နတ်သံကွင်းမြို့ရှိ လုံခြုံရေးစခန်းများကို KNLA ၊ PDF ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်တိုက်၍ တိုက်ပွဲပြင်းထန်နေ
Pearl (NSS) - ဒီဇင်ဘာ ၂၆
နတ်သံကွင်းမြို့ရှိ လုံခြုံရေးစခန်းများကို KNLA ၊ PDF ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်၍ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
ယနေ့ (ဒီဇင်ဘာလ ၂၆ ရက်) ၊ နံနက် (၅)နာရီခန့်တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ ရှိ လုံခြုံရေးစခန်းများကို KNLA ၊ PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
"အရင်တုန်းက လိုင်းပေါ်မှာ နတ်သံကွင်းကို သိမ်းမယ်ဆိုတဲ့ သတင်းတွေ ရတယ်။ ညကတော့ ဒရုန်းတွေနဲ့ လာချတယ်။ ဒီမနက်တော့ ဝင်တိုက်တယ်။ ခုထိတော့ သူတို့ မသိမ်းနိုင်သေးပါဘူး။ ဝိုင်းထားတုန်းပေါ့။ တပ်ဘက်ကတော့ လေယာဉ်နဲ့ ပစ်ကူပေးနေတာရှိတယ်" ဟု လုံခြုံရေးတပ်ဖွဲနှင့် နီးစပ်သူ တစ်ဦးက NSS ကို ပြောသည်။
လက်ရှိတွင် နတ်သံကွင်းမြို့ရှိ လုံခြုံရေးစခန်းများကို KNLA ၊ PDF ပူးပေါင်းအဖွဲ့အနေဖြင့် သိမ်းပိုက်ထားနိုင်သည့်အခြေအနေမရှိသေးသော်လည်း အင်အားအလုံး အရင်းဖြင့် ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။
တပ်မတော်အနေဖြင့်လည်း လေကြောင်းပစ်ကူများကို အသုံးပြုကာ ပြန်လည်တိုက်ခိုက်နေကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအတွင်း တပ်မတော်လုံခြုံရေးအဖွဲ့မှ ထိခိုက်ဒဏ်ရာရမှုများရှိနေသကဲ့သို့ KNLA ၊ PDF ပူးပေါင်းအဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေကြောင်း သိရသည်။
ကနဦး သတင်းများအရ KNLA ၊ PDF ပူးပေါင်းအဖွဲ့၏ အလောင်းအချို့နှင့် လက်နက်ခဲယမ်းအချို့ကိုလည်း လုံခြုံရေးအဖွဲ့ဘက်က သိမ်းဆည်း ရရှိထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၅)ရက်တွင်လည်း KNLA ၊ PDF ပူးပေါင်းအဖွဲ့က နတ်သံကွင်းရှိ နယ်မြေရဲစခန်းကို အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်တွင်လည်း ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ နယ်မြေခံတပ်ရင်းများ နှင့် မြို့ဝင်သံတံတားတို့အား KNLA၊ PDF ပူးပေါင်းအဖွဲ့က အင်အားအများအပြာဖြင့် လာရောက်တိုက်ခိုက်ခဲ့သည့်အတွက် ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ဘေးရှောင်ကလေးများပါ ပညာသင်ကြားခွင့်ရမည့် IBEC ကျောင်း၏ "လိုသမျှပေးပညာရေး"အစီအစဥ်ကိုဆက်သွယ်စာရင်းပေးထားသူ ရာနှင့်ချီရှိနေ
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ