မန္တလေးမြို့ရှိ ဟိုတယ်တစ်လုံး၏ (၃၁)ထပ်မှ ခုန်ချရန် ကြံစဉ်ခဲ့သည့် စိတ်ဝေဒနာရှင်အမျိုးသားကို ကယ်ဆယ်နိုင်ခဲ့
သန့်ဇင် (NSS) - ဒီဇင်ဘာ ၂၅
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ Grand Park Hotel ၏ (၃၁)ထပ်မှ ခုန်ချရန် ကြံစည်ခဲ့သည့် စိတ်ဝေဒနာရှင် အမျိုးသားကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာလ ၂၄ ရက်)၊ ည ၆ နာရီအချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း၊ ၃၈x၃၉ လမ်းကြား၊ မဟာအောင်မြေ အနောက်ရပ်ကွက်၊ အကွက်အမှတ်(၅၂၄)မင်းစံရပ်ရှိ Grand Park Hotel အပေါ်ဆုံးထပ်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ သိရသလောက်တော့ အဲဒီ Hotel အပေါ်ဆုံး (၃၁)ထပ်ကနေ ခုန်ချဖို့လုပ်တာ။ အဲဒါနဲ့ မီးသတ်က တာဝန်ရှိသူတွေက အပေါ်တက်ပြီး ကယ်ဆယ်ရေးလုပ်ခဲ့ကြပါ” ဟု မဏီစလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး NP News ကိုပြောသည်။
အဆိုပါခုန်ချရန်ကြံစည်သည့် အမျိုးသားသည် အသက်(၃၀)ဝန်းကျင်အရွယ်ခန့်ဖြစ်ပြီး စိတ်ဝေဒနာရှင်တစ်ဦးဖြစ်ကာ ရေကူးကန်တွင် ရေးကူးရန် အထက်ပါနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
စိတ်ဝေဒနာရှင်အမျိုးသားအား မီးသတ်တပ်ဖွဲ့ဝင်များက (၁)နာရီခွဲခန့် ပြောဆိုစည်းရုံးကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသဖြင့် ဘေးအန္တရာယ်မရှိဘဲ ဘေးကင်းရာသို့ ပို့ဆောင်ကူညီပေးခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နဲ့ တင်းမာမှုအရှိန်ရှိနေချိန်မှာပဲ အီရန်ရေတပ်က စမတ်ဒုံးကျည် အပါအဝင် စစ်လက်နက်ပစ္စည်းအများအပြား လွှဲပြောင်းရယူ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ