ကမ္ဘာကျော်နည်းပြတစ်ဦးဖြစ်တဲ့မော်ရင်ဟိုကို ရိုးမားအသင်း ရာထူးက ထုတ်ပယ်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၆
အီတလီအခြေစိုက် ရိုးမားအသင်းဟာ နာမည်ကျော်နည်းပြတစ်ဦးဖြစ်တဲ့ မော်ရင်ဟိုကို ရာထူးက ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။
ဇန်နဝါရီ ၁၄ ရက်က ကစားခဲ့တဲ့ပွဲစဉ်မှာ အေစီမီလန်အသင်းကို ရှုံးနိမ့်သွားခဲ့ပြီးနောက် ရိုးမားအသင်းတာဝန်ရှိသူ တွေဟာ နည်းပြမော်ရင်ဟို နဲ့ လမ်းခွဲလိုက်တာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ၂ဝ၂၁ ခုနှစ်မှာ ရိုးမားအသင်းနည်းပြ အဖြစ် ခန့်အပ်ခံရပြီးနောက် ဒီနှစ်မှာတော့ ရလဒ်တွေ ဆိုးရွားလာတဲ့အတွက် ရိုးမားအသင်းက နည်းပြမော်ရင်ကို ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
ရိုးမားအသင်းဟာ လက်ရှိ စီးရီးအေ အမှတ်ပေးပြိုင်ပွဲမှာ မျှော်လင့်သလောက်ရလဒ်မကောင်းဘဲ အမှတ်ပေး ဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေရပါတယ်။ ချဲလ်ဆီးနည်းပြဟောင်းမော်ရင်ဟိုဟာ ရိုးမားအသင်းနည်းပြ အဖြစ် တာဝန်ယူချိန်အတွင်း အသင်းကို ၂ဝ၂၂ ခုနှစ်က ရိုးမားအသင်းကို Europa Conference League ချန်ပီယံ ဖြစ်ဖို့ နဲ့ ယူရိုပါလိဂ် ဗိုလ်ပွဲတက်ရောက်ဖို့ စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
ရိုးမားအသင်းအားကစားဒါရိုက်တာဖြစ်သူက "ကျွန်တော်တို့ဟာ ရိုးမားအသင်းနည်းပြအဖြစ် တာဝန်ယူချိန်အတွင်း မော်ရင်ဟို စွမ်းဆောင်မှုတွေကို အမြဲတမ်းသတိရနေမှာပါ" လို့ ပြောပါတယ်။
မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်၊ ချဲလ်ဆီး၊ ပေါ်တို အသင်း အပါအဝင် နာမည်ကျော် အသင်းတွေမှာ နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးပြီး ကမ္ဘာ့ဘောလုံးလောကရဲ့ဂုဏ်သိက္ခာအရှိဆုံးချန်ပီယံဆုဖြစ်တဲ့ ချန်ပီယံလိဂ်ဆု အပါအဝင် အဓိက ချန်ပီယံဆုတွေကို ရယူနိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေများကြောင့် စာစစ်ဌာနပြောင်းရွှေ့ဖြေဆိုလိုသော ကျောင်းသား/သူများကို ခွင့်ပြုပေးနေ
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း