အခြေခံဥပဒေပြင်ဆင်နိုင်ရေး နိုင်ငံရေးပါတီများအစု အဖွဲ့ကို ပြန်လည်ဖွဲ့ စည်းရန် NSPNC နှင့် နိုင်ငံရေးပါတီတို့ ညှိနှိုင်းနေ
မြူနစ် (NSS) - ဖေဖော်ဝါရီ ၁၇
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈)ကို ပြင်ဆင်နိုင်ရေး နိုင်ငံရေးပါတီများအစုအဖွဲ့ကို ပြန် လည်ဖွဲ့စည်းရန် နစက၏ NSPNC နှင့် နိုင်ငံရေးပါတီများအကြား ညှိနှိုင်းဆွေးနွေးနေကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲကော်မရှင်၏ မှတ်ပုံတင်ခွင့် ပြုချက်ရရှိပြီးဖြစ်သော နိုင်ငံရေးပါတီ (၄၂)ပါတီနှင့် နစက၏ NSPNC တို့သည် ဖေဖော်ဝါရီလ ၁၄ ရက် တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
"အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ ကြိုတင်ပြင်ကြဖို့ပေါ့။ လွှတ်တော် မပေါ်သေးခင်မှာပဲ ကြိုပြီးတော့ တပ်ရော၊ EAOs တွေရော၊ ပါတီတွေရော အပြန်အလှန်ဆွေးနွေးနိုင်ဖို့ ပေါ့။ EAOs နဲ့ တပ်နဲ့ ဆွေးနွေးထားတဲ့ နိုင်ငံရေးပါတီအစုအဖွဲ့နဲ့ ဆွေးနွေးထားတဲ့ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်သင့်ပြင်ဆင်ထိုက်တဲ့ အချက်တချို့၊ နောက်ပြန်ဖြည့်စွက်သင့်တဲ့ အချက် တချို့ အဲဒါတွေရှိတယ်။ အဲဒါတွေအတွက်ကို ပြင် ထားဖို့ ဆွေးနွေးတာတွေ ရှိတယ်"ဟု အမျိုးသားဒီမို ကရေစီပါတီသစ်မှ ဒုဥက္ကဋ္ဌ ဦးခိုင်မင်းက NSS ကို ပြောသည်။
လက်ရှိတွင် နိုင်ငံရေးပါတီအစုအဖွဲ့သစ် ပြန်လည်ဖွဲ့စည်းရန် နှစ်ဖက်ညှိနှိုင်းပြင်ဆင်နေလျက် ရှိပြီး နိုင်ငံရေးပါတီအစုအဖွဲ့သစ် ထပ်မံထွက်ပေါ် လာပါက အခြေခံဥပဒေပြင်ဆင်ရေးကိစ္စရပ်များကိုလည်း ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ "နိုင်ငံရေးပါတီအစုအဖွဲ့ ပြန်ဖွဲ့ဖို့၊ ပြန် ရွေးချယ်ဖို့ပေါ့ သဘောတူညီချက်တော့ မရသေးဘူး။ ဘယ်လိုပုံစံဖွဲ့စည်းမယ်၊ ဘယ်လိုပုံစံ ပြန်ရွေးချယ်မယ် ဆိုတာကို နောက်တစ်ကြိမ် ပြန်ပြီးတော့ ဆွေးနွေး ရမှာပေါ့"ဟု ဒုဥက္ကဋ္ဌ ဦးခိုင်မင်းက ဆက်လက်ပြော သည်။
ထို့ပြင် နစက၏ NSPNC အနေဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ် သက်၍ နောင်လာမည့်အစည်းအဝေးများတွင် ဆက်လက်ဆွေးနွေးရန် Agenda များကိုလည်း နိုင်ငံရေးပါတီများထံ ပေးပို့ထားကြောင်း သိရသည်။ အလားတူ NSPNC အနေဖြင့်လည်း နိုင်ငံရေးပါတီများနှင့် တစ်လလျှင် တစ်ကြိမ် ပုံမှန်တွေ့ဆုံဆွေးနွေးနိုင်ရေး ကြိုးပမ်းနေလျက်ရှိကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နစက၏ NSPNC သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်မှသာ ပြင်ဆင်နိုင်မည့် အခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်)ကို ပြင်ဆင်ရန် သဘောတူ ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်တပ်က ရှုံးနိမ့်မှုအများအပြားကို ရင်ဆိုင်နေရဟုဆို
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ