ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဘေးတွဲဆိုင်ကယ်အား လေထိုးနေသူတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံးမှုဖြစ်ပွား
သန့်ဇင် (NSS) - ဒီဇင်ဘာ ၃၁
ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဘေးတွဲဆိုင်ကယ်အား လေထိုးနေသူတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ပြည်သာယာလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဒီဇင်ဘာ ၃၁ ရက်) နံနက် ၇ နာရီအချိန်ခန့်တွင် ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် (၂၈ဝ/၄) ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဈေးသွားတဲ့ ဘေးတွဲဆိုင်ကယ်ကလူတွေက ဘီးပေါက်လို့လေဆင်းထိုးနေတဲ့အချိန်မှာ နောက်နေကားတစ်စီးက ဝင်တိုက်ပြီး မောင်းပြေးသွားတာ။ တစ်ယောက်သေပြီး တစ်ယောက်ဒဏ်ရာရသွားတယ်။ မောင်းပြေးသွားတဲ့ကား ကိုလည်း သက်ဆိုင်ရာက လိုက်နေတယ်” ဟု ပြည်သာယာလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ဘေးတွဲဆိုင်ကယ်မှ ယာဉ်မောင်းအမျိုးသားမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ၎င်းနှင့်အတူလိုက်ပါလာသည့် အမျိုးသမီးတစ်ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးတို့အား ပြည်သာယာလူမှုကူညီရေးအသင်းမှ မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းသမ္မတနှင့် ကာကွယ်ရေးဝန်ကြီးတို့ နှုတ်ထွက်သင့်ကြောင်း သမ္မတအကြံပေးဟောင်းဖြစ်သူပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ