Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပုဂံခေတ်ထက် နှစ်ပေါင်း(၁၀၀၀)ကျော်စောကာ ဗုဒ္ဓဘာသာတည်ရှိခဲ့ကြောင်း အထောက်အထားပြနေသည့် ရှေးဟောင်းစေတီတော်နေရာကို ဆက်လက်မပျက်စီးစေရန် ထိန်းသိမ်းမှုများပြုလုပ်ထား

ယွန်း (NSS) - ဇန်နဝါရီ ၁၈

ပုဂံခေတ်ထက် နှစ်ပေါင်း(၁၀၀၀)ကျော်စောကာ ဗုဒ္ဓဘာသာတည်ရှိခဲ့ကြောင်း အထောက်အထားပြသနေသည့် ရှေးဟောင်းစေတီတော်နေရာကို ဆက်လက်မပျက်စီးစေရန် ထိန်းသိမ်းမှုများပြုလုပ်ထားကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနထံမှ သိရသည်။

ပုဂံခေတ်ထက်စောသည့် ပျူခေတ်ရှိ အထောက်အထားများနှင့် တွေ့ရှိခဲ့ရသည့် ပေါင်းကူးကုန်းရှေးဟောင်းစေတီတော်ကြီးကို ထပ်မံပျက်စီးမှုများမရှိစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ထိန်းသိမ်းမှုများ ဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါပေါင်းကူးကုန်းသည် ဧရာဝတီမြစ်ဘေး၊ ပုဂံဒေသတွင်တည်ရှိပြီး မြစ်ရေတိုက်စား သည့်အတွက် စေတီတော်၏အစိတ်အပိုင်း အများအပြားပျက်စီးခဲ့ရာ လက်ရှိတွင် မြေထိန်းနံရံပြုလုပ်ကာ ကာကွယ်ထားကြောင်း သိရသည်။


“ပေါင်းကူးကုန်းကို ထပ်ပြီးတော့ပဲ့မကျအောင် မြေထိန်းနံရံလို အုတ်တွေနဲ့ကာပြီးတော့ ထိန်းထားပါတယ်။ တစ်ချိန်ချိန်မှာ သုတေသနသဘောအရ ဒီအုတ်‌တွေကို ပြန်ခွာပြီး သူ့ရဲ့အတွင်းထဲမှာရှိတဲ့ အုတ်တွေကို သုတေသနလုပ်လို့ရအောင် အနေအ ထားမျိုးထိန်းထားပါတယ်။ နဂိုရှိတဲ့ပုံစံအတိုင်‌တော့မရှိတော့ဘူး တစ်ခြမ်းက ဧရာဝတီမြစ်ကတိုက်စားသွားပြီ။ အဲဒီတော့ ထပ်ပြီးတော့ မပြိုကျအောင် မြေထိန်းနံရံလိုပုံစံမျိုးကို အဆင့်ဆင့်တွေနဲ့ ထိန်းထားပြီးသွားပါပြီ။ သမိုင်းအမွေအနှစ်တွေလည်းရှိတယ်။အရေးလည်းကြီးတယ်”ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက NSS ကို ပြောသည်။

အဆိုပါ ပေါင်းကူးကုန်း၏ အတွင်းအုတ်ခဲကျိုးကို ရှေးဟောင်းသု တေသနနည်းပညာသင်တန်းကျောင်း(ပြည်) ဓါတ်ခွဲခန်းတွင် TL dating စမ်းသပ်ခဲ့ရာ အေဒီ ၄ ရာစုခန့်ကဟု အဖြေရလဒ်ထွက်ရှိခဲ့သဖြင့် ပေါင်းကူးကုန်း၏သက်တမ်းသည် ပုဂံခေတ်မတိုင်မီ လွန်ခဲ့သည့်နှစ်ပေါင်း တစ်ထောင်ကျော်ကပင် ဧရာဝတီမြစ်အနီးတည်ရှိနေသည့် ပျူခေတ်ဗုဒ္ဓဘာသာစေတီကြီးတစ်ဆူဖြစ် ကြောင်း သိရသည်။

“တူးဖော်ရရှိတဲ့ ကုန်းကြီးက ပျူခေတ်ထဲက ရှိခဲ့တာ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်ထဲကရှိတာပါ။ တူးဖော်ရရှိမှုတွေအရ ဗုဒ္ဓဘာသာသည် လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၀၀၀)လောက်ထဲက ရှိပြီးသား။ ပုဂံရယ်လို့မပေါ်ခင်ထဲကိုက ပျူခေတ်မှာထွန်းကားခဲ့တဲ့စေတီကြီးတွေက ဧရာဝတီမြစ်ကမ်း တစ်လျှောက်မှာ တည်ရှိခဲ့ပြီးသားပါ။ ပုဂံလို့ဖြစ်လာမယ့်နေရာမှာလည်း ပျူခေတ်စေတီကြီးတွေက ရှိခဲ့တယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာရောက်ရှိပြီးထွန်းကားခဲ့တာ ပုဂံခေတ်ကမဟုတ်ဘူး။ ပုဂံခေတ်ထက်စောတဲ့ပျူခေတ်ပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၀၀၀)လောက်ထဲက မြန်မာပြည်တစ်ဝှမ်းလုံးမှာ ဗုဒ္ဓဘာသာရောက်ရှိ ပျံ့နှံနေတာပါ” ဟု ၎င်းကဆက်လက်ပြောသည်။

ပေါင်းကူးကုန်းစေတီတော်ကြီး၏ နောက်ဆုံးကြွင်းကျန်ရစ်သည့် ပုံစံအရ စက်ဝိုင်းပုံစံဟုယူဆရပြီး သရေခေတ္တရာမြို့ဟောင်းရှိ  ဘောဘောကြီးစေတီတော် ပန္နက်နှင့် ဆင်တူကြောင်း သိရသည်။

အထက်ပါစေတီနေရာမှ တွေ့ရှိရသည့ အုပ်ချပ်များအနက်အချို့အုတ်ချပ်များသည် ပျူခေတ်မြို့ဟောင်းများ၌ တွေ့ရလေ့ရှိသည့် လက်ရေးစင်းရာများပါဝင်နေပြီး အချို့အုတ်ချပ်များပေါ်တွင်  အက္ခရာအမှတ်အသားများပါရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်းလည်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းနိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၂၃)ဦး သေဆုံး

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved