ရန်ကုန်မြို့တွင် ကားလမ်းဖြတ်ကူးနေသည့် လင်မယား(၂)ဦးကို ကားတစ်စီးမှ တိုက်ပြေးမှုဖြစ်ပွား
သန့်ဇင် (NSS) - ဒီဇင်ဘာ ၂၇
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ကားလမ်းဖြတ်ကူးနေသည့် လင်မယား(၂)ဦးကို ကားတစ်စီးမှ တိုက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဒီဇင်ဘာ ၂၆ ရက်)၊ ည ၈နာရီ ၂ဝ မိနစ်အချိန်တွင် သာကေတမြို့နယ်၊ ရှုခင်းသာ အိမ်ရာဝန်းရှေ့၊ ရှုခင်းသာလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“လင်မယား(၂)ယောက်က ကားလမ်းဖြတ်ကူးနေတုန်းမှာ ကားတစ်စီးက ဝင်တိုက်ပြီးမောင်းပြေးသွားတာပါ” ဟု သာကေတမြို့နယ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် အသက်(၅ဝ) နှစ်အရွယ်ခန့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတို့တွင် ဦးခေါင်းထိခိုက်ဒဏ်ရာ နှင့် အခြားထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“လင်မယား(၂)ယောက်လုံးက ထိခိုက်ဒဏ်ရာတွေရကြတယ်။ အမျိုးသမီးက ခေါင်းပေါက်သွားတယ်။ အခြား ဒဏ်ရာတွေလည်းရှိတယ်။ အမျိုးသားလည်း ခေါင်းထိသွားတယ်။ တိုက်တဲ့ကားက မောင်းပြေးသွားတော့ မမိလိုက်ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ လင်မယား(၂)ဦးအား ပေးဆက်သူတို့နှလုံးသားပရဟိတအသင်း နှင့် ရှုခင်းသာ လူမှုကူညီရေးအသင်း လူနာတင်ယာဉ်များဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ထွက်ပြေးတိမ်ရှောင်နေသည့်ယာဉ်မောင်းအား သက်ဆိုင်ရာမှ ရှာဖွေစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မတ္တရာမြို့နယ်၌ လက်ပြန်ကြိုးတုပ်ခံရလျက် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် သေနေသည့် အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ