ပင်လုံမြို့လယ်ရှိ ဖုန်းဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အပါအဝင် (၄)ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
Pearl (NSS) - ဒီဇင်ဘာ ၂၈
ပင်လုံမြို့လယ်ရှိ ဖုန်းဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင် အပါအဝင် (၄)ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်)၊ ည ၇ နာရီ ဝန်းကျင်ခန့်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်မြို့နယ် ၊ ပင်လုံမြို့ ၊ (၁)ရက်ကွက်၊ ဈေးအရှေ့ဘက်ပေါက်ရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဈေးအရှေ့ဘက်ပေါက်ရှိ ဖုန်းဆိုင်သို့ ဆိုင်ပိတ်နေစဉ်အချိန်တွင် အကြမ်းဖက်အမျိုးသား (၂)ဦးက ရောက်ရှိလာပြီး ဆိုင်ပိုင်ရှင်နှင့် ၎င်း၏ သမီးဖြစ်သူ အပါအဝင် ဆိုင်ရှိဝန်ထမ်းအမျိုးသမီး (၂)ဦး အား သေနတ်ဖြင့်ပစ်ခတ်၍ ငွေ နှင့် ဖုန်းများ လုယက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။
"ဆိုင်သိမ်းတဲ့အချိန်ဖြစ်သွားတာပေါ့နော်။ ဆိုင်က မြို့လယ်ခေါင်က စျေးအရှေ့ဘက်ပေါက်မှာရှိတဲ့ ဖုန်းဆိုင်၊ ဆိုင်နာမည်တော့ သေချာမသိဘူး။ ဆိုင်ပိုင်ရှင် နဲ့ ပိုင်ရှင်ရဲ့သမီးရယ်၊ အသက် (၂၀)ဝန်းကျင် ဝန်ထမ်းမိန်းက လေး (၂)ဦး အသတ်ခံရတယ်" ဟု မြို့ခံတစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်ကြောင့် ဆိုင်ပိုင်ရှင် နှင့် ၎င်း၏ သမီးဖြစ်သူ အပါ အဝင် ဝန်ထမ်းအမျိုးသမီး (၂)ဦးတို့ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးအတွက် ဒေသခံအဖွဲ့အစည်းနှင့် လုံခြုံရေးအဖွဲ့မှ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်သံရုံးက မြန်မာနိုင်ငံနယ်စပ်ဒေသမှ တရုတ်နိုင်ငံ သားတွေကို ဘေးလွှတ်ရာသို့ရွှေ့ပြောင်းဖို့ တိုက်တွန်းတောင်းဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ