ရန်ကုန်မြို့၌ တစ်မနက်တည်း မီးလောင်မှု(၂)ကြိမ်ဖြစ်ပွားခဲ့ရာ အဖွားအိုတစ်ဦး မီးလောင်သေဆုံးခဲ့
သန့်ဇင်(NSS) - ဇန်နဝါရီ ၄
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် နှင့် လမ်းမတော်မြို့နယ်တို့တွင် ယနေ့နံနက်ပိုင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အဖွားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုသည် မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ တုဿိတာလမ်းရှိ လူနေအိမ်တစ်လုံးတွင် ယနေ့(ဇန်နဝါရီလ ၄ ရက်)၊ နံနက် ၄နာရီ ၃၅မိနစ်အချိန်တွင် စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်အား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ Level(1)အဆင့်ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၄နာရီ ၅၀မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ နံနက် ၉နာရီ ၄၀မိနစ်အချိန်တွင်လည်း လမ်းမတော်မြို့နယ်၊(၃)ရပ်ကွက်၊ လမ်းမတော်(၈)လမ်း (အောက်ဘလောက်)ရှိ လူနေတိုက်ခန်းတစ်ခု၌ မီးလောင်မှုထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မီးလောင်မှုဖြစ်စဉ်ကိုတော့ မသိခဲ့ရပါဘူး။ မီးလောင်တာတော့ သိပ်မကြာပါဘူး။ အဲဒီမီးလောင်မှုမှာတော့ အသက်(၇၀)ကျော် အမျိုးသမီး တစ်ဦး မီးလောင်ပြီး ဆုံးသွားတယ်။ အဲဒါနဲ့ ကြက်ခြေနီကဘဲ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်”ဟု ရန်ကုန်မြို့လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အထက်ပါမီးလောင်မှုတွင် အသက်(၇၀)နှစ်အရွယ် အဖွားအိုတစ်ဦး မီးလောင်သေဆုံးသွားခဲ့ပြီး ကျောက်တံတားမြို့နယ် မီးသတ်တပ်ဖွဲ့အနေဖြင့်လည်း မိနစ်(၂၀)ကျော်ခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် အထက်ပါမီးလောင်မှုဖြစ်စဉ်များနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာနှင့် မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
“ရန်ကုန်မြို့က လူနေထူထပ်တဲ့အတွက် မီးလောင်မှုကတော့ အနည်းနဲ့အများတော့ ရှိတာပေါ့နော်။ အများပြည်သူကို အကြံပြုချင်တာကတော့ ခုအချိန်လျှပ်စစ်မီးတွေကလည်း ပြတ်လိုက်လာလိုက်နဲ့ဆိုတော့ သတိထားဖို့နဲ့ အပြင်တွေသွားမယ်ဆိုရင်လည်း မိန်းကိုသေချာချပြီးမှ အပြင်ထွက်ဖို့ရယ်၊ မပေါ့ဆဖို့ပဲပြောချင်ပါတယ်” ဟု အထက်ပါလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အကြံပြုပြောကြားထားသည်။
အလားတူ ယမန်နေ့(ဇန်နဝါရီလ ၃ ရက်)၊ ည ၇နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ (၄၈)ရပ်ကွက်၊ အောင်ဆန်းသူရိယလှသောင်းလမ်းရှိ တိရစ္ဆာန်ဂေဟာတွင်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခွေးနှင့်ကြောင် အကောင်ရေများစွာ မီးလောင်သေဆုံးခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးမြို့တော်ဝန်(ဟောင်း)ဒေါက်တာရဲလွင် နှင့် စည်ပင်ကော်မတီဝင်(ဟောင်း)တို့ ပြန်လည်လွတ်မြောက်လာ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ