မန္တလေးမြို့တော်ဝန်(ဟောင်း)ဒေါက်တာရဲလွင် နှင့် စည်ပင်ကော်မတီဝင်(ဟောင်း)တို့ ပြန်လည်လွတ်မြောက်လာ
ကျော်(NSS) - ဇန်နဝါရီ ၄
မန္တလေးမြို့တော်ဝန်(ဟောင်း)ဒေါက်တာရဲလွင် နှင့် စည်ပင်ကော်မတီဝင် (ဟောင်း)ဦးကျော်ဇေယျတို့ ယနေ့ (ဇန်နဝါရီလ ၄ ရက်)(လွတ်လပ်ရေးနေ့)တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြကြောင်း ၎င်းတို့နှင့်နီးစပ်သူများထံမှ သိရသည်။
ဒေါက်တာရဲလွင်နှင့်ဦးကျော်ဇေယျတို့အား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက အိုးဘိုအကျဉ်းထောင်တွင်းတရားရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်(၂)နှစ်ချမှတ်ခဲ့ပြီးနောက် ထောင်ဒဏ်ပြီးဆုံးခါနီးအချိန်၌ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ ဖြင့် တရားစွဲဆိုကာ ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီလတွင် ထောင်ဒဏ် (၂)နှစ်ထပ်မံချမှတ်ခဲ့သည်။
မန္တလေး အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် ဒေါက်တာရဲလွင် နှင့် ဦးကျော်ဇေယျတို့အပါအဝင် အကျဉ်းသား(၈၆၂)ဦး၊ အကျဉ်းသူ (၁၈၉)ဦး စုစုပေါင်း(၁၀၅၁)ဦးတို့သည် နစကမှ လွတ်လပ်ရေးနေ့အထိမ်း အမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးချိန်တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
"ဟုတ်ပါတယ် ဒေါက်တာရဲလွင်ကော၊ ဦးကျော်ဇေယျကော နှစ်ယောက်လုံး ဒီနေ့ပြန်လွတ်လာပါတယ်"ဟု ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက NSS ကိုပြောသည်။
နစက မှ မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်/အကျဉ်းစခန်းအသီးသီးတွင် အကျဉ်းကျခံနေရသည့် အကျဉ်းသား/အကျဉ်းသူ (၉၆၅၂ ဦး)နှင့်နိုင်ငံခြား သား အကျဉ်းသား/အကျဉ်းသူ (၁၁၄ ဦး)တို့ကို ယနေ့ ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်နေပါက အကျိုးဆက်များနှင့်ရင်ဆိုင်ရမည်ဟု ဟူသီလက်နက်ကိုင်အဖွဲ့ကို အမေရိကန်နှင့်မိတ်ဖက်နိုင်ငံများ သတိပေး
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ