မတ္တရာမြို့နယ်၌ လက်ပြန်ကြိုးတုပ်ခံရလျက် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် သေနေသည့် အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိ
NSS - ဒီဇင်ဘာ ၂၇
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် လက်ပြန်ကြိုးတုပ်ခံရလျက် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါအမျိုးသားအလောင်းကို ပြီးခဲ့သော ဒီဇင်ဘာ ၂၄ ရက်၊ နံနက် ၉ နာရီ ၃ဝ မိနစ်တွင် မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာရှိ Alpha ဘိလပ်မြေစက်ရုံ အဝင်လမ်းဘေး၌ တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
သတ်ဖြတ်ခံခဲ့ရသည့်အမျိုးသားမှာ အသက်(၄ဝ)နှစ်ခန့်အရွယ်ဖြစ်ပြီး ၎င်း၏မျက်နှာအား အဝတ်စ အနီရောင်ဖြင့် စည်း၍ လက်နောက်ပြန်ကြိုးတုပ်ခံရကာ ဦးခေါင်းအပေါ်ပိုင်း ပွင့်ထွက်ဒဏ်ရာဖြင့် ပုပ်ပွသေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူအမျိုးသားအလောင်းအား မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးလုံခြုံရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအရေးနှင့် နိုင်ငံတကာက ၂၄ နာရီအတွင်းဖြစ်ပေါ် ပြောင်းလဲမှုသတင်းများ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ