လကမ္ဘာပေါ်သို့အောင်မြင်စွာဆင်းသက်နိုင်ခဲ့သည့် (၅)နိုင်ငံမြောက်ဖြစ်လာခဲ့တဲ့ဂျပန်
Pika (NSS) - ဇန်နဝါရီ ၂ဝ
ဂျပန်နိုင်ငံသည် ဇန်နဝါရီလ(၂၀)ရက်တွင် လကမ္ဘာပေါ်သို့ဆင်းသက်နိုင်သည့် (၅)နိုင်ငံမြောက်ဖြစ်လာခဲ့သော်လည်း အာကာသယာဉ်၏ ဆိုလာဆဲလ်များသည် စွမ်းအင်ထုတ်ပေးနိုင်ခြင်းမျိုးမရှိကြောင်း ၎င်း၏ အာကာသအေဂျင်စီကပြောကြားခဲ့သည်။
ဆိုဗီယက်ပြည်ထောင်စု၊ အမေရိကန်၊ တရုတ်နှင့် အိန္ဒိယတို့သည် လကမ္ဘာပေါ်သို့ဆင်းသက်နိုင်ခဲ့ပြီးနောက် ဂျပန်နိုင်ငံသည် Smart Lander for Investigating Moon (SLIM)အာကာသယာဉ်ဖြင့် လကမ္ဘာပေါ်သို့ ထပ်မံဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်။(SLIM)အာကာသယာဉ်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ လ(၂၀)ရက်တွင် လကမ္ဘာပေါ်သို့အောင်မြင်စွာဆင်းသက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း JAXA အေဂျင်စီက အတည်ပြုခဲ့သည်။
JAXA အေဂျင်စီအရာရှိ Hitoshi Kuninaka က"(SLIM) အာကာသယာဉ် လကမ္ဘာပေါ်ကို ဆင်းသက်ပြီးကတည်းက ဆက်သွယ်ရေးတွေကို ဆက်လက်လုပ်ဆောင်ထားပါတယ်။ ဒါပေမဲ့လည်း အာကာသာယာဉ်ရဲ့ ဆိုလာဆဲလ်တွေက စွမ်းအင်ထုတ်ပေးနိုင်မှာတော့မဟုတ်ပါဘူး။ အဓိကဦးစားပေးကတော့ လကမ္ဘာမျက်နှာပြင်ရဲ့ ဒေတာတွေကို ရယူနိုင်ဖို့ပါ။ SLIM ကို ဘထ္ထရီတွေနဲ့လည်ပတ်ထားတာပါ။ ဆင်းသက်ခြင်းဆိုင်ရာ ဒေတာအချက်အလက်တွေကို အာကာသယာဉ်ထဲမှာ သိမ်းထားပါတယ်။ ဒီဒေတာတွေကို ကမ္ဘာမြေဆီကို ပြန်ပို့နိုင်ဖို့အတွက် သိပ္ပံနည်းကျရလဒ်တွေအတိုင်း ဆက် လက်လုပ်ဆောင်နေပါတယ်"ဟု ပြောဆိုခဲ့သည်။
ဂျပန်နိုင်ငံ၏ အာကာသယာဉ်ကို ပုံသဏ္ဍာန်ပြောင်းလဲနိုင်သော mini-rover များဖြင့် တပ်ဆင်ထားပြီး မမျှော် လင့်ထားသည့်အခြေအနေများတွင် ကောင်းမွန်စွာဆင်း သက်မှုလုပ်ဆောင်နိုင်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ် ကြောင်းသိရသည်။ ဂျပန်နိုင်ငံသည် မအောင်မြင်ခဲ့သော လကမ္ဘာမစ်ရှင်နှစ်ခု နှင့် ဒုံးပျံလွှတ်တင်ရာတွင် ကျရှုံးမှုများဖြင့် ကြုံတွေ့ခဲ့ရပြီးနောက် ယခုကဲ့သို့ လကမ္ဘာပေါ်သို့အောင်မြင်စွာဆင်းသက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းလျှောက်လွှာများကို ယနေ့မှစ၍ စတင်လျှောက်ထားနိုင်
RELATED POSTS
14 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ
13 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ