ယူကရိန်းသမ္မတနှင့် ကာကွယ်ရေးဝန်ကြီးတို့ နှုတ်ထွက်သင့်ကြောင်း သမ္မတအကြံပေးဟောင်းဖြစ်သူပြော
Pika (NSS) - ဒီဇင်ဘာ ၃၁
ရုရှားနှင့်ဖြစ်ပွားနေသောပဋိပက္ခအတွင်း ယူကရိန်းနိုင်ငံကြုံတွေ့နေရသော အခက်အခဲများကြောင့် သမ္မတ ဇီလန်စကီးနှင့် ကာကွယ်ရေးဝန်ကြီး ရက်စတန်ယူမရော့ဗ်တို့သည် ၎င်းတို့၏ ရာထူးများမှ နှုတ်ထွက်သင့်ကြောင်း ယူကရိန်းသမ္မတနှစ်ဦးအတွက် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အိုလက်ဆော့စ်ကင် က ပြောကြားခဲ့သည်။
ထို့အပြင် ယူကရိန်းနိုင်ငံကို ကယ်တင်နိုင်မည့်ခေါင်းဆောင်သစ်လိုအပ်ကြောင်း အိုလက်ဆော့စ်ကင်က ၎င်း၏ YouTube ချန်နယ်တွင် ပြောကြားခဲ့သည်။
"ရက်စတန်ယူမရော့ဗ်ဟာ ကာကွယ်ရေးဝန်ကြီးရာထူးကနေ နှုတ်ထွက်သင့်ပါတယ်။ သူဟာ ခရိုင်းမီးယား ကျွန်းဆွယ်ကို သိမ်းယူမယ်လို့ပြောခဲ့ပေမယ့် အခုထိ ဘာမှမလုပ်နိုင်သေးပါဘူး။ သမ္မတဇီလန်စကီးလည်း ရာထူး ကနေ နှုတ်ထွက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဇီလန်စကီးဟာ ကူကယ်ရာမဲ့အခြေအနေကို ရောက်ရှိနေလို့ပါ" ဟု အိုလက်ဆော့စ်ကင် က ပြောဆိုခဲ့သည်။
ထို့အပြင် ဒီဇင်ဘာလ(၂၈)ရက် နှင့် (၂၉)ရက်တွင် ရုရှားဖက်က ပစ်လွှတ်လိုက်သော ဒရုန်းနှင့်ဒုံးကျည်(၁၅၈)စင်း အနက်မှ ဒရုန်း(၂၇)စင်း နှင့် ခရုဇ်ဒုံးကျည်(၈၇)စင်းကို ပစ်ချနိုင်ခဲ့သည်ဆိုသည့် ယူကရိန်းစစ်တပ်၏ ပြောဆိုချက် များကို အိုလက်ဆော့စ်ကင်က ထောက်ပြပြောဆိုခဲ့ကြောင်းလည်း သိရသည်။
ယခင်က ယူကရိန်းစစ်တပ်၏ ရုရှားဒုံးကျည်များကို ကြားဖြတ်ဟန့်တားနိုင်စွမ်းမှာ ယခုထက်ပိုမိုမြင့်မားကြောင်း အိုလက်ဆော့စ်ကင်က ပြောကြားခဲ့သည်။ ဒီဇင်ဘာလ(၂၈)ရက် နှင့် (၂၉)ရက်က လုပ်ဆောင်ခဲ့သော တိုက်ခိုက်မှု အတွင်း ယူကရိန်း၏ ကာကွယ်ရေးလုပ်ငန်းအဆောက်အဦးများ၊ စစ်လေယာဉ်ကွင်းများ၊ လက်နက်တိုက်များ နှင့် ယူကရိန်းတပ်ဖွဲ့ဝင်များ၏ နေရာများ အပါအဝင် ရည်ရွယ်ထားသော ပစ်မှတ်အားလုံးကို အောင်မြင်စွာထိမှန်ခဲ့ ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံအနေဖြင့် ခေါင်းဆောင်သစ်ရှာဖွေရန်အတွက် ရွေးကောက်ပွဲများ ကျင်းပသင့်ကြောင်း အိုလက်ဆော့စ်ကင်က ပြောကြားခဲ့သည်။ ထို့အပြင် ယူကရိန်းသမ္မတဇီလန်စကီး နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ အာဏာဆက်ယူနေမည်ဆိုပါက ယူကရိန်းနိုင်ငံတည်ရှိတော့မည် မဟုတ်ကြောင်းလည်း ၎င်းက ထပ်မံသတိပေးပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိဘမဲ့ကလေးငယ်(၁၅ဝ)နီးပါးကို စောင့်ရှာက်ထားသည့်ပရဟိတကျောင်း၌ စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ