ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်(၆)လွှာမှ သက်ကြီးပိုင်းအမျိုသမီးတစ်ဦးခုန်ချမှုကြောင့် ပြင်းထန်ဒဏ်ရာရ
သန့်ဇင်(NSS) - ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ အထပ်မြင့်တိုက်၏ (၆)လွှာမှ သက်ကြီးပိုင်းမျိုသမီးတစ်ဦး ခုန်ချမှုဖြစ်ပွားခဲ့ရာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့(ဒီဇင်ဘာလ ၂၈ ရက်)၊ နံနက် ၁၀နာရီ ၅၀မိနစ်အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်၊ စမ်းမြောက်ရပ်ကွက်၊ စမ်းချောင်းလမ်း နှင့် ဆရာထွန်းလမ်းထောင့်ရှိ အထပ်မြင့်တိုက်တစ်ခု၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျွန်မတို့ သိရသလောက်ကတော့ စိတ်ဝေဒနာရှင်အမျိုးသမီးပေါ့နော်။ တိုက်ရဲ့(၆)လွှာ ဝရံတာကနေခုန်ချတာပါ” ဟု စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါခုန်ချမှုဖြစ်စဉ်၌ အသက်(၅၀)နှစ်ဝန်းကျင်အရွယ် ရှိ ဒေါ်စိုးသင်္ကြန်တွင် ဦးခေါင်းခွံကွဲအက်ဒဏ်ရာ ပြင်း ထန်စွာရရှိခဲ့ကြောင်း သိရသည်။
“ခုန်ချတဲ့အမျိုးသမီးက ဦးခေါင်းခွံကွဲအက်ဒဏ်ရာရပြီးစိုးရိမ်ရတယ်။ အနီရောင်အဆင့်ပါ။ အခြားခြေလက်ကျိုးတာတွေတော့ မရှိပါဘူး။ စမ်းချောင်းမြို့နယ်ထဲမှာ အရင်ကဒီလိုမျိုးခုန်ချတာတွေရှိတယ်။ လွန်ခဲ့တဲ့ တစ်လကျော် နှစ်လလောက်ကလည်း ဒီလိုမျိုးဖြစ်စဉ် ဖြစ်ဖူးတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသမီးအား စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ ဆေးကုသမှုခံယူနိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်လုံမြို့လယ်ရှိ ဖုန်းဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အပါအဝင် (၄)ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ