ယူကရိန်းသမ္မတဇီလန်စကီးက အမေရိကန်သမ္မတဟောင်းကို ယူကရိန်းနိုင်ငံသို့ လာရောက်ဖို့ထပ်မံဖိတ်ခေါ်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂ဝ
ယူကရိန်းသမ္မတဇီလန်စကီးဟာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ယူကရိန်းနိုင်ငံသို့ လာရောက်ဖို့ ထပ်မံဖိတ်ခေါ်လိုက်ကြောင်းသိရပါတယ်။
ဒေါ်နယ်ထရမ့်က ၎င်းအနေနဲ့ လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရမယ်ဆိုရင် ယူကရိန်းပဋိပက္ခကို ၂၄ နာရီအတွင်း အဆုံးသတ်အောင်လုပ်ဆောင်ပေးမယ်လို့ ပြောဆိုခဲ့ဖူးသူဖြစ်ပါတယ်။ ယူကရိန်းသမ္မတက "ဒေါ်နယ်ထရမ့်ကို ယူကရိန်းနိုင်ငံကိုလာဖို့ ဖိတ်ခေါ်ပါတယ်။ ဒေါ်နယ်ထရမ့်အတွက် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ အချိန် ၂၄ နာရီနဲ့လုံလောက်မယ်ဆိုရင် ယူကရိန်းနိုင်ငံကိုလာရောက်သင့်တယ်လို့ထင်ပါတယ်"လို့ ပြောပါတယ်။
ရုရှားဟာ ယူကရိန်းနိုင်ငံရဲ့အကြီးဆုံးမြို့ကြီးနှစ်မြို့ကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ အသံထက်မြန်တဲ့ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ (၂)နှစ်နီးပါးရှိနေပေမယ့် ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့ ပိုင်နက်နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ခြင်းမရှိသေးသလို အပစ်ခတ်ရပ်စဲရေးအတွက် စေ့စပ်ဆွေးနွေးနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ ရုရှားဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ ခါကစ်မြို့ကို Kinzhal အမျိုးအစား အသံထက်မြန်တဲ့ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။
အဆိုပါဒုံးကျည်တွေဟာ အသံထက် ၁၀ ဆပိုမြန်တဲ့ဒုံးကျည်တွေဖြစ်ရာ ယူကရိန်းအတွက် အခက်အခဲများဖြစ်ရကြောင်းသိရပါတယ်။ အမေရိကန်သမ္မတ ဟောင်းဒေါ်နယ်ထရမ့်ဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်းကတည်းက စစ်ပွဲကို အဆုံး သတ်ဖို့ သူ့အတွက် အချိန်ပေါင်း ၂၄ နာရီသာလိုအပ်ကြောင်း ပြောပါတယ်။ ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည်ရရှိဖို့ ရည်ရွယ်ချက်နဲ့ ပြီးခဲ့တဲ့နှစ်ဇွန်လတည်းက ရုရှားကို အနောက်အုပ်စုနိုင်ငံတွေရဲ့အကူအညီတွေနဲ့တိုက်ခိုက်ခဲ့ပေမယ့် ရလဒ်မကောင်းခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှားပါးမျိုးစိတ်ဖြစ်သည့် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးကို အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်စီစဥ်နေ
RELATED POSTS
11 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
11 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
11 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ