တရုတ်သံရုံးက မြန်မာနိုင်ငံနယ်စပ်ဒေသမှ တရုတ်နိုင်ငံ သားတွေကို ဘေးလွှတ်ရာသို့ရွှေ့ပြောင်းဖို့ တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၈
တပ်မတော် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် လုံခြုံရေးအန္တရာယ်စိုးရိမ်ရတဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတရုတ် နဲ့ မြန်မာနယ်စပ်ဒေသတစ်လျှောက်မှာရှိတဲ့ တရုတ်နိုင်ငံသားတွေကို ထွက်ခွာပြောင်းရွှေ့ဖို့တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာ ရခိုင်လက်နက်ကိုင်အဖွဲ့၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့၊ တအာင်းလက်နက်ကိုင်အဖွဲ့တွေဟာ အောက်တိုဘာလနောက်ပိုင်းကတည်းက တပ်မတော်ကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။
အဆိုပါလက်နက်ကိုင်အဖွဲ့တွေဟာ တရုတ်နဲ့ မြန်မာ နိုင်ငံကြား ကုန်သွယ်ရေးအတွက် အဓိကနေရာတွေ နဲ့ မြို့တွေကိုသိမ်းပိုက်ထားကြောင်း သိရပါတယ်။ ကိုးကန့်လက်နက်ကိုင်အဖွဲ့ဟာ တရုတ်နဲ့နယ်စပ်ချင်းထိစပ်နေတဲ့ လောက်ကိုင်မြို့ကို သိမ်းပိုက်ဖို့ ဆန္ဒရှိနေကြောင်းသိရပါတယ်။
"ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ လက်နက်ကိုင်ပဋိပ က္ခတွေဖြစ်နေဆဲဖြစ်ပါတယ်။ အဲဒီမြို့တွင်းမှာပိတ်မိနေတဲ့ သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အန္တရာယ်ရှိလာနိုင်တယ်။ လောက်ကိုင်မြို့ထဲမှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ဘေးလွတ်ရာကို အမြန်ဆုံးရွှေ့ ပြောင်းဖို့ ထပ်မံတိုက်တွန်းလိုပါတယ်" မြန်မာနိုင်ငံဆိုင် ရာတရုတ်သံရုံးကဆိုပါတယ်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ နဲ့ ဆက်နွယ်တဲ့မီဒီယာတွေက တပ်မတော်ဟာ ကိုးကန့်ဒေသ လောက်ကိုင်မြို့ကိုလေကြောင်းက တိုက်ခိုက်မှုတွေလုပ်ကိုင်နေကြောင်း ဖော်ပြထားပါတယ်။ လေ့လာသုံးသပ်သူအချို့က တရုတ်အစိုးရဟာ ၎င်းတို့နဲ့ ယဉ်ကျေးမှု၊ လူမျိုးရေးနီးစပ်မှုရှိနေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံရေးကိုထိန်းသိမ်းလိုနေကြောင်းပြောပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ဟာ ၎င်းတို့ထိန်းချုပ်ထားတဲ့မြို့တွေမှာ တရုတ်ငွေကြေးနဲ့ တရုတ်ဖုန်းကွန်ရက်အသုံးပြုတာမျိုးတွေရှိနေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကြည့်မြင်တိုင်ဘူတာ၌ သံလမ်းပေါ်အိပ်ပျော်နေသည့် အမျိုးသားတစ်ဦး ရထားကြိတ်ခံရ
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ