Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်တွင် “၅” နှစ်ခန့် မကျင်းပဖြစ်ခဲ့သည့် ကရင်ရိုးရာပျားဖွတ်ပြိုင်ပွဲ ပြန်လည်ကျင်းပမည်

ပုံစာ - ၂ဝ၁၁ ခုနှစ်က တိုင်းရင်းသားကျေးရွာ၌ ကျင်းပခဲ့သည့် ပျားဖွတ်ပြိုင်ပွဲ

Pearl (NSS) - ဇန်နဝါရီ ၉

ရန်ကုန်တွင် “၅” နှစ်ခန့် မကျင်းပဖြစ်ခဲ့သည့် ကရင်ရိုးရာပျားဖွတ်ပြိုင်ပွဲ ပြန်လည်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ 

လာမည့် ဇန်နဝါရီလ (၁၁)ရက် ၊ ကရင်နှစ်သစ်ကူးနေ့တွင် ရန် ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျွေးရွာတွင် ကရင်ရိုးရာပျားဖွတ်ပြိုင်ပွဲကို အခြားသော ကရင်ရိုးရာ နှစ်သစ်ကူးအစီအစဉ်များနှင့်အတူ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။ 


ကရင်ရိုးရာပျားဖွတ်ပြိုင်ပွဲနှင့်ပတ်သက်၍ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ မန်းသန်းဝင်းဦးက “သူကတော့ ၈ ပေ ဝါးလုံးပါတာပေါ့နော်။ ၈ ပေ ဝါးလုံးကို နှစ်ယောက်ထမ်းထားမှာပေါ့။ နောက်တစ်ယောက်ကတော့ ထမ်းထားတဲ့ တစ်ယောက်ကိုကျော် ၊ ကျော်ပြီး ဝါးလုံးကို တွားသွား၊ တွားသွားပြီး ဝါးလုံးတစ်ဖက်က တစ်ယောက်ရဲ့ ပေါင်းကြားထဲကနေပြန်ဝင် ၊ ဝင်ပြီးတော့မှ ဝါးလုံးပေါ် ပြန်တတ်၊ ပြန်တတ်ပြီး တွားသွား၊ ဟိုဘက်တစ်ယောက်ရဲ့ ပေါင်ကြားထဲက ပြန်ဝင်။ အဲဒီလိုပေါ့။ ဟိုဘက်ပြန်ရောက်ရင် တစ်ပတ်ပေါ့။  နောက်တစ်ခုကလည်း အဲဒီလိုမျိုးပတ်ရင်းနဲ့မှ မြေကြီးနဲ့ ထိသွားမယ်ဆိုရင်တော့ ပြီးသွားပြီပေါ့။ ၅မိနစ်အတွင်း အပတ်ရေ အများဆုံးရတဲ့ လူက ပထမရမှာပေါ့နော်။ ၅ မိနစ်အတွင်းမှာ ရတဲ့ပေါ်ကို မူ တည်ပြီး ဆုပေးမှာဖြစ်ပါတယ်”ဟု  NP News ကို ပြောသည်။ 

ပြိုင်ပွဲတွင် (၅)မိနစ်အတွင်းရရှိသည့် အကြိမ်အရေအတွက် ပေါ်မူတည်၍ ပထမဆု - (၂)သိန်းကျပ်၊ ဒုတိယဆု (၁)သိန်းခွဲကျပ်၊ တတိယဆု (၁)သိန်းကျပ် နှင့် အထူးဆု (၅)သောင်းကျပ်စသည်ဖြင့် ဆုချီးမြှင့်မည်ဖြစ်ကြောင်းလည်း သိရသည်။ 

“ဒီဟာကလည်း ကျွန်တော်တို့ရဲ့ ရိုးရာအားကစားဖြစ်တာ ဟိုးရှေး ဘိုးဘွားတွေကတည်းက ဒီတောတောင်တွေထဲမှာ နေရင်းနဲ့ ဒီပျားစွဲထားတဲ့ အပင်ကိုကြည့်ပြီးတဲ့ အခါမှ သူတို့ ပျားဖွတ်တဲ့ဟာ ဖြစ်တည်လာတဲ့ အားကစား ဖြစ်ပါတယ်။ ဒီအားကစားကို ကြည့်မယ်ဆိုရင် Team Work ပေါ့နော်။ အဖွဲ့လိုက် ဆောင်ရွက်တတ်ဖို့လိုတယ်။ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုရှိဖို့လိုတယ်။ ပြီးတော့ အဲဒီမှာ Team mate ပေါ့ ။ အဲဒီမှာ ဆော့နေတဲ့ တစ်ယောက်က ဝါးလုံးကို နည်းနည်းလေး ကစားပေးရတယ်။အနိမ့်အမြင့်ပေါ့နော် ။ နောက် သက်လုံကောင်း ဖို့လိုတာပေါ့။  နောက် Training  လိုတယ်။ ဒီအတိုင်းကြီး သွားပြီး လုပ်လို့ မရဘူး။ သွားလုပ်လို့တော့ ရတယ် အပတ်ရေ နည်းမှာပေါ့နော်” ဟု ၎င်းက ဆက်လက်ပြောသည်။ 

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ခန့်မှစ၍ အခြေအနေအမျိုးမျိုးကြောင့် ကရင်ရိုးရာပျားဖွတ်ပြိုင်ပွဲကို ရပ်နားထားခဲ့ရာမှ ယခုနှစ်ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲ၌ ပြန်လည်ထည့်သွင်းဆောင်ရွက်ခြင်းဖြစ်ပြီး အာဆီယံအဆင့် အားကစားဖြစ်ရန် ရည်ရွယ်ကာ ဆောင် ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြီးခဲ့သည့်နှစ်တွင် တရုတ်နှင့်အမေရိကန်ကြား ဆက်ဆံရေးများမှာ တည်ငြိမ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြော

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved