မိဘမဲ့ကလေးငယ်(၁၅ဝ)နီးပါးကို စောင့်ရှာက်ထားသည့်ပရဟိတကျောင်း၌ စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ
ယွန်း (NSS) - ဒီဇင်ဘာ ၃၁
မိဘမဲ့ကလေးငယ်(၁၅ဝ)နီးပါး စောင့်ရှောက်ထားသည့် ပရဟိတကျောင်းတစ်ခု၌ အစားအသောက်အခက်အခဲများ ရှိနေပြီး အလှူရှင်များ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
ရန်ကုန်- မန္တလေးအမြန်လမ်း (၅၃)မိုင် (၅)ဖာလုံတွင် ဖွင့်လှစ်ထားသည့် မေတ္တာကမ်းလက် မိဘမဲ့ကလေးများ စောင့်ရှောက်ရေးနှင့် ပညာဒါနကျောင်းတွင် ကလေးများအတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း အဆိုပါကျောင်း၏ ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။
“အရင်လတွေတုန်းကတော့ ဆန်က အလှူရှင်ရှိတယ်။ ပင်တိုင်ပုံစံမျိုးပေါ့။ အလှူရှင်က တစ်လကိုဆန်အိတ်(၂ဝ)စီ လှူနေတာမျိုးရှိတယ်။ အဲဒီလိုဆိုတော့ ဆန်အတွက်က လစဥ်အခက်အခဲမရှိဘူးပေါ့။ (၁၁)လပိုင်းနဲ့ (၁၂)လပိုင်းမှာ ကြတော့ ဆန်အလှူရှင်က အခက်အခဲတစ်ခုကြောင့် မလှူနိုင်ကြတောဘူး။ လှူမယ့်သူမရှိတော့ ကျောင်းတိုက်ကပဲ အပြင်ကနေဝယ်ပြီးတော့ စီစဥ်ရတာပေါ့။ တစ်နေ့ကို တစ်အိတ်ခွဲလောက် ချက်နေရတော့ ရေရှည်မှာကျောင်း အတွက်က အဆင်မပြေဘူးလေ” ဟု ကျောင်းထိုင်ဆရာတော်က မိန့်သည်။
အဆိုပါပရဟိတကျောင်းတွင် (၃)လသားအရွယ်ကလေးငယ်မှ Grade-9 အထိ မိဘမဲ့ကလေးငယ်(၁၃၅)ဦးရှိပြီး လာရောက်ခိုလှုံနေသည့် ကလေးငယ်အများစု မှာ ရှမ်းပြည်နယ်မှ ဖြစ်ကြောင်း သိရသည်။
၎င်းတို့အနက်မှ ကလေးငယ်အချို့မှာ မိဘများရှိသော်လည်း ပညာသင်ရန်စရိတ် မတတ်နိုင်သည့်အတွက် လာရောက်အပ်နှံထားခြင်းဖြစ်ပြီး လက်ရှိ၌ အစားအသောက်အခက်အခဲများရှိပြီး ဆေးဝါးလိုအပ်ချက်များလည်း ရှိနေကြောင်း သိရသည်။
လှူဒါန်းလိုသူများအနေဖြင့် နံနက်စာအာဟာရအတွက် ကျပ်တစ်သိန်းခွဲ၊ နေ့လည်စာအတွက် (၂)သိန်းကျပ်၊ ညစာ အတွက် ကျပ်တစ်သိန်းခွဲခန့်ကုန်ကျနိုင်ပြီး အမြန်လမ်းရှိ ကျောင်းသို့ ကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ ဖုန်းနံပါတ် ဝ၉-၄၄၉၉၉၉၅၃၆ နှင့် ဝ၉-၆၉၂၂၃၃၇၃ဝ တို့ကိုလည်း ဆက်သွယ်၍ဖြစ်စေ လှူဒါန်းနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယီမင်နိုင်ငံမှ ပစ်လွှတ်လိုက်သည့် သင်္ဘောဖျက်ပဲ့ထိန်းဒုံးကျည်များကို အမေရိကန်ဖျက်သင်္ဘောပစ်ချ
RELATED POSTS
23 Sep 2024 | အထွေထွေ,ပြည်တွင်း
23 Sep 2024 | အထွေထွေ,နိုင်ငံတကာ
22 Sep 2024 | အထွေထွေ,နိုင်ငံတကာ