မန္တလေးမြို့တွင် အသက်(၄)နှစ်အရွယ်ကလေးငယ်တစ်ဦး အပေါ့သွားရာမှ ရေမြောင်းထဲပြုတ်ကျသေဆုံး
သန့်ဇင်(NSS) - ဒီဇင်ဘာ ၂၆
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် အသက် (၄) နှစ်အရွယ်ကလေးငယ်တစ်ဦး အပေါ့သွားရာမှ ရေမြောင်းထဲပြုတ်ကျ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း နန်းတော်ရှေ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာလ ၂၅ ရက်)၊ ည ၉ နာရီခွဲအချိန်ခန့်တွင် အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်ရှိ၊ ရေမြောင်းအတွင်း၌ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကလေးက ပထမတော့ပျောက်နေတာ။ သိသိချင်း မီးသတ် တပ်ဖွဲ့ဝင်တွေနဲ့ ကျွန်တော်တို့လူမှုကူညီရေးအသင်းတွေပေါင်းပြီး ရှာဖွေရေးတွေ လုပ်ခဲ့တယ်။ ဖြစ်စဉ်နေရာနားမှာ ရေဆိုးမြောင်းရှိတယ်။သူ့ရဲ့အဆုံးမှာက တံတားတစ်ခုရှိတယ်။ ရှာရင်းနဲ့ ရေဆိုးမြောင်းရဲ့ အမှိုက်တွေထဲမှာ ပြန်တွေ့တာပေါ့။ ကလေးက အသက်မရှိတော့ဘူး။ သိရသလောက်ဆိုရင် ကလေးက အပေါ့ သွားရင်းနဲ့ ရေမြောင်းထဲ ပြုတ်ကျသွားတာပါ” ဟု နန်း တော်ရှေ့လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါရေနစ်သေဆုံးသူ ကလေးငယ်သည် အသက်(၄) နှစ်အရွယ်ခန့်ရှိ မလွန်းပိုးအိမ်(ခ)ပိုးအိဖြစ်ပြီး ရေမြောင်းအတွင်းပြုတ်ကျပြီး တစ်နာရီခွဲခန့်အကြာတွင် သေဆုံးလျက်ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူကလေးငယ်အား နန်းတော်ရှေ့လူမှုကူညီရေးအသင်းမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နတ်သံကွင်းမြို့ရှိ လုံခြုံရေးစခန်းများကို KNLA ၊ PDF ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်တိုက်၍ တိုက်ပွဲပြင်းထန်နေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ