ယူကရိန်းစစ်တပ်က ရှုံးနိမ့်မှုအများအပြားကို ရင်ဆိုင်နေရဟုဆို
Pika (NSS) - ဖေဖော်ဝါရီ ၁၇
ယူကရိန်းအစိုးရသည် ရှုံးနိမ့်မှုအများအပြားကို ရင်ဆိုင်နေရပြီး အမေရိကန်နိုင်ငံထံမှ ဘီလျံနှင့်ချီသော အကူအညီများကို ချက်ချင်းလိုအပ်နေကြောင်း ပင်တဂွန်စစ်ဌာနချုပ် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ယူကရိန်းတပ်ဖွဲ့များသည် ဒွန်းဘက်စ်ဒေသရှိ အဓိကမြို့တစ်မြို့ဖြစ်သော Avdeevka မြို့ကို ဆုံးရှုံးနိုင်ခြေများရှိနေမှုနှင့်အတူ ယခုကဲ့သို့ပြောဆိုမှုများထွက်ပေါ်လာခြင်းဖြစ်သည်။ ယူကရိန်းအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၆၁)ဘီလျံပါဝင်သော အမေရိကန်ဒေါ်လာ(၉၅)ဘီလျံ အကူအညီပေးရေးအစီအစဉ် ဥပဒေမူကြမ်းကို အမေရိကန်အထက်လွှတ်တော်က ယခုသီတင်းပတ်အစောပိုင်းတွင် အတည်ပြုခဲ့ကြောင်းလည်း သိရသည်။
အဆိုပါအရာရှိက "ယူကရိန်းတပ်ဖွဲ့တွေဟာ အထူးသဖြင့် ခဲယမ်းမီးကျည်တွေပြတ်လပ်နေတာကို ကျွန်တော်တို့တွေ့မြင်ခဲ့ရပါတယ်။ ကျွန်တော်တို့ဆီကနေ ရန်ပုံငွေတွေကို မရရှိဘူးဆိုရင် ယူကရိန်းရဲ့ပြတ်လပ်မှုတွေက ပိုမိုဆိုးရွားလာမယ်လို့ ထင်ပါတယ်။ ဒီထောက်ပံ့ငွေတွေမရှိဘဲ ယူကရိန်းဟာ ရုရှားစစ်တပ်ကို ဆန့်ကျင်နိုင်မယ့် အခွင့်အလမ်းတွေမရှိပါဘူး။ ပြီးတော့ ရှေ့တန်းစစ်မြေမျက်နှာပြင်တစ်လျှောက် ခဲယမ်းမီးကျည်တွေပြတ်လပ်မှုတွေရှိလာမယ့် ယူကရိန်းတပ်ဖွဲ့တွေရဲ့ အခြားနေရာတွေကိုလည်း ကျွန်တော်တို့တွေ့မြင်ရလာပါလိမ့်မယ်"ဟု ပြောဆိုခဲ့သည်။
ဒွန်းဘက်စ်ဒေသရှိ အဓိကမြို့တစ်မြို့ဖြစ်သော Avdeevka မြို့သည် ရုရှားတပ်ဖွဲ့များ၏ သိမ်းပိုက်ခြင်းကိုခံရမည့် အခြေအနေတွင်ရှိနေကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်ကပြော ဆိုခဲ့သည်။ အဆိုပါအချက်များကြောင့် အမေရိကန်လွှတ်တော်သည် ယူကရိန်းအတွက် ရန်ပုံငွေဥပဒေမူကြမ်းကို အတည်ပြုပေးသင့်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။ ယူကရိန်း၏ ရှေ့တန်းစစ်မြေမျက်နှာပြင် ပြဿနာများကို အနောက်အုပ်စုမီဒီယာအများအပြားက ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြခဲ့ကြကြောင်းသိရသည်။
အနောက်အုပ်စုနိုင်ငံများ၏ အကူအညီများမရှိဘဲ ယူကရိန်းတပ်ဖွဲ့များသည် ရှေ့တန်းစစ်မြေမျက်နှာပြင်တစ်လျှောက် ကျရှုံးမှုများကို ကြုံတွေ့ရနိုင်ဖွယ်ရှိကြောင်း New York Times သတင်းစာကရေးသားဖော်ပြခဲ့ပြီး Financial Time sသတင်းစာက ယူကရိန်း၏ခဲယမ်းမီးကျည်ပြတ်လပ်မှုများကို ရေးသား ဖော်ပြခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရိုင်၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်းပြီးပါက စစ်မှုထမ်းရမည့် နိုင်ငံသားများကို ဆင့်ခေါ်ဆောင်ရွက်ရမည်ဟု ကာကွယ်ရေးဝန်ကြီးပြော
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ