တရုတ်အစိုးရက ဗိုလ်ချုပ်များ အပါအဝင် စစ်ဘက်ဆိုင်ရာ အရာရှိ(၉)ဦးကို ရာထူးမှ ထပ်မံထုတ်ပယ်
Pika (NSS) - ဒီဇင်ဘာ ၃၁
တရုတ်အစိုးရသည် ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်ခဲ့ပြီးနောက် စစ်တပ်၏ မဟာဗျူဟာမြောက်ဒုံးကျည် တပ်ဖွဲ့မှ ဗိုလ်ချုပ်များ အပါအဝင် စစ်ဘက်ဆိုင်ရာ အရာရှိ(၉)ဦးကို ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။
အာဏာရကွန်မြူနစ်ပါတီဗဟိုကော်မတီအစည်းအဝေးပြီးနောက် ဒီဇင်ဘာလ(၂၉)ရက် နှောင်းပိုင်းတွင် အဆိုပါ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
တရုတ်အစိုးရသည် စစ်ဘက်ဆိုင်ရာအရာရှိများကို ထုတ်ပယ်ရသည့်အကြောင်းအရင်းများနှင့်ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။ တရုတ်အစိုးရသည် ပြီးခဲ့သည့်အောက်တိုဘာလတွင် ကာကွယ်ရေးဝန်ကြီးလီရှန်ဖုကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် နှစ်လအကြာတွင် ယခုကဲ့သို့ ထုတ်ပယ်မှုများ ထပ်မံလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်မတ်လတွင် ကာကွယ်ရေးဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သော လီရှန်ဖုသည် ဩဂုတ်လ ကတည်းက လူမြင်ကွင်းမှ ပျောက်နေခဲ့ပြီးနောက် အောက်တိုဘာလတွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။
ဒီဇင်ဘာလ(၂၉)ရက်တွင် တရုတ်အစိုးရသည် ရေတပ်ဦးစီးချုပ်ဟောင်းဒေါင်ဂျွန်ကို ကာကွယ်ရေးဝန်ကြီးအသစ် အဖြစ် ခန့်အပ်ခဲ့ကြောင်းလည်း သိရသည်။ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် စစ်ဘက်ဆိုင်ရာအရာရှိ(၉)ဦးတွင် ဒုံးပျံ တပ်ဖွဲ့၏ ယခင် (သို့မဟုတ်) လက်ရှိ ထိပ်တန်းတပ်မှူး(၅)ဦး ၊လေတပ် တပ်မှူးဟောင်းတစ်ဦးတို့ ပါဝင်ကြောင်း South China Morning Post ဌာန၏ ဖော်ပြချက်အရ သိရသည်။
ထို့အပြင် အခြားနှစ်ဦးမှာ ဗဟိုစစ်ကော်မရှင်(CMC) အပါအဝင် စက်ပစ္စည်းကိရိယာဝယ်ယူရေး နှင့် ဖွံ့ဖြိုးတိုးတက် ရေးဌာနတို့တွင် တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ပြီး အခြားတစ်ဦးမှာ ရေတပ် တပ်မှူးတစ်ဦးဖြစ်ကြောင်း သိရသည်။ အဆိုပါအရာရှိ(၉)ဦးသည် လွှတ်တော်တွင် ရွေးကောက်ခံမဟုတ်သော ကိုယ်စားလှယ်များအဖြစ် ပါဝင်ခဲ့သူများဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နော်တင်ဟမ်ဖောရက်စ်အသင်းကို ရှုံးနိမ့်ပြီးနောက် အသင်းကစားသမားတွေကို ပြစ်တင်ဝေဖန်လိုက်တဲ့ မန်ယူနည်းပြတန်ဟက်
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ