်မထွက်စေရန်အတွက် သတိပေးခြင်း များလည်း ရှိနေကြောင်း သိရသည်။ 

"စစ်မှုထမ်းဥပဒေ ထွက်ပြီးတဲ့နောက် ညပိုင်းတွေမှာ ထွက်တဲ့လူငယ်တွေက အရင်ထက်ကို တော် တော်နည်းသွားတယ်။ စီးတဲ့ခရီးသည်အရေအတွက် လည်း ကျသွားတယ်။ တကယ်တော့ ကျွန်တော် ညဘက်တွေ တောက် လျှောက် မောင်းနေတာပဲ။ အစစ် ဆေးလည်း တင်းကျပ်တာမျိုးမရှိဘူး။ ပုံမှန်ပဲ ရှိနေတာပါပဲ"ဟု ညပိုင်းတွင်သာ မောင်းသည့် အငှားယာဉ်မောင်း တစ်ဦးကပြောသည်။ 

လူငယ်များသာမက ညပိုင်းတွင် အငှားကားစီးသူ အရေအတွက်သည်လည်း ယခင်ထက် နည်းပါးနေ သည့် အခြေအနေဖြစ်ကြောင်း အခြားအငှားယာဉ် မောင်းတစ်ဦးက ပြောသည်။ "ညပိုင်းမှာ အပြင် မထွက်တာက လူငယ်တွေတင် မကဘူးနော်။ တခြား ခရီးသည်တွေလည်း ဒီနောက်ပိုင်းမှာ အရနည်းသွား တာ။ အဲဒီလို ရှိနေတယ်။ သတင်းအမှားတွေကြောင့် စိုးရိမ်ပြီး နည်းသွားတာမျိုးဖြစ်မယ်လို့ သုံးသပ်မိတယ်။ သတင်းအမှန်တွေ သိပြီးရင်တော့ ပြန်ထွက်လာကြမှာပါ"ဟု ၎င်းက ပြောသည်။ 

အသက် ၃၄ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း တစ်ဦးက "အိမ်ကို စောစောပြန်နိုင်ဖို့တော့ လုပ်ဖြစ်တယ်။ သတင်းတွေက ထွက်နေတော့လေ"ဟု ပြောသည်။ 

လုံခြုံရေးတပ်ဖွဲ့များက မြို့များ၊ ရွာများတွင် ပေါ်တာဆွဲသည်ဟုဆိုကာ လုပ်ကြံဖန်တီး ထုတ်လွှင့် နေခြင်းများရှိပြီး အဆိုပါ ကိစ္စနှင့် ပတ်သက် ၍ မဟုတ်မမှန်ကြောင်းများကို အခါအားလျော်စွာ သတင်းထုတ် ပြန်ပေးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်း ပြောကြားထားသည်။ 

"မိဘပြည်သူတွေကို ကျွန်တော်တင်ပြလိုတာကတော့ ယခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ အရ ပြည်သူများရဲ့နေ့စဉ်လူနေမှုဘဝ၊ လူမှုစီးပွားဘဝ လုံခြုံအေးချမ်းစွာနေထိုင်သွားလာလှုပ်ရှားနိုင်စေဖို့ ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ သက် ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဧည့်စာရင်းစစ်ဆေးတာတို့၊ လိုအပ်တဲ့စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ကို မြို့ရွာတွေမှာ ဆောင်ရွက်နေတာ ရှိတယ်။ ဒါတွေ ဆောင်ရွက်တာကလည်း ဒီအကြမ်း ဖက်သမားတွေ မြို့ရွာတွေမှာစိမ့်ဝင်တယ်၊ ဗုံးထောင် ဖောက်ခွဲတယ်၊ မိုင်းထောင်ဖောက်ခွဲတယ် ဒါတွေ ကြောင့် ကျွန်တော်တို့က ဆောင်ရွက်ရတာဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ ဧည့်စာရင်း မတိုင်ဘဲနဲ့ နေထိုင်နေတဲ့သူတွေ၊ အိမ်ထောင်စုစာရင်း မဝင်တဲ့ သူတွေ၊ အိမ်ထောင်စုစာရင်းမပြနိုင်တဲ့သူတွေ စစ်ဆေးတွေ့ရှိရင်တော့ သက်ဆိုင်ရာရဲစခန်းနဲ့ သက်ဆိုင်ရာဌာနတွေက ခေါ်ယူစစ်ဆေးခြင်းများရှိ တယ်၊ အနည်းအကျဉ်းပါပဲ။ ဒီလိုစစ်ဆေးတွေ့ရှိရင် ဥပဒေနဲ့အရေးယူခြင်းဆောင်ရွက်နေသလို အကျိုးအကြောင်း ဆီလျော်တဲ့သူတွေကို ပြန်လည်စေလွှတ်ပေး နေတာရှိပါတယ်။ ဒီအပေါ်တွေမှာ ခုနကပြောတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းတဲ့အပေါ်မှာ ပြီးရင် ရပ်ရွာအေးချမ်းသာယာရေး မလိုလားတဲ့သူတွေက အများပြည်သူတွေကို ထိတ်လန့်တုန်လှုပ်ချောက်ချား စေဖို့ ရည်ရွယ်ပြီး ပေါ်တာဆွဲနေတယ်တို့၊ ပြီးရင် ဘယ်နေရာမှာ ခေါ်သွားပြန်ပြီတို့ ဒါတွေကိုအချိန်ကိုက် သတင်းထုတ်လွှင့်နေတာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။ 

ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အကျုံးဝင်သူသည် ၂၀၁၉ ကြားဖြတ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၄ သန်းခန့်ရှိပြီး တစ်နှစ်အတွင်း လေ့ကျင့်ခေါ်ယူမည့်သူ သည် လူဦးရေ ငါးသောင်း၊ ခြောက်သောင်းထက် မပို ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ "ပြောရမယ်ဆိုရင် လူဦးရေ သိန်း ၁၃၀ ဖြစ်တဲ့အ တွက် ၁ ရာခိုင်နှုန်းဆိုရင် တစ်သိန်းသုံးသောင်းရှိမယ်။ သုည ဒသမ ငါးရာခိုင်နှုန်းလောက်တောင်မှပဲ ကျွန် တော်တို့ စနစ်တကျခေါ်ယူလေ့ကျင့်သင်ကြားပေးဖို့ ခက်ခဲပါတယ်။ ဒါထက်အောက်ကိုပဲ ခေါ်ယူရမှာဖြစ်တယ်၊ ခေါ်ယူနိုင်မှာဖြစ်တယ်။ တစ်နှစ်မှာမှ လူဦးရေ ၂၀ဝ မှာ (၁)ယောက်ပဲ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ရမှာဖြစ်ပါတယ်။ အဲဒီတော့ မိဘပြည်သူများနဲ့ လူငယ်လူရွယ်များနေထိုင်နေတဲ့ ရပ်ကွက်တွေ၊ ကျေးရွာတွေမှာ အကျုံးဝင်တဲ့လူဦးရေ ဘယ်လောက်ရှိလဲ တွက်ကြည့်ပါ။ ဒီလူတွေက ဒီနှစ်မှာ ခေါ်ယူလေ့ကျင့်တယ်၊ နောက်တာဝန် ထမ်း ဆောင်တယ်။ နောက် (၂) နှစ်ကြာရင်သူက စစ်မှု ထမ်းဆောင်ခြင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ခြင်း ကျေပွန်တာဖြစ်ပါတယ်။ ဒါကြောင့် အလှည့်ကျဆောင်ရွက်နေတာဖြစ်တယ်။ လူနှစ်ရာမှာ တစ်ယောက်တောင်မှ နိုင်ငံတော်ကာကွယ်ရေး တာဝန်၊ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ဖို့ နည်းပါတယ်။ ဒီဟာတွေကို မိဘပြည်သူများနဲ့ လူငယ်လူရွယ်များ အားလုံးသိရှိထားဖို့လိုတယ်လို့ ကျွန်တော်ပြောလိုပါတယ်"ဟု ၎င်းက ပြောသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အခြေခံဥပဒေပြင်ဆင်နိုင်ရေး နိုင်ငံရေးပါတီများအစု အဖွဲ့ကို ပြန်လည်ဖွဲ့ စည်းရန် NSPNC နှင့် နိုင်ငံရေးပါတီတို့ ညှိနှိုင်းနေ

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved