Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြောက်ဦးမြို့၌ တိုက်ပွဲ ဆက်လက်ပြင်းထန်၊ လက်နက်ကြီးပေါက်ကွဲမှုကြောင့် ယဉ်ကျေးမှုပြတိုက်ရှိ ရှေးဟောင်းအမွေအနှစ် အာနန္ဒစန္ဒြကျောက်စာ ပျက်စီး

မြူနစ်/ယွန်း (NSS) - ဒီဇင်ဘာ ၂၅

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်းလျက်ရှိပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ယဉ်ကျေးမှုပြတိုက်ရှိ ရှေးဟောင်းအမွေအနှစ် အာနန္ဒစန္ဒြကျောက်စာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။


မြောက်ဦးမြို့နှင့်အနီးတစ်ဝိုက်ရှိ လုံခြုံရေးစခန်းများကို ပြီးခဲ့သော ရက်ပိုင်းအတွင်းမှစတင်ကာ ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA သည် လာရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက်အကြား တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည်။

ယမန်နေ့(ဒီဇင်ဘာလ ၂၄ ရက်) နံနက်အစောပိုင်းတွင်လည်း မြောက်ဦးခရိုင်ရဲတပ်ဖွဲ့ရုံးကို AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မြောက်ဦးမှာတော့ တိုက်ပွဲက ဆက်ဖြစ်တုန်းပဲ။ မနေ့ကလည်း ဖြစ်တာပဲ။ သူတို့ဘက်က ဆုတ်ခွာသွားတာ မရှိသေးဘူး။ Drop ဗုံးနဲ့ လာချတာတွေလည်း ရှိတယ်။ ညတုန်းက ၁၂ နာရီလောက်မှာ တော်တော်လေးပြင်း ပြင်းထန်ထန်ဖြစ်တယ်။ အခုလည်း ဆက်ဖြစ်နေတုန်းပါပဲ” ဟု မြောက်ဦးမြို့လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။

ထို့ပြင် ယနေ့ နံနက်ပိုင်းတွင်လည်း မြောက်ဦးမြို့၌ တပ်မတော်လုံခြုံရေးအဖွဲ့နှင့် AA လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ‌ရှေး ဟောင်းအမွေအနှစ်များထားရှိရာ မြောက်ဦးယဉ်ကျေးမှုပြတိုက်တွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

“မြောက်ဦးမှာရှိတဲ့‌ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေအားလုံးကို ကျွန်တော်တို့ကတော့ ဝိုင်းပြီးထိန်းသိမ်းနေကြပါတယ်။ ဖြစ်တာကတော့ တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးကျည်ဆံကျရောက်ပေါက်ကွဲတယ်။ ဒီနေ့မနက်(၅)နာရီမှာ လက်နက် ကြီးကျည်ဆံကျရောက်ပေါက်ကွဲတယ်လို့သိရတယ်။ ကျွန်တော်တို့က အရင်ထဲက ပြတိုက်ထဲမှာရှိတဲ့‌ ရွှေ့ပြောင်းလို့ရတဲ့ ပစ္စည်းတွေကို ကြိုတင်သိမ်းဆည်းထားတယ်။ အခုပေါက်ကွဲတာကကြတော့ ဘယ်သူက ပစ်မှန်းလဲမသိဘူး။ ဝန်ထမ်းတွေ စစ်ဆေးတဲ့အခါမှာတော့ ပုံစံတူပြန်ပြီးတော့လုပ်ထားတဲ့ အာနန္ဒစန္ဒြကျောက်စာတော့ ပျက်စီးသွားပါတယ်”ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုညွှန်မှူးဦးညိုမြင့်ထွန်းက NSS ကို ပြောသည်။

ယင်းကဲ့သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုဖြစ်စဉ်အတွင်း အာနန္ဒစန္ဒြကျောက်စာနှင့်အတူ ပြတိုက်အဆောက်အဦး ထိခိုက်ပျက်စီးမှုရှိခဲ့သော်လည်း အခြားသောအမွေအနှစ်များမှာ ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။

“ယဉ်ကျေးမှုအမွေအနှစ်ဆိုတာတော့ အားလုံးကတန်ဖိုးထားကြတာလေ။ အားလုံးလည်း ထိန်းသိမ်းစောင့်ရှောက်နေကြပါတယ်။ ဒီလိုဖြစ်သွားတဲ့အပေါ်မှာ ဘယ်သူကမှတော့ ဖြစ်ချင်ကြမှာမဟုတ်ဘူး။ မဖြစ်ချင်တဲ့ကြားထဲကနေဖြစ်သွားတယ်။ ပြီးတော့ ရှေးဟောင်းအမွေအနှစ်လည်းဖြစ်တော့ စိတ်မကောင်းပါဘူး”ဟု ဦးညိုမြင့်ထွန်းက ဆက်လက်ပြောသည်။

လက်ရှိတွင် မြောက်ဦးမြို့၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အရပ်သားသေဆုံးသူဦးရေသည် (၅)ဦးထက်မနည်းရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိနေကြောင်း သိရသည်။

“တစ်မြို့လုံးမှာ လက်နက်ကြီးတွေ ကျတယ်။ ပြတိုက်တွေမှာရော၊ လူနေအိမ်တွေမှာရောကျလို့ အကုန်လုံး ထွက်ပြေးနေရတယ်။ မြို့ပေါ်မှာ လူတွေ မရှိတော့ဘူး။ အကုန်လုံး ထွက်ပြေးနေရတယ်။ ကျွန်တော်ဆိုရင် မနေ့က ထွက်ပြေးလာရတာ။ လက်နက်ကြီးတွေက တစ်မြို့လုံးမှာလိုလို ကျနေတာ” ဟု စစ်ဘေးရှောင် မြောက်ဦးမြို့ခံ ဦးအောင်သန်းထွန်းက NSS ကို ပြောသည်။

ရခိုင်ပြည်နယ်၌ ပြီးခဲ့သော နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြား တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘရော်နီကာက ထိုင်းဖိုက်တာမယ်ကို အလဲထိုးပြီး ထိုင်းဘုရင့်ဖလားကို (၂)ကြိမ်ဆက်တိုက်ရရှိ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved