တရုတ်ငါးဖမ်းသင်္ဘော နှင့် ရေနံတင်သင်္ဘောတို့တိုက်မိခဲ့ပြီး ငါးဖမ်းသင်္ဘောနစ်မြုပ်
Pika (NSS) - ဒီဇင်ဘာ ၃၁
တရုတ်နိုင်ငံတွင် စင်ကာပူအလံလွှင့်တင်ထားသော ရေနံတင်သင်္ဘောတစ်စီး နှင့် တရုတ်ငါးဖမ်းသင်္ဘောတစ်စီးတို့ တိုက်မိခဲ့ပြီးနောက် ငါးဖမ်းသင်္ဘောနစ်မြုပ်ကာ သင်္ဘောသား(၈)ဦးပျောက်ဆုံးနေကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်သည် တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ဒေါင်ပြည်နယ် Chengshan မြို့အနီးတွင် ဒီဇင်ဘာလ(၂၆)ရက် နေ့လည်(၁၂)နာရီ (၁ဝ)မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စင်ကာပူအလံလွှင့်တင်ထားသော ရေနံတင်သင်္ဘောသည် Penglai မြို့မှ Zhoushan မြို့သို့ ဦးတည်သွားနေသည့် အချိန်တွင် အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စင်ကာပူရေကြောင်းဆိပ်ကမ်း အာဏာပိုင်အဖွဲ့ (MPA) က ဒီဇင်ဘာလ(၃ဝ) ရက်တွင် ပြောကြားခဲ့သည်။ Zhoushan မြို့သည် Zhejiang ပြည်နယ်၏ တောင်ဘက်တွင် တည်ရှိသော မြို့တစ်မြို့ဖြစ်ကြောင်းလည်း သိရသည်။
စင်ကာပူအလံလွှင့်တင်ထားသော ရေနံတင်သင်္ဘော Pearl Kenzo သည် လက်ရှိအချိန်တွင် Shidao ဆိပ်ကမ်းမှာ ရှိနေပြီး တရုတ်အာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုများတွင် ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ငါးဖမ်းသင်္ဘောနစ်မြုပ်သွားသည့်အကြောင်းကို တရုတ်ရေကြောင်းလုံခြုံရေးစီမံခန့်ခွဲမှုဌာနက အကြောင်းကြားခဲ့ ခြင်းဖြစ်ကြောင်း MPA က ပြောကြားခဲ့သည်။
MPA က "တရုတ်အာဏာပိုင်တွေဟာ ရှာဖွေရေး နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေ ပါတယ်။ ရေနံတင်သင်္ဘောပေါ်က သင်္ဘောသားတွေအားလုံးက ဘေးကင်းပါတယ်။ ပြီးတော့ အခင်းဖြစ်ပွားရာ နေရာ အနီးအနားပတ်ဝန်းကျင်မှာ ရေထုညစ်ညမ်းတာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်" ဟု ပြောခဲ့သည်။
ရေနံတင်သင်္ဘောPearl Kenzo ကို စင်ကာပူအခြေစိုက် Consort Bunkers ကုမ္ပဏီက ပိုင်ဆိုင်ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်အစိုးရက ဗိုလ်ချုပ်များ အပါအဝင် စစ်ဘက်ဆိုင်ရာ အရာရှိ(၉)ဦးကို ရာထူးမှ ထပ်မံထုတ်ပယ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ