လေဖြတ်နေသည့် အသက်(၇၀)နှစ်ကျော်ပင်စင်စားအဘိုးအို၏ ဖုန်း၊ ပိုက်ဆံ နှင့် ပင်စင်စာအုပ်တို့ကို ခိုးယူမှု ရွှေပြည်သာမြို့နယ်၌ဖြစ်ပွား
ကျော်(NSS) - ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် လေဖြတ်နေသည့် အသက်(၇၀)နှစ်ကျော်ပင်စင်စား အဘိုးအို၏ ဖုန်း၊ ပိုက်ဆံ နှင့် ပင်စင်စာအုပ်တို့ကို ခိုးယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်သည် ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)၊ နံနက် ၁၁ နာရီခန့်က ရွှေပြည်သာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ နန်းမြိုင်ပန်းခြံအတွင်း၌နေထိုင်သည့် လေဖြတ်နေသော အသက် (၇၀)နှစ်ကျော် ပင်စင်စားအဘိုးအိုတစ်ဦးတည်းနေထိုင်သည့်နေရာသို့ အမျိုးသားတစ်ဦးရောက်ရှိလာခဲ့ကြောင်း သိရသည်။
"အဘိုးကတစ်ယောက်ထဲနေတာ။ လေဖြတ်နေတော့ ခြေထောက်တစ်ဖက်ကတစ်ရွတ်ဆွဲသလိုဖြစ်နေတာ။ အဘိုးပြန်ပြောတဲ့ပုံအရဆိုရင် အဲဒီလူက ဆိုင်ကယ်ဖမ်းနေလို့ဆိုပြီး အဘိုးနေတဲ့အိမ်ထဲကိုဝင်လာပြီး ထိုင်နေတာတဲ့ သက်လတ်ပိုင်းအရွယ်လောက်လို့ပြောတယ်"ဟု ရွှေပြည်သာမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးက NSS ကိုပြောသည်။
အဆိုပါ အမျိုးသားသည် ဆိုင်ကယ်ဖမ်းနေသည်ကိုအ ကြောင်းပြကာ အဘိုးအိုတစ်ဦးနေထိုင်သည့် နေရာသို့ ရောက်ရှိလာပြီးနောက် အဘိုးအိုနေအိမ်အနောက်ဘက်သို့ဝင်သွားချိန်၌ ဖုန်း၊ ပိုက်ဆံ နှင့် ပင်စင်စာအုပ်တို့ကို ခိုးယူကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
"အဘိုးက အိမ်အနောက်ဖက်ကိုဝင်ပြီး အပေါ့ သွားနေတဲ့အချိန် ဖုန်းရယ် ပိုက်ဆံတစ်သိန်းရယ် အဘိုးရဲ့ပင်စင်စာအုပ်ရယ်ကိုခိုးသွားတာ။ ပင်စင်ကဘာအမျိုးအစားလဲဆိုတာတော့ ကျွန်တော်လည်းမမေးမိဘူး။ ဒီလိုလုပ်ရပ်မျိုးကဘယ်လိုမှလက်ခံနိုင်စရာအကြောင်းမရှိဘူး။ သက်ကြီးရွယ်အိုလေဖြတ်နေတဲ့သူကို ကိုယ်တွေကတောင်စောင့်ရှောက်ကူညီပေးရအုံးမှာ သက်ဆိုင်ရာကိုအကြောင်းကြားထားပါတယ်"ဟု ရွှေပြည်သာမြို့ နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးက NSS ကိုပြောသည်။
ထို့ပြင် ယနေ့၊ နံနက် ၁၀ နာရီခန့်ကလည်း ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဘောဂပန်းခြံ (၄)လမ်းရှိ နေအိမ်တစ်လုံးတွင် ဆိုင်ကယ်မောင်းလာသည့် အမျိုး သားတစ်ဦးက အိမ်လိပ်စာမေးကာ ရေသောက်ချင်သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ ထို့နောက် အိမ်ရှင်ဖြစ်သူကနေအိမ်အတွင်းဝင်၍ရေသွားခပ်စဥ် လိပ်စာမေးသူမှ အိမ်ရှင်၏ တူမဖြစ်သူ ကိုင်ထားသော ဖုန်းကိုလုယူကာ ထွက်ပြေးသွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ပွဲအတွက် ပြင်ဆင်မှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ရန် မြောက်ကိုရီးယားခေါင်းဆောင် တိုက်တွန်းတောင်းဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ