စစ်ပွဲအတွက် ပြင်ဆင်မှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ရန် မြောက်ကိုရီးယားခေါင်းဆောင် တိုက်တွန်းတောင်းဆို
Pika (NSS) - ဒီဇင်ဘာ ၂၈
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက်အစီအစဉ်များ အပါအဝင် စစ်ပွဲအတွက်ပြင်ဆင်မှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ရန် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက တိုက်တွန်းတောင်းဆိုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဒီဇင်ဘာလ(၂၈)ရက်တွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံအပေါ် နျူကလီးယားတိုက်ခိုက်မှုများ လုပ်ဆောင်မည်ဆိုပါက နျူကလီးယားလက်နက်ဖြင့် လက်တုံ့ပြန်တိုက်ခိုက်မှုများလုပ်ဆောင်ရန် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း သတိပေးပြောဆိုမှုများရှိခဲ့ပြီးနောက် သီတင်းပတ် တစ်ပတ်အတွင်း အဆိုပါမှတ်ချက်များထွက်ပေါ်လာခြင်းဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံ၏ နှစ်ကုန်ပါတီအစည်းအဝေးတွင် ကင်ဂျုံအန်းက ယခုကဲ့သို့မှတ်ချက်ပြုပြောဆိုခဲ့ခြင်း ဖြစ်သည်။ နျူကလီးယားလက်နက်နှင့် အရပ်ဘက်ကာကွယ်ရေးများ အပါအဝင် အခြားကဏ္ဍများတစ်လျှောက် စစ်ပွဲအတွက် ပြင်ဆင်မှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ရန် ကင်ဂျုံအန်းက ၎င်း၏ ပါတီကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံ၏ မြောက်ကိုရီးယားဆန့်ကျင်ရေးလုပ်ရပ်များကြောင့် ကိုရီးယားကျွန်းဆွယ်ရှိ စစ်ရေးအခြေအနေ များမှာ ပိုမိုဆိုးရွားလာနေကြောင်း ကင်ဂျုံအန်းက မှတ်ချက်ပြုပြောခဲ့သည်။ တောင်ကိုရီးယား၊ အမေရိကန် နှင့် ဂျပန်တို့သည် ယခုနှစ်အတွင်း မြောက်ကိုရီးယား၏ စံချိန်တင်လက်နက်စမ်းသပ်မှုများကို ကြုံတွေ့ခဲ့ရပြီးနောက် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများနှင့်ပတ်သက်ပြီး ဒေတာအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ မျှဝေကြရန် သဘောတူညီခဲ့ကြကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်လများအတွင်း မြောက်ကိုရီးယားသည် ၎င်း၏ ပထမဆုံး စစ်ဘက်သုံးစပိုင်ဂြိုလ်တုကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့သလို ၎င်း၏ လက်နက်တိုက်အတွင်းရှိ အဆင့်အမြင့်ဆုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက နာဇီခေါင်းဆောင်ဟစ်တလာ နှင့် ကွဲပြားခြားနားမှုမရှိကြောင်း တူရကီသမ္မတ ဝေဖန်ပြောဆို
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ