ရွေးကောက်ပွဲတွင် တရုတ်၏ဝင်ရောက်စွက်ဖက်မှုများကို ထိုင်ဝမ်ပြည်သူများက ခုခံတွန်းလှန်သွားဖွယ်ရှိဟု သမ္မတလောင်း Lai Ching-te ပြော
Pika (NSS) - ဇန်နဝါရီ ၄
လာမည့် ဇန်နဝါရီလ(၁၃)ရက်တွင် ကျင်းပမည့်ရွေးကောက်ပွဲတွင် တရုတ်၏ ဝင်ရောက်စွက်ဖက်ရန်ကြိုးပမ်းမှုများကို ထိုင်ဝမ်ပြည်သူများက ခုခံတွန်း လှန်သွားလိမ့်မည်ဖြစ်ကြောင်း သမ္မတလောင်း Lai Ching-te က ဇန်နဝါရီ လ(၃)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းမှာ ၎င်း၏ပိုင်နက်နယ်မြေဖြစ်ကြောင်း ပြောဆိုထားပြီး ထိုင်ဝမ်ကျွန်းမှာ လွတ်လပ်သောကျွန်းတစ်ကျွန်းဖြစ်သည်ဟု ယုံကြည်ထားသည့် အာဏာရပါတီဖြစ်သော ဒီမိုကရက်တစ်တိုးတက်ရေးပါတီ၏ ရပ်တည်ချက်များကို ငြင်းဆန်ပယ်ချထားကြောင်းလည်းသိရသည်။ ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ရွေးချယ်ခံရမည်ဆိုပါက တရုတ်နှင့်နီးစပ်သော ဆက်ဆံရေးများရရှိအောင် လုပ်ဆောင်မည်ဟု ကတိပြုထားသည့် အခြားကိုယ်စားလှယ်လောင်းနှစ်ဦး နှင့် Lai Ching-te သည်ဆန့်ကျင် ဘက်ဖြစ်ကြောင်းလည်းသိရသည်။
ရွေးကောက်ပွဲတွင် တရုတ်နိုင်ငံက ဝင်ရောက်စွက်ခြင်းများ ရှိလာနိုင်ခြေနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်မိကြောင်း Lai Ching-te ကပြောကြားခဲ့သည်။၎င်းက "ထိုင်ဝမ်ကျွန်းရဲ့ ရွေးကောက်ပွဲကစတင်တော့မှာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုတွေနဲ့ပတ်သက်ပြီး တကယ်ကိုစိုးရိမ်မိပါတယ်။ ဒါပေမဲ့လည်း ထိုင်ဝမ်ဟာ အာဏာရှင်အမှောင်ခေတ်ကနေ တစ်ဆင့် ဒီနေ့ခေတ်မျိုးကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် ပြည်သူတွေအပေါ်မှာ ယုံကြည်မှုရှိပါတယ်။ လူတိုင်းက ထိုင်ဝမ်ရဲ့ ဒီမိုကရေစီကို ချစ်ခင်မြတ်နိုးကြပါတယ်။ဒီရွေးကောက်ပွဲကို နည်းမျိုးစုံအသုံးပြုပြီး ဝင်ရောက်စွက်ဖက်မယ့် တရုတ်ရဲ့ကြိုးပမ်းမှုတွေကို ထိုင်ဝမ်ပြည်သူတွေက ခုခံတွန်းလှန်သွားမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်"ဟု ပြောဆိုခဲ့သည်။
ထိုင်ဝမ်ရွေးကောက်ပွဲရလဒ်သည် တရုတ်နိုင်ငံနှင့် အနာဂတ်ဆက်ဆံရေးကို ပြန်လည်ပုံဖော်နိုင်ခြင်းကြောင့် ဇန်နဝါရီလ(၁၃)ရက်တွင် ကျင်းပမည့် ထိုင်ဝမ်ရွေးကောက်ပွဲကို တရုတ်နှင့် အမေရိကန်တို့၏ မူဝါဒချမှတ်သူများက အနီးကပ်စောင့်ကြည့်နေကြကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပက်ထရီယော့ဒုံးကျည်များဝယ်ယူနိုင်ရန် အဖွဲ့ဝင်နိုင်ငံများကို ကူညီပေးသွားမည်ဖြစ်ကြောင်း နေတိုးအဖွဲ့ပြော
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ