တိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်နေပါက အကျိုးဆက်များနှင့်ရင်ဆိုင်ရမည်ဟု ဟူသီလက်နက်ကိုင်အဖွဲ့ကို အမေရိကန်နှင့်မိတ်ဖက်နိုင်ငံများ သတိပေး
Pika (NSS) - ဇန်နဝါရီ ၄
ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့များ အနေဖြင့် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို တိုက်ခိုက်နေခြင်းအား မရပ်တန့်ပါက အကျိုး ဆက်များရင်ဆိုင်ရမည်ဖြစ်ကြောင်း အမေရိကန်ဦးဆောင်သောနိုင်ငံပေါင်း(၁၂)နိုင်ငံက ဇန်နဝါရီလ(၃)ရက်တွင် ပူးတွဲသတိပေးချက်ထုတ်ပြန်ခဲ့သည်။
အိမ်ဖြူတော်၏ထုတ်ပြန်ချက်တွင် "ဒီတရားမဝင်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ တရားမဝင်ဖမ်းဆီးထားတဲ့ သင်္ဘောတွေနဲ့ သင်္ဘောအမှုထမ်းတွေကို ချက်ချင်းလွှတ်ပေးဖို့ ကျွန်တော်တို့တောင်းဆိုပါတယ်။ ဟူသီလက် နက်ကိုင်အဖွဲ့ဟာ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ၊ ကမ္ဘာ့စီးပွားရေးနဲ့ ဒေသတွင်း အရေးပါတဲ့ ရေလမ်းကြောင်းတွေမှာ လွတ်လပ်စွာကူးသန်း ရောင်းဝယ်မှုတွေကို ဆက်လက်ခြိမ်းခြောက်နေမယ်ဆိုပါက အကျိုးဆက်တွေနဲ့ရင်ဆိုင်ရပါလိမ့်မယ်"ဟု ဖော်ပြထားသည်။
ဟူသီလက်နက်ကိုင်အဖွဲ့များအနေဖြင့် ကုန်တင်သင်္ဘောများကို တိုက်ခိုက်မှုများအား ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အစိုးရအဖွဲ့က တိုက်ရိုက်တိုက်ခိုက်မှုများလုပ်ဆောင်ရန် စဉ်းစားနေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် အဆိုပါကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါကြေညာချက်ကို လက်မှတ်ရေးထိုးထားသည့်နိုင်ငံများထဲတွင် ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါ၊ ဂျာမနီ နှင့် ဂျပန်တို့လည်းပါဝင်ကြောင်းသိရသည်။
အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်ပြီး ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးများကို ထောက်ခံသည့်အနေဖြင့် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဟူသီလက်နက် ကိုင်အဖွဲ့ကပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံသည် ၎င်း၏လေယာဉ် တင်သင်္ဘော USS Dwight D Eisenhower ကို အဆိုပါဒေသသို့စေလွှတ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု၏(၁၂)ရာခိုင်နှုန်းရှိသော ပင်လယ်နီအတွင်းရှိ ကုန်သွယ်ရေးလမ်းကြောင်းများကို ကာကွယ်ရန် ညွန့်ပေါင်းအဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွေးကောက်ပွဲတွင် တရုတ်၏ဝင်ရောက်စွက်ဖက်မှုများကို ထိုင်ဝမ်ပြည်သူများက ခုခံတွန်းလှန်သွားဖွယ်ရှိဟု သမ္မတလောင်း Lai Ching-te ပြော
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ