ကြည့်မြင်တိုင်ဘူတာ၌ သံလမ်းပေါ်အိပ်ပျော်နေသည့် အမျိုးသားတစ်ဦး ရထားကြိတ်ခံရ
သန့်ဇင်(NSS) - ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကြည့်မြင်တိုင်ဘူတာတွင် ရထားသံလမ်းပေါ်အိပ်ပျော်နေသည့် အမျိုးသားတစ်ဦး မြို့ပတ်ရထားကြိတ်ခံရ၍ ခြေထောက်ပြတ်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယနေ့(ဒီဇင်ဘာလ ၂၈ ရက်)၊ နံနက် ၁၀နာရီ ၅၅မိနစ်အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်၊ ကြည့်မြင်တိုင်ဘူတာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘူတာရုံက တာဝန်ရှိသူပြောတာတော့ ရထားကြိတ်ခံရတဲ့လူက ရထားသံလမ်းပေါ်မှာ အိပ်နေတာ။ အဲဒီအချိန်မှာပဲ မြို့ပတ်ရထားက ကြိတ်မိသွားတာပါ” ဟု စမ်း ချောင်းအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ရထားကြိတ်ခံရမှုကြောင့် အသက်(၅၀)နှစ်ဝန်းကျင်အရွယ် အမျိုးသားတွင် ဝဲခြေထောက်ပြတ်ဒဏ်ရာ နှင့် ဝဲလက်ကျိုးဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
“ရထားကြိတ်ခံရတဲ့လူက ဘယ်ခြေကျင်းဝတ်ပြတ်တယ်။ ဘယ်လက်ကျိုးတယ်။ စိုးရိမ်ရတယ်။ အမည်တွေနေရပ်တွေမသိရသေးပါဘူး။ မိသားစုနဲ့လည်း အဆက် အသွယ်မရသေးဘူး။ လွန်ခဲ့တဲ့ ကိုဗစ်မဖြစ်ခင်တုန်းကလည်း ခုလိုမျိုးဖြစ်စဉ်တစ်ခါဖြစ်ဖူးတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားအား စမ်း ချောင်းအရန်မီးသတ်တပ်ဖွဲ့မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အနုပညာရပ်ဝန်းက တပတ်အတွင်း လှုပ်လှုပ်ခတ်ခတ်သတင်းများ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ